ရန်ကုန်တိုင်းအတွင်းက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားရာ မြို့နယ်နဲ့ ဆက်စပ်မြို့နယ်တွေမှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲခံရမှု အခြေအနေ ပိုမိုဆိုးရွားလာပြီး စစ်အုပ်စုလက်ပါးစေ ပျူစောထီးတွေက ဦးဆောင်လုပ်ကိုင်နေတယ်လို့ Rangoon Scout Network တာဝန်ရှိသူ မောင်းကို ပြောပါတယ်။

စစ်အုပ်ချုပ်ရေး မာရှယ်လောထုတ်ပြန်ထားရာ မြို့နယ်တွေနဲ့ ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ဒဂုံ (၄) မြို့နယ် အပါအဝင် မြောက်ဥက္ကလာပ၊ တာမွေ၊ မရမ်းကုန်း၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ စစ်မှုထမ်းစုဆောင်းရေးအဖွဲ့တွေက နည်းလမ်းမျိုးစုံနဲ့ တပ်သားသစ်စုဆောင်းမှုတွေကို ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။

“မာရှယ်လော ကြေညာခံခဲ့ရတဲ့ မြို့နယ်တွေနဲ့ ထိစပ်မြို့နယ်တွေမှာ လိုက်ဆွဲတာ ပိုများပါတယ်။ အဲ့ဘက်တွေနဲ့ယှဉ်ရင် ရန်ကုန်မြို့အတွင်းပိုင်းဘက်တွေမှာ အတော်နည်းတယ်ပြောရမယ်။ ပုံမှန်နေ့တွေဆိုရင်တော့ စစ်မှုထမ်းစာရင်းအတိုင်းပဲ လူလိုက်ရှာပြီး ဖမ်းပါတယ်။ ဧည့်စာရင်းစစ်တာကနေ ဆွဲတာမျိုးပေါ့။ လူပို့ရမယ့်နေ့နီးပြီဆိုရင်တော့ အဖမ်းအဆီး ပိုများတတ်ပါတယ်ဗျ။ အဲ့လိုနေ့တွေကျ လမ်းမတွေပေါ်အထိ ပေါ်တာလိုက်ဆွဲတာ၊ နောက်ပြီး လမ်းဘေးမှာ နေတဲ့သူတွေကအစ ဆွဲတော့တာပါ။ မူးယစ်းဆေးသမားတွေကိုလည်း ဆွဲပါတယ်။” လို့ Rangoon Scout Network တာဝန်ရှိသူ မောင်းကိုပြောပါတယ်။

စစ်မှုထမ်းစုဆောင်းရာမှာလည်း အလုပ်သွားအလုပ်ပြန် အချိန်တွေစောင့်ကြို ဖမ်းဆီးတာ၊ အိမ်တိုင်ရာ ရောက် နာမည်စာရင်းနဲ့ လာရောက်ခေါ်ဆောင်တာတွေအပြင် အလုပ်လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်ရုံ အာဏာပိုင်တွေကနေတဆင့် ဖိအားပေးခြိမ်းခြောက်တာမျိုးတွေ လုပ်ဆောင်နေတာလို့လည်း သိရပါတယ်။

ဒီလိုမျိုးရပ်ကွက်တွေအတွင်းက လူငယ်တွေရဲ့စာရင်းကို စစ်ကောင်စီထံ ပို့ဆောင်ပေးတာ၊ စစ်ကောက်စီတပ်ဖွဲ့ဝင်တွေ ရပ်ကွက်အာဏာပိုင်တွေနဲ့အတူ အိမ်တိုင်ရာရောက် ခြိမ်းခြောက်ခေါ်ဆိုတာမျိုးကို စစ်တပ်ထောက်ခံတဲ့ ရပ်ကွက်နေ ပြည်သူ့စစ်အဖွဲ့ဝင်တွေက လုပ်ဆောင်တာလို့လည်း ဆိုကြပါတယ်။

“ကျန်နေတဲ့ လူငယ်တွေအများစုကလည်း စားဝတ်နေရေး အခြေအနေကြောင့် အန္တရာယ်များလည်း နေနေကြရတာပါ။ ဒါမျိုးများတယ်။ တချို့လည်း ရှောင်ပြီးမှ ကြပ်တည်းလို့ ပြန်လာတယ်။ အလုပ်ပြန်လုပ်တယ်။ ဒီလိုမျိုးကနေ ပြန်ပါသွားကြတာလည်း များတယ်ဗျ။ ဆင်ခြေဖုံးမြို့နယ်တွေမှာ ပျူတွေ အားကောင်းပါတယ်ဗျ။ သူတို့ပဲ အဓိက လှုပ်ရှားနေကြတာပါ။” လို့ Rangoon Scout Network တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာလည်း အကြမ်းဖက်စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်အသီးသီးမှာ စစ်မှုထမ်းအပတ်စဥ် (၁၄) စတင်နေပြီဖြစ်ကြောင်း သတင်းဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းက လှည်းကူးမြို့နယ်၊ ဖောင်ကြီး စတခ ၁ နဲ့ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူ တတက ၁ တို့မှာ လူအင်အား ၂၀၀ ကျော် ၃၀၀ နီးပါးနဲ့ စစ်သင်တန်းပေးနေပြီလို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။

 

0 Shares:
You May Also Like
Read More

အဓမ္မပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး လက်ပစ်ဗုံးနှင့် ကျည်များ ယူဆောင်ကာ အလင်းဝင်

မန္တလေးတိုင်း တောင်သာမြို့ဂိတ်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားတစ်ယောက် လက်ပစ်ဗုံးနဲ့ လက်နက်ကျည်တွေ ယူဆောင် အလင်းဝင်ရောက်လာတယ်လို့ တောင်သာမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ကျုံဒိုးမြို့ပေါ်မှ စစ်အုပ်စု ဖမ်းခေါ်သွားသည့် အမျိုးသားတစ်ဦး သေဆုံးပြီဟု သတင်းထွက်ပေါ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ပေါ်က အမျိုးသားတစ်ယောက်ကို စစ်ကောင်စီတပ်က  မတ်လ ၂၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆိုပါ အမျိုးသား သေဆုံးသွားကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ရှေ့တန်းတွင် ကျဆုံး

မကွေးတိုင်းအနောက်ခြမ်းရှိ အရှိုချင်းဒေသက အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တပ်ဖွဲ့ဝင် ရဲဘော် ၂ ယောက် ရှေ့တန်းတစ်နေရာမှာ ကျဆုံးသွားတယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်ပြောက်ကျားအဖွဲ့ YUPA ရဲဘော် ၂ ဦး အကြမ်းဖက်စစ်တပ်ထံ ဖမ်းဆီးခံထားရ

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) တပ်ဖွဲ့ဝင် ရဲဘော် ၂ယောက် အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမှာ စစ်ဘေးရှောင် နှစ်သောင်းကျော်အထိတိုးမြှင့်လာ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ နှစ်သောင်းကျော်လောက်စစ်ဘေးရှောင်နေရ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ BNRA ၊ GZ နဲ့ YSO တော်လှန်ရေးအဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက် မနက်မှာ ပုလဲမြို့ကို စတင်ဝင်ရောက်တိုက်ခိုက်မှုကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ရပြီး ဒေသခံအများစုက ရုတ်တရက်မြို့ပေါ်ကနေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရခြင်းဖြစ်ပါတယ်။