မွန်ပြည်နယ်အတွင်း ဖက်ဒရယ်ဖော်ဆောင်ရေး လုပ်ငန်းတွေ တင်ပြဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ တတိယအကြိမ်ညီလာခံကို ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ညီလာခံမှာ MSFC ရဲ့ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်က ၁၀ မြို့နယ်ကို အခြေပြုပြီး ရည်ရွယ်ချက်တူ ဘဝတူ တော်လှန်ရေးအင်အားစုတွေ စုစည်းကာ ထိရောက်တဲ့ မွန်ပြည်ဖက်ဒရယ်ယူနစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးကာလ မွန်ပြည်ချာတာတစ်ရပ် ရေးဆွဲသွားဖို့ ညီလာခံမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

MSFC အနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ (EROs) ၊ တိုင်းရင်းသားဖက်ဒရယ်ယူနစ်တွေ (Federal Units) နဲ့ တခြားသော ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကို ဦးတည်တဲ့ Bottom-Up Federalism စနစ် အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“ဖက်ဒရယ်ကောင်စီအနေနဲ့ မွန်ပြည်နယ်အတွင်းမှာရှိကြတဲ့ တခြားသော တိုင်းရင်းသားတွေပေါ့နော်.. ကရင်၊ ပအို့တို့ အပါအဝင် လူနည်းစုတွေအားလုံး MSFC မှာ ပါဝင်ဖို့ တံခါးဖွင့်ထားပါတယ်။ စစ်ရေးမှာလည်း အလားတူပါပဲ။ မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ဖွဲ့ကို တစုတစည်းတည်း ပေါင်းစည်းဖို့ ဆုံးဖြတ်ချက် ချထားတာရှိတယ်။ အဲ့ကနေတဆင့် တခြားသော PDF တွေ တခြားအဖွဲ့အစည်းတွေနဲ့ စစ်ရေးဆိုင်ရာ မဟာမိတ် အနေနဲ့ လှုပ်ရှားသွားဖို့ရှိတယ်” လို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းက ဇွန်လ ၁၅ ရက်နေ့မှာ ပြုလုပ်တဲ့ MSFC ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

MSFC ရဲ့ ရှေ့လုပ်ငန်းစဉ်ထဲမှာ မွန်ပြည်နယ်နဲ့ ဆက်စပ်ဒေသတွေက စစ်ဘေးသင့် အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့ ခရိုင်အဆင့် ပြည်သူ့လုံခြုံရေးနဲ့ ဝန်ဆောင်မှု ကော်မတီတွေ ဖွဲ့စည်းသွားမယ်လို့လည်း သိရပါတယ်။

“တိုက်ပွဲတွေ ဖြစ်လာရင် စစ်ဘေးသင့်ပြည်သူတွေကို အလျင်စလို စောင့်ရှောက်ဖို့ မြေပြင်မှာ ကျမတို့ဌာန ချိတ်ဆက်ထားတဲ့ အဖွဲ့တွေ ရှိပါတယ်။ နောက် MSFC အနေနဲ့ ချမှတ်ထားတာရှိပါတယ်။ စစ်ဘေးသင့်ပြည်သူတွေအနေနဲ့ ဒဏ်ရာတွေရတာ လက်နက်ကြီးဒဏ်ရာ စသဖြင့် ဒဏ်ရာအကြီးအသေးပေါ့နော်. အမြန်ဆုံးကုသနိုင်ဖို့ မြေပြင်ဆေးခန်းကနေသော်လည်းကောင်း၊ တခြားနေရာမှာ သွားကုသမယ်ဆိုလည်း ၅သိန်း၊ ၁၀ သိန်း၊ ၃သိန်း စသဖြင့် ငွေသားအားဖြင့်လည်း ကူညီထောက်ပံ့နေတာတွေ ရှိပါတယ်” လို့ MSFC ကောင်စီဝင် မချယ်ရီစိုးက ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်း ထောက်ပံ့မှုတွေနဲ့ ကလေးငယ်တွေအပါအဝင် အစာရေစာ ပြတ်လပ်နေသူတွေအတွက်လည်း ကူညီပေးမှုတွေကို ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

အဆိုပါ တတိယအကြိမ် မွန်ပြည်ဖက်ဒရယ်ကောင်စီ ညီလာခံမှာ ကောင်စီဝင် နိုင်ကောင်းရွက်၊ မိကွန်းချမ်းနွန်နဲ့ ဒေါက်တာ သီရိမွန်ချမ်းတို့ကို သဘာပတိအဖွဲ့ဝင်တွေအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ကော်မတီ ၃ရပ်ရဲ့ ဥက္ကဌတွေကို ရွေးချယ်ကာ အဆိုပါညီလာခံကနေ ချမှတ်တဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဦးဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ညီလာခံကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီနဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ ခေါင်းဆောင်တွေ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး လူ ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှု ၆ဦး ဒဏ်ရာရကာ အဆောက်အအုံများ ထိခိုက်ပျက်စီး

ငလျင်လှုပ်ခတ်မှုအပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ ၆ယောက် ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ဒီနေ့ ထုတ်ပြန်လာပါတယ်။
Read More

မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ စစ်တပ်အထိုင်စခန်းမှ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်လာ

မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခုကနေ စစ်သား ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Golden Target Force (GTF) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောရေးမှ ပေးသည့် ဒဏ်ရာများကို ခံစားရင်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဝတ်ရည်အောင် အင်းစိန်ထောင်တွင်း ကျဆုံး

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက မတရား ဖမ်းဆီးအကျဥ်းချထားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မဝတ်ရည်အောင်ဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်မှာ အင်းစိန်ထောင်အတွင်း ကျဆုံးသွားခဲ့ပါပြီ။
Read More

လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မိုင်းခွဲခံရပြီး မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံသံမဏိလိပ်ပြာတပ်ဖွဲ့ဆီက သိရပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံတာကြောင့် ဆန့်ကျင်တဲ့အနေနဲ့ အခုလို မိုင်းခွဲခဲ့တာဖြစ်တယ် လို့လည်း ဆိုပါတယ်။ မိုင်းခွဲခံရတဲ့ ကြံ့ခိုင်ရေးရုံးကတော့ မီးလောင်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
Read More

အောက်တိုဘာလအတွင်း စည်းမျဥ်းဖောက်ဖျက်တဲ့ PDF နဲ့ ပကဖ (၆) ယောက်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူ…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနဲ့ အရေးယူမှုတွေ လုပ်ဆောင်နေရာမှာ အောက်တိုဘာလအတွင်း PDF နဲ့ ပကဖ ရဲဘော် စုစုပေါင်း (၆) ယောက်ကို ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းမိတဲ့ PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်သတ်ဖြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲဘော် ၅ ယောက်ကို နှိပ်စက်ကာ သတ်ဖြတ်ခဲ့တယ်လို့ PNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။