မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ စစ်အုပ်စုကို အချိန်မရွေး ဝင်ရောက်တိုက်ခိုက်တာတွေ ရှိလာနိုင်တာကြောင့် အရပ်သားကားတွေ မှန်ချမောင်းနှင်တာမျိုးနဲ့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း နောက်ပြန်ဆုတ်ပေးကြဖို့ တိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။

ငါးဇွန်မြို့နယ်၊ မြို့သာတိုက်နယ်အတွင်းက မြို့သာ-မန္တလေးလမ်းပိုင်း နဲ့ မြို့သာ-ငါန်းဇွန်လမ်းပိုင်းကို အသုံးပြုသူတွေအနေနဲ့ အထက်ပါအချက်တွေ လိုက်နာပေးရမယ်လို့လည်း ဆိုပါတယ်။

“စကစကို ကျနော်တို့ အလစ်စောင့်နေတာဖြစ်တဲ့အတွက် အချိန်မရွေး တိုက်ခိုက်မှုဖြစ်နိုင်တယ်။ အဲဒါကြောင့် သတိပေးစာ ကြေညာလိုက်တာပါ။ ဒီစည်းကမ်းတွေကို မလိုက်နာလို့ ဘေးထွက်ဆိုးကျိုးဖြစ်ရင် တာဝန်မယူပါဘူး” လို့ တိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ဇွန်လ ၁၆ရက် မနေ့က မနက်ပိုင်းမှာလည်း မြို့သာရဲစခန်းကနေ ထွက်လာတဲ့ အင်အား ၂၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နဂါးနီပြောက်ကျား-မြင်းခြံ တပ်ဖွဲ့ဝင်တွေက မြို့သာ- ဂွေးကုန်းအထွက် လမ်းပိုင်းကနေ အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အထက်ပါ မြို့သာလမ်းပိုင်း၊ မြို့သာဆေးရုံနားမှာ ဂိတ်ချတပ်စွဲရင်း ခရီးသွားကားတွေဆီက ဆက်ကြေးကောက် ငွေညှစ်တာတွေလုပ်ဆောင်နေတာကြောင့် အခုလိုတိုက်ခိုက်ခဲ့ရတာ ဖြစ်တယ်လို့လည်း တိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၃ယောက် နေရာတင် ခြေပြတ်လက်ပြတ်နဲ့ သေဆုံးသွားခဲ့ပြီး အပြင်းအထန်ထိခိုက်ထားသူတွေကိုလည်း မြို့သာဆေးရုံကတဆင့် မန္တလေးအထိ ကားတွေနဲ့ လွှဲပြောင်းပို့ဆောင်ထားရကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန္ဒပြသည့် ချောင်းဦးဆီမီးသပိတ် လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်များ အပါ ပြည်သူ ၁၉ ဦး သေဆုံး၊ ၄၀ ဦး ပြင်းထန်ဒဏ်ရာရဟု NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာရှိတဲ့ မူလတန်းကျောင်းကို အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၉ ယောက် သေဆုံးခဲ့ပြီး အယောက် ၄၀ ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်နှင့် ရေဖြူမြို့နယ်တွင် စစ်အုပ်စုများကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေပြီး အများအပြား ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်တို့မှာ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒူရကစစ်ကြောင်းက‌ သတင်းထုတ်ပြန်ပါတယ်။
Read More

ဆင်ပေါင်ဝဲမှာ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ ၆ ဦးထက်မနည်း သေပြီး ၁၀ ဦးကျော် ဒဏ်ရာရ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို  မိုင်းဆွဲတိုက်ခိုက်ရာ ၆ ယောက်ထက်မနည်း သေပြီး ၁၀ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီနဲ့ မြိတ်အစပ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ရာ ၅ယောက်သေ

တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ် အစပ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးကို ဝင်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို ကန့်ဘလူနယ်ထဲက အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေ နယ်မြေချဲ့ စစ်ကြောင်းထိုးလာတာဟာ ၅ရက်နီးပါးရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

တောင်ငူ (ကေတုမတီ) လေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ ၁ရက်အတွင်း ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကောင်စီရဲ့ တောင်ငူလေတပ် (ကေတုမတီလေတပ်) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တစ်ရက်အတွင်း ၂ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့ထံက သိရပါတယ်။