ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် ပွဲချင်းပြီး သေဆုံးပြီး (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း ဇွန်လ (၁၁) ရက်နဲ့ (၁၄) ရက်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ−၂၆၄ တပ်ရင်းကနေ ဘုရားငုတ်တို ကျေးရွာအရှေ့ပိုင်းကို ၁၂၀ မမ လက်နက်ကြီး (၄) လုံး ပစ်ခတ်ခဲ့ရာ နွားရေချောင်းကျေးရွာက (၃၅)နှစ်အရွယ် အမျိုးသား ပွဲချင်းပြီး သေဆုံးခဲ့ပြီး (၆၅) နှစ်အရွယ် အမျိုးသမီး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မူးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်က စစ်ကောင်စီတပ်ရဲ့ ခမရ-၄၃၉ က မြပုဂိုးကျေးရွာကို ၁၂၀ မမ လက်နက်ကြီး (၄) လုံးပစ်ခတ်ခဲ့ပါသေးတယ်။

ဇွန်လ (၈)ရက်ကလည်း ခမရ-၄၃၉ က အင်းရွာလေးကျေးရွာကို ၁၂၀ မမ လက်နက်ကြီး (၁)လုံး၊ ဥသျှစ်ခင်ကျေးရွာနဲ့ အုန်းပင်စုကျေးရွာကြား ဟောင်ဝစ်ဇာလက်နက်ကြီး (၃)လုံး၊ ကုန်းချောင်းဝက စစ်ကောင်စီတပ်က အုန်းပင်စုကျေးရွာနဲ့ ငနွားဆိပ်ကျေးရွာကြားကို လက်နက်ကြီး (၈) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့မှာပဲ ရင်းတိုက်ကုန်း ကျေးရွာဘုန်းကြီးကျောင်းကို လက်နက်ကြီး (၃) လုံး၊ နတ်သံကွင်းရှိ စစ်ကောင်စီတပ်က အုန်းပင်စုကျေးရွာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီး (၃) လုံးအပြင် ဒရုန်းနဲ့လည်း အုန်းပင်စု ကျေးရွာ၊ ငနွားဆိပ်ကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာနှင့် အညာစုကျေးရွာကို လက်နက်ကြီး စုစုပေါင်း (၃၂) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဇွန်လ(၉) ရက်နေ့ကလည်း နတ်သံကွင်းရှိ စစ်ကောင်စီ တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ရေလဲဗမာကျေးရွာအတွင်း (၂) လုံး၊ ရေလဲကရင်ကျေးရွာကို (၁) လုံး ပစ်ခတ်ခဲ့ရာ ရေလဲကရင်ကျေးရွာက (၂၄) နှစ်အရွယ် အမျိုးသား လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

မင်းတပ်မြို့နယ်တွင် ၄ နှစ်ကျော်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူ (၄၀) ဦး သေဆုံးခဲ့ပြီး (၁၂၀) ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ၂၀၂၁ ခုနှစ်ကစလို့ ဒီနေ့အချိန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အယောက် (၄၀) သေဆုံးခဲ့ပြီး အယောက် (၁၂၀) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လူနာလာခေါ်တဲ့ ပရဟိတကားကို စစ်တပ်က ရွာထဲအဝင်မခံတာကြောင့် မိုင်းထိသူ ‌သွေးထွက်လွန်ပြီး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာက အမျိုးသားတစ်ယောက်ဟာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်ထိကာ သွေးထွက်လွန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

CDF-Asho ၏ အခြေခံစစ်ပညာသင်တန်းအတွင်း သင်တန်းသား ရဲဘော် ၁ ဦး ကျဆုံး

ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) ရဲ့ အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသားရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်မှာ ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှု ယမ်းဂိုဒေါင်ပေါက်ကွဲမှု သို့မဟုတ် စစ်ကောင်စီတပ် ဒရုန်းနှင့် ပစ်ခတ်သည့် ပုံစံ ဖြစ်နိုင်ဟု ဆို… ပေါက်ကွဲမှုကြောင့် နေအိမ် ၂ လုံးမှ မိသားစုဝင် ၉ ဦးသေဆုံး၊ နေအိမ် ၁၀ လုံးပျက်စီး…

“ပထမတော့ ပေါက်ကွဲသံ သေးသေးလေး ကြားရတယ်။ ဒရုန်း နဲ့ ပစ်သလိုမျိုး ၊ လက်နက်ကြီးတစ်လုံးကျပြီးမှယမ်းဂိုဒေါင်ပေါက်ကွဲတဲ့ ပုံစံမျိုး၊ ဘယ်သူမှတော့ အတည်ပြုလို့မရဘူး ၊ ပေါက်ကွဲမှုကြောင့်အလင်းရောင်မြင်လိုက်ရတယ်ဆိုတော့ ဒရုန်း နဲ့ချတယ်လို့လည်းပြောကြတယ်။ တကယ်လို့ ဖားကန့်ဗျူဟာကုန်းကနေ ပစ်တယ်ဆိုလည်း ​ဗျူဟာကုန်းကနေ အသံကြားပြီးမှ ကျတဲ့အသံကြားမှာလေ၊ အဲသလိုလည်းမဟုတ်ဘူး”လို့ ဖားကန့်မြို့ခံတစ်ဦးက မောင်း ကိုပြောပါတယ်။
Read More

တန့်ဆည်မှာ စစ်တပ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံအနှံ့ ဗုံးကြဲနေသည့် စစ်ကောင်စီ အပစ်ရပ် ၁ လ သက်တမ်းတိုးကြောင်း ဟန်ပြထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။