လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်ခဲ့တဲ့ လူသိများတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ဓာတ်ပုံဆရာတစ်ယောက်လည်းဖြစ်တဲ့ မောက်ခမ်းဝါ (ခေါ်) မင်းသူကျော်ကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တရားဥပဒေတွေနဲ့ စံနမူနာပြု အရေးယူပေးဖို့ ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်တောင်းဆိုထားပါတယ်။

ဒါ့အပြင် မောက်ခမ်းဝါ ကျူးလွန်ထားတဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေအပြင် တော်လှန်ရေးကာလအတွင်း ငွေကြေးအလွဲသုံးစားလုပ်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လေ့လာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

IEC ကတော့ မောက်ခမ်းဝါ ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဖို့အတွက် အရင်ဆုံး အမှုဖွင့်တိုင်ကြားပေးဖို့ လိုအပ်ကြောင်း ပြောဆိုထားပါတယ်။

“အသေးစိတ်သိနိုင်ဖို့ နစ်နာသူ ကာယကံရှင်ကို ဆက်သွယ်နေတုန်း ရှိပါသေးတယ်ဗျ။ သူ့ကို အရေးယူပေးဖို့ တိုင်ကြားလာသူတွေလည်း မရှိသေးပါဘူး” လို့ IEC ရဲ့ အတွင်းရေးမှူးဖြစ်သူ ခူးပလူးရယ်က မောင်းကို ပြောပါတယ်။

မောက်ခမ်းဝါ (ခေါ်) မင်းသူကျော်


မောက်ခမ်းဝါကတော့ “ကျွန်တော့်ဘဝမှာ အလုပ်တွေ အများကြီးလုပ်ခဲ့ပါတယ်။ လူတွေအများကြီးအတွက်လည်း အလုပ်တွေလုပ်ခဲ့သလို အမှားတွေလည်း အများကြီးပါပဲ။ အခုလို မှားယွင်းတဲ့အမှုအတွက်လည်း အားလုံးကို ဝန်ချတောင်းပန်ပါတယ်။ ကိုယ့်အမှားကိုယ်လည်း လက်ခံပါတယ်။ မည်သူမဆို ကြိုက်နှစ်သက်တဲ့ပြစ်ဒဏ်ကို ပေးနိုင်ပါတယ်။ ပြစ်ဒဏ်အားလုံးကို ရဲရဲကြီးပဲ ရင်ဆိုင်ပါ့မယ်။ ဘယ်ကိုမှ မရှောင်ပြေးပါဘူး။ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့လည်း ကြိုးစားရှင်သန်သွားပါ့မယ်” လို့ ဇွန်လ ၁၃ ရက်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာကို တွေ့ရပါတယ်။

ဒီလို ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ မောက်ခမ်းဝါကို လွိုင်ကော် PDF ကနေ ထုတ်ပယ်ကြောင်း ကြေညာထားပြီး တော်လှန်ရေးထုတ်ကုန်ဖြစ်တဲ့ သူပုန်ကော်ဖီနဲ့အတူ Burma Podcast Network (BPI) နဲ့ Artists’ Shelter တို့ကလည်း အသီးသီး လက်တွဲဖြုတ်တယ်လို့ ကြေညာထားပါသေးတယ်။

“တော်လှန်ရေးကာလ နည်းနည်းရှည်ကြာလာတာနဲ့အမျှ ပြည်သူလူထု လူမှုအသိုက်အဝန်းအကြားမှာရော တော်လှန်ရေးတပ်ဖွဲ့ အသိုင်းအဝန်းတွေမှာပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု/အမြတ်ထုတ်မှုတွေ ဖြစ်ပျက်နေတာကို တစတစ တွေ့မြင်ကြားသိလာရတယ်ဗျ။ အဲဒီလို ဖြစ်ပျက်မှုတွေ လူသိရှင်ကြား ပေါက်ကြားလာတာက အနည်းအကျဉ်းသာဖြစ်ပြီး ဖိအား/ခြိမ်းခြောက်မှုတွေကြောင့်ဖြစ်စေ၊ အရှက်တရားနဲ့ ဂုဏ်သိက္ခာကြောင့်ဖြစ်စေ ဖုံးဖိထားပြီး ထုတ်ဖော်ပြောဆိုမှု မလုပ်ရဲကြတာလည်း အ‌မြောက်အမြား ရှိနေနိုင်ပါတယ်။ ဒီလိုကိစ္စရပ်တွေ တိုးပွားလာခြင်းက လူမှုအသိုက်အဝန်းတွေမှာ အကျင့်စာရိတ္တပျက်ပြားမှုတွေနဲ့ လူမှုသဟဇာတဖြစ်မှုကို ခြိမ်းခြောက်နေပါတယ်။ တစ်ဖက်မှာလည်း တော်လှန်ရေးကို အများကြီး အနှောင့်အယှက်ဖြစ်စေပါတယ်။” လို့ IEC ရဲ့ အတွင်းရေးမှူးဖြစ်သူ ခူးပလူးရယ်က မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမှာ ခရီးသွားပြည်သူများကို ရိုက်နှက်ပစ္စည်းလုယက်နေသည့် အဖွဲ့ကို တောင်သာ ပကဖ ဖမ်းဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အနောက်ခြမ်းမှာ ခရီးသွားပြည်သူတွေကို ရိုက်နှက်ပြီး ပစ္စည်းလုယက်နေတဲ့အဖွဲ့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောတိုက်နယ်တွင် ပြည်သူ့စစ်ဖွဲ့ခံရမှုမှ တိမ်းရှောင်လာသည့် နှစ်ရှည်စစ်ရှောင်များ ကူညီထောက်ပံ့မှု လိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ စစ်ကောင်စီတပ်ရဲ့ တပ်သားသစ်ဖြည့်တင်းမှုနဲ့ ပြည်သူ့စစ်ဖွဲ့မှုတွေကနေ ထွက်ပြေးလာတဲ့ စစ်ရှောင် အရပ်သားတွေအတွက် အကူအညီ​ အထောက်အပံ့တွေလိုအပ်နေကြောင်း ကျောတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ခင်ဦးမြို့ပေါ် တိုက်ပွဲမှာ ရဲဘော် နွေဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေမှု့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

နေပြည်တော် ပကဖ ရဲဘော်များကို နေပြည်တော် တိုင်းစစ်ဌာန၏ တိုင်းဦးဆောင်အဖွဲ့ သွားရောက်တွေ့ဆုံ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့က ဒဏ်ရာရရဲဘော်တွေနဲ့ နောက်တန်းကို ပြန်နားတဲ့ ရဲဘော်တွေကို တိုင်းဦးဆောင်အဖွဲ့က သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့တယ်လို့ နေပြည်တော် ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်နဲ့ ဆန်ဖရန်စစ္စကိုက လူထုလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် “ငါတို့နိုင်မှ လွတ်မယ့်သူတွေအတွက် သံတိုင်အုတ်ရိုးကို လှုပ်နှိုးကြ” ခေါင်းစဉ်ဖြင့်  အမေရိကန်ရောက်မြန်မာပြည်သူတွေက  စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

တောင်ကုတ်က အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA သိမ်းပိုက်၊ စစ်တပ်က အရာရှိတွေအပါ တပ်ဖွဲ့ဝင်အများအပြား အလံဖြူထောင် လက်နက်ချ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နဲ့ ကပ်လျက်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရာ စစ်တပ်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင်အများအပြား အလံဖြူထောင် လက်နက်ချခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။