အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ချက်ချင်း အပစ်အခတ်ရပ်စဲဖို့အတွက် အိုမန်၊ ကာတာနဲ့ ဆော်ဒီအာရေးဗီယားတို့ ဖိအားပေးဖို့ အီရန်နိုင်ငံက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်အနေနဲ့ အီရန်နိုင်ငံကလည်း နျူကလီးယား စေ့စပ်ညှိနှိုင်းမှုအတွက် လိုက်လျောညီထွေရှိမှုကို ပြသမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

အစ္စရေးရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် အီရန်နိုင်ငံရဲ့ အကြီးဆုံး ယူရေနီယံ သန့်စင်ရေး စက်ရုံ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေး အကြီးအကဲက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဇွန်လ ၁၆ ရက် မနေ့က အီရန်နိုင်ငံမြို့တော် တီဟီရန်မှာ နိုင်ငံပိုင်သတင်းဌာနက Live လွှင့်နေချိန် အဆောက်အဦးကို ဒုံးကျည်ထိမှန်ပြီး သတင်း‌ကြေညာနေတဲ့ အမျိုးသမီးဟာ စတူဒီယိုထဲကနေ ထွက်ပြေးခဲ့ရသလို သတင်းဌာနက ဝန်ထမ်းအများအပြားလည်း သေဆုံးခဲ့တယ်လို့ အီရန်အစ္စလာမ်သတင်းဌာနနက်ဝပ်က ဆိုပါတယ်။

အစ္စရေးစစ်တပ်ကတော့ အဆိုပါ အဆောက်အအုံဟာ အီရန်လက်နက်ကိုင် တပ်ဖွဲ့တွေ အသုံးပြုတဲ့ ဆက်သွယ်ရေးစင်တာတစ်ခုလည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူ့ရဲ့ Truth လူမှုကွန်ရက်ပေါ်ကနေ ဇွန်လ ၁၆ ရက်ညပိုင်းမှာ “တီဟီရန်မှာ နေထိုင်သူတိုင်း ချက်ချင်းရွှေ့ပြောင်းဖို့ လိုတယ်” လို့ သတိပေးတိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကိစ္စ အပြည်ပြည်ဆိုင်ရာတရားရုံးက ဇန်နဝါရီလမှာကြားနာမည်

ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားထားတဲ့အမှုကို ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာစစ်ဆေးသွားမယ်လို့ ဒီဇင်ဘာလ ၁၉ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတရားစွဲဆိုမှုဟာ ဆယ်စုနှစ်တခုကျော်အတွင်း ICJ က စံနှုန်းပိုင်းဆိုင်ရာ ပထမဆုံးအကြိမ် ကြားနာမဲ့ လူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်တာကြောင့် ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးအပေါ် တောင်အာဖရိကက တရားစွဲဆိုထားတဲ့ အမှုအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တဲ့ စံနမူနာတွေ ဖြစ်လာဖွယ်ရှိပါတယ်။
Read More

ဖူးခက်မြေပြိုမှုအတွင်း ရုပ်အလောင်း ၁၂ ခုထက်မနည်း ပြန်လည်တွေ့ရှိ၊ အများစုမှာ မြန်မာနိုင်ငံသားများဖြစ်

ရက်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဖူးခက် (Phuket) ခရိုင်အတွင်း ရွာကိုးရွာမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၂၄ ရက်နေ့အထိ ရုပ်အလောင်း ၁၂ ခုထက်မနည်း ရှာဖွေတွေ့ရှိထားတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 
Read More

အိန္ဒိယက ရာနှင့်ချီသည့် ရိုဟင်ဂျာဒုက္ခသည်များကို နှင်ထုတ်ကြောင်း HRW ထုတ်ပြန်

အိန္ဒိယအာဏာပိုင်တွေဟာ ရိုဟင်ဂျာဒုက္ခသည် ရာနဲ့ချီကို ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံဆီ အတင်းအကျပ် နှင်ထုတ်နေပြီး ဥပဒေရေးရာ အကာအကွယ်တွေ မပေးဘူးလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဩဂုတ်လ ၂၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာ့အရေး ကမ္ဘာက အာရုံစိုက်စေဖို့ မြန်မာဝတ်စုံဖြင့် မာရသွန်ပြေးကာ ဂင်းနစ်စံချိန်တင်ခဲ့သူ

သြစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Sydney Marathon 2025 ပြိုင်ပွဲမှာ ဒေါက်တာ မြင့်မိုရ်ဦးက မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပန်းဝင်တဲ့အထိ ပါဝင်ကာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

“U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲမှာ NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦ်းမိုးဇော်ဦး တက်ရောက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ရှိ George Washington University ရဲ့ Elliott School of International Affairs က ကြီးမှူးပြုလုပ်တဲ့ “U.S.- Burma Relations Through the Lens of Resistace and Resilience” ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဒုတိယဝန်ကြီး ဦ်းမိုးဇော်ဦးက တက်ရောက်ဆွေးနွေးခဲ့ပြီး မေးခွန်းတွေကို ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။