ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ် Challenge အနေနဲ့ သားဖြစ်သူ ကင်မ်က ကီလို ၈၀ ပြည့်အောင် ပြေးနေပါတယ်။

ယူကေရောက်မြန်မာတွေကလည်း ဒီ Challenge မှာ ပါဝင်အားဖြည့်ပေးကြပြီး ကင်မ်နဲ့အတူ လိုက်ပါခဲ့ကြပါတယ်။

Suu 80 Birthday Campaign ဟာ လက်ရှိမှာ ဗီဒီယို ရှစ်သောင်းပြည့်ဖို့ နီးကပ်နေပြီဖြစ်ပြီး လာမယ့် ဇွန်လ ၁၉ ရက် ယူကေအချိန် ည ၁၁ နာရီအတိမှာ ဗီဒီယိုလက်ခံခြင်း ရပ်နားမယ်လို့ သိရပါတယ်။

Video – Suu 80 Birthday Campaign

0 Shares:
You May Also Like
Read More

နမခ စစ်ယာဉ်တန်း လုံခြုံရေးယူထားသည့် စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက်ကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း။ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လုံခြုံ ရေးယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။
Read More

ဖာပွန်မြို့နယ် ကူးဆိပ် စစ်ကောင်စီ ခံစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကူးဆိပ် စစ်ကောင်စီခံစစ်တပ်စခန်းကို တောင်ပိုင်းစစ်ဆင်ရေးနယ်မြေ အမှတ် ၂၇ စစ်ဗျူဟာရဲ့ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရုပ်သံမှတ်တမ်းကို အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ မတ်လ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မောင်းပြေးသည့် ကားကို ယာဉ်ထိန်းရဲ တွဲလောင်းခိုဖမ်းဆီးသည့် ဗီဒီယိုဖိုင် လူစိတ်ဝင်စားမှု မြင့်တက် (ရုပ်/သံ)

ရန်ကုန်မြို့ ပါရမီလမ်းမပေါ်မှာ စက်တင်ဘာ ၂၅ ရက် မနေ့ညပိုင်းက ယာဉ်စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ မရပ်ပေးဘဲ မောင်းပြေးတဲ့ ကားကို တွဲလောင်းခိုဖမ်းဆီးခဲ့တဲ့ ယာဉ်ထိန်းရဲတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ကို လူစိတ် ဝင်စားမှု မြင့်တက်နေပါတယ်။ 
Read More

ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်က တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်အရာရှိ အပါအဝင် စစ်အုပ်စုဝင် ၉ ဦး သေဆုံး၊ ၂ ဦး ဖမ်းဆီးရမိ (ရုပ်/သံ)

ရှမ်းပြည်တောင် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အစပ်ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ PNO ပြည်သူ့စစ်များ ပါဝင်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မင်းကွန်းမြို့နယ် ကင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တယ်လို့ ရတနာပုံတပ်ဦးမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံ၊ တလုပ်မြို့ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်အား စစ်ကြောင်း ၃ ကြောင်းနှင့် ဝင်ရောက်တိုက်ခိုက်၊ စစ်သား အများအပြား သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ တပ်စွဲအထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်ကို စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ CDSOM က သတင်းထုတ်ပြန်ထားပါတယ်။