စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်ပင်ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ ၁၅ ရက် နေ့လယ်ပိုင်းက ရွှေဘိုမြို့နယ် အနောက်ဘက်ရှိ တည်ပင်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီရဲ့ ၄၂ တပ်ရင်းကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးကျည်ဟာ တည်ပင်ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် (၁၆) နှစ်အရွယ် လူငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာကတော့ မစိုးရိမ်ရကြောင်း သိရပါတယ်။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ရှေ့တန်းစစ်မြေပြင်တွင် အကြမ်းဖက်စစ်တပ် ဒရုန်းအား စနိုက်ဘာဖြင့် ပစ်ချနိုင်ခဲ့သည့် မှတ်တမ်းရုပ်သံ

ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး အသေခံဒရုန်း တွေနဲ့ တိုက်ခိုက်နေတဲ့ ကြားကနေ ဒရုန်းကို စနိုက်ဘာနဲ့ ပစ်ချနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို  SSNDF/ KNDF B-101  က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြင်ဦးလွင်ခရိုင်စစ်ဌာန အမှတ် (၅၀၁) တပ်ရင်းတွင် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရန် ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

ပြင်ဦးလွင်ခရိုင်စစ်ဌာန အမှတ် (၅၀၁) တပ်ရင်းမှာ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ဖို့ ရဲဘော်အသစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ပူတင်ကို ဗျာဒိတ်တော်လာ ကြွက်မင်းအဖြစ် သုံးနှုန်းပြီး မင်းအောင်လှိုင်က သူကိုယ်သူ မြန်မာဘုရင်အဖြစ် သုံးနှုန်း (ရုပ်/သံ)

ရုရှားနိုင်ငံ မော်စကိုမြို့မှာ မတ်လ ၄ ရက်က ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံစဉ်အတွင်း ၁၈၃၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ မဟာဘိသက္ကပဏ္ဍိတဘွဲ့ခံ ပါဠိဆရာကြီး ဦးစော ရေးသားတဲ့ ဦးအောင်ဇေယျ အတ္တုပတ္တိစာအုပ်ကို ကိုးကားပြီး ပူတင်ကို ဗျာဒိတ်တော်လာကြွက်မင်းအဖြစ် မင်းအောင်လှိုင်က သုံးနှုန်းခဲ့ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည်ဟု သားဖြစ်သူ ပြော (ရုပ်/သံ)

အသက် (၈၀) ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေဆိုးရွားနေတယ်လို့ သားဖြစ်သူ Kim Aris - Htein Lin က ပြောပါတယ်။
Read More

တရုတ်တွင် စက်ရုပ်က လူကို တိုက်ခိုက်သည့် ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာ

တရုတ်နိုင်ငံမှာ Unitree က ထုတ်လုပ်တဲ့ စက်ရုပ်ဟာ ချွတ်ယွင်းမှုဖြစ်ပြီး coding ရေးနေတဲ့ လူတစ်ယောက်ကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ချောင်းဦးမြို့နယ် ကျီကုန်းရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံကို 5/ Commando Force က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာ ၂ရက်က ကျီးကုန်းကျေးရွာအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒေသခံ ပြည်သူ ၃ ယောက်ကို သတ်ခဲ့ပြီး ဒီဇင်ဘာ ၈ရက်မှာလည်း ကျီကုန်းကျေးရွာရှိ ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၂ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။