ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ  ၂ရက်ဆက်ဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိသလို စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၆ရက် မနေ့က မနက် ၁၁နာရီခွဲအချိန်လောက်မှာ မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စု၊ ဆင်အိုင်ချောင်းပေါက်ရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တာကလေးရွာ ဘုန်းကြီးကျောင်းကနေ လက်နက်ကြီးပစ်ကူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာပဲ မင်းလှမြို့နယ်အပိုင် ရန်ကုန်-ပြည်လမ်းပိုင်းက စစ်ကွင်းတာဆုံရဲကင်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီလို နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ရန်ကုန်-ပြည်အဝေးပြေးလမ်းပေါ် ကားလမ်းတွေ သွားမရအောင် ပိတ်ဆို့သွားခဲ့သလို ပြည်မြို့ဘက်ကနေ မောင်းနှင်လာတဲ့ အိမ်စီးကား၁စီးကိုလည်း လက်နက်ကျည်ထိမှန်ကာ အရပ်သား၃ယောက် နေရာမှာတင် သေဆုံးခဲ့ပါသေးတယ်။

တိုက်ပွဲကြောင့် ရန်ကုန်-ပြည် လမ်းပေါ်တွင် ခရီးသွားကားများ ပိတ်ဆို့နေစဉ်

“သူတို့က ပေါင်းတည်မှာ မဂ်လာဆောင်သွား ပြန်လာကြတာလို့သိရတယ်။ တိုက်ပွဲနေရာကို မရပ်ဘဲ  စွတ်ဝင်သွားတာ” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

ဇွန်လ ၁၇ရက် ဒီနေ့မှာလည်း စစ်ကောင်စီက ပြည်မြို့ကနေ အင်အား ၁၀၀နီးပါး ထပ်မံဖြည့်တင်းထားပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“တိုက်ပွဲက ၂ရက်ဖြစ်တာ မနေ့ကပိုကြမ်းတယ်။ ဒီနေ့က သိပ်တော့မဖြစ်ဘူး။ ကားအသွားအလာလည်း နည်းသွားတယ်။ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်။ စစ်တပ်ဘက် G1သေတာပဲ အတည်ပြုလို့ရသေးတယ်။ ကျန်တာတော့ အတည်မပြုနိုင်သေးဘူး။” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် ဒီနေ့မနက် ၂နာရီအချိန်ကလည်း မင်းလှမြို့နယ်၊ တာကလေးရွာ ဘုန်းကြီးကျောင်းဝန်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေက လက်နက်ကြီးတွေပစ်ခတ်ခဲ့လို့ ဂန့်ဂေါ်ပင်အုပ်စု၊ ဖားလေးကွင်းမြောက်စုရွာအတွင်း  နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ၈၀ ကျော်အရွယ် အငြိမ်းစားကျောင်းဆရာမကြီး ၁ယောက် ခြေထောက်ပြတ်ဒဏ်ရာနဲ့အတူ သေဆုံးခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် မွေးစားသမီးဖြစ်သူလည်း လက်ပြတ်ဒဏ်ရာရရှိသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကိုကျင်းပနိုင်အောင် လုံခြုံရေးကို အထူးဂရုစိုက်ဖို့ မင်းအောင်လှိုင်က မှာကြား

အခုနှစ် ဒီဇင်ဘာလထဲမှာ နိုင်ငံတစ်ဝန်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

တနင်္သာရီမြို့နယ်ဘက် လူအင်အားဖြည့်ရန် ထွက်လာသည့် စစ်အုပ်စု တိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

တနင်္သာရီမြို့နယ်ဘက်ကို စစ်အင်အားဖြည့်တင်းဖို့အတွက် မြိတ်မြို့ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်းရှိ ပကဖများ ပူးပေါင်းပြီ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာရှိတဲ့ ရေစကြို၊ ပေါက်၊ မြိုင်မြို့နယ်တို့က မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်လာပါတယ်။
Read More

ရှေ့တန်းမှာ တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ မိုးကုတ်မြို့နယ် ပကဖ ရဲဘော်များ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်အခြေစိုက် မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရေးမြို့နယ်တွင် စစ်တပ်နှင့် MSRF တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဘက်မှ ၂၉ ဦး သေပြီး တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MSRF က သတင်းထုတ်ပြန်လာပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်းက သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်း အောက်တိုဘာ ၁၇ ရက် မနေ့ညပိုင်းက ပြုလုပ်ခဲ့တဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲမြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။