အစ္စရေးစစ်တပ်ရဲ့ မနေ့ညက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်စစ်တပ်ရဲ့ အကြီးဆုံးရာထူးဖြစ်တဲ့ စစ်တွင်းကာလ စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

အီရန်မြို့တော် တဟီရန်ကို မနေ့ညက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်စစ်တပ်ရဲ့ စစ်ပွဲကာလအတွင်း ယာယီစစ်ဦးစီးချုပ်အဖြစ်ခန်အပ်ထားတဲ့ အလီ ရှက်မန်ဒီ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုတာပါ။

အီရန်စစ်ဦးစီးချုပ် ဂိုလာမာလီ ရာရှ်ဒီ ပြီးခဲ့တဲ့သောကြာက အစ္စရေး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီးတဲ့နောက်၊ အီရန်နိုင်ငံဥသျှောင် အယာတိုလာ အလီခါမေနီက သူ့ရဲ့လူယုံဖြစ်သူ တပ်မှူး အလီ ရှက်မန်ဒီကို လွန်ခဲ့တဲ့ လေးရက်အကြာကမှ စစ်တွင်းကာလ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ကာ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)နဲ့ ပုံမှန် အီရန်စစ်တပ်တို့ကို ညှိကွပ်အဖြစ် တာဝန်ယူစေခဲ့တာဖြစ်ပါတယ်။

အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုထားပြီး အစ္စရေးရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် အီရန်နိုင်ငံရဲ့ အကြီးဆုံး ယူရေနီယံ သန့်စင်ရေး စက်ရုံ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အကြီးအကဲက ထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူ့ရဲ့ Truth လူမှုကွန်ရက်ပေါ်ကနေ ဇွန်လ ၁၆ ရက်ညပိုင်းမှာ “တီဟီရန်မှာ နေထိုင်သူတိုင်း ချက်ချင်းရွှေ့ပြောင်းဖို့ လိုတယ်” လို့ သတိပေးတိုက်တွန်းထားသလို အစ္စရေးကလည်း တဟီရန်မြို့ အရှေ့ မြောက်ပိုင်း နေရာတွေက ပြည်သူတွေ ရွှေ့ပြောင်းဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်တွေကို သည်းမခံဘူး၊ ပါတဲ့လူအကုန် တရားစွဲမယ်လို့ ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် အနုထင်ဟာ ကျားဖြန့်နှိမ်နင်းရေးကို အမျိုးသားအစီအစဉ်တတရပ်အနေနဲ့ ကြေညာလိုက်ပြီး ဒီလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ အရာရှိတွေ၊ နိုင်ငံရေးသမားတွေအားလုံးကို တရားစွဲမယ်လို့ နိုဝင်ဘာလ ၁၀ ရက်မှာ ကြေညာလိုက်ပါတယ်။
Read More

အီရန်စစ်ဦးစီးချုပ်သစ် ထပ်မံလုပ်ကြံခံရမှုနှင့်အတူ အစ္စရေး-အီရန် ပဋိပက္ခ ပိုမိုပြင်းထန်လာ၊ အပစ်အခတ်ရပ်ရုံမဟုတ်ဘဲ ပဋိပက္ခကို တကယ်အဆုံးသတ်ရမည်ဟု ထရမ့် ပြော

စစ်ရေးစစ်ရာ အပြိုင်အဆိုင်ပြင်းထန်နေကြတဲ့ အစ္စရေးနဲ့ အီရန်တို့အကြားက ပဋိပက္ခဟာ အရှိန်မြင့်တက်လာရာကနေ ပဉ္စမမြောက်နေ့မှာတော့ တိုက်ခိုက်မှုအသစ်တဖန် ထပ်မံဖြစ်ပွားခဲ့ပါတယ်။ 
Read More

မြန်မာ့ငလျင်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ကနေဒါ ထောက်ပံ့မယ်

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ခံနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉.၇၅ သန်း ပေးအပ်သွားမယ်လို့ ကနေဒါအစိုးရက ထုတ်ပြန်ပါတယ်။
Read More

ဒူတာတေးကို ICC အကြိုတရားခွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်…

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

မြန်မာစစ်တပ်၏ KK Park စီးနင်းမှု အတုအယောင်သာ ဖြစ်၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် ဒေသတွင်းမတည်ငြိမ်မှု၏ ရေသောက်မြစ် မြန်မာစစ်အုပ်စုကို နိုင်ငံတကာနှင့် အာဆီယံ မဖြစ်မနေ အရေးယူရန် JFM တိုက်တွန်း

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာစစ်တပ်အနေနဲ့ KK Park ကို ဝင်ရောက်စီးနင်းမှုဟာ အတုအယောင်သာဖြစ်ပြီး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ ဒေသတွင်းမတည်ငြိမ်မှုရဲ့ ရေသောက်မြစ်ဖြစ်တဲ့ မြန်မာစစ်အုပ်စုကို နိုင်ငံတကာနဲ့ အာဆီယံက မဖြစ်မနေ အရေးယူဖို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြောင်းဖို့ အာဏာသိမ်းစစ်တပ်က ထိုင်းကိုပြော

မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကို ထိုင်းကုန်စည်တွေ တင်သွင်းမှု တင်းကျပ်ထားတဲ့ အာဏာသိမ်းစစ်တပ်က ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ၎င်းတို့ကုန်စည်တွေကို ရနောင်းနဲ့ မယ်ဆိုင်နယ်စပ်ဂိတ်တွေကနေ တင်သွင်းဖို့ ပြောဆိုလိုက်ပါတယ်။