ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် ပွဲချင်းပြီး သေဆုံးပြီး (၂) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း ဇွန်လ (၁၁) ရက်နဲ့ (၁၄) ရက်မှာ ပိန်းဇလုပ်အခြေစိုက် ခလရ−၂၆၄ တပ်ရင်းကနေ ဘုရားငုတ်တို ကျေးရွာအရှေ့ပိုင်းကို ၁၂၀ မမ လက်နက်ကြီး (၄) လုံး ပစ်ခတ်ခဲ့ရာ နွားရေချောင်းကျေးရွာက (၃၅)နှစ်အရွယ် အမျိုးသား ပွဲချင်းပြီး သေဆုံးခဲ့ပြီး (၆၅) နှစ်အရွယ် အမျိုးသမီး လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မူးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်က စစ်ကောင်စီတပ်ရဲ့ ခမရ-၄၃၉ က မြပုဂိုးကျေးရွာကို ၁၂၀ မမ လက်နက်ကြီး (၄) လုံးပစ်ခတ်ခဲ့ပါသေးတယ်။

ဇွန်လ (၈)ရက်ကလည်း ခမရ-၄၃၉ က အင်းရွာလေးကျေးရွာကို ၁၂၀ မမ လက်နက်ကြီး (၁)လုံး၊ ဥသျှစ်ခင်ကျေးရွာနဲ့ အုန်းပင်စုကျေးရွာကြား ဟောင်ဝစ်ဇာလက်နက်ကြီး (၃)လုံး၊ ကုန်းချောင်းဝက စစ်ကောင်စီတပ်က အုန်းပင်စုကျေးရွာနဲ့ ငနွားဆိပ်ကျေးရွာကြားကို လက်နက်ကြီး (၈) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့မှာပဲ ရင်းတိုက်ကုန်း ကျေးရွာဘုန်းကြီးကျောင်းကို လက်နက်ကြီး (၃) လုံး၊ နတ်သံကွင်းရှိ စစ်ကောင်စီတပ်က အုန်းပင်စုကျေးရွာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီး (၃) လုံးအပြင် ဒရုန်းနဲ့လည်း အုန်းပင်စု ကျေးရွာ၊ ငနွားဆိပ်ကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာနှင့် အညာစုကျေးရွာကို လက်နက်ကြီး စုစုပေါင်း (၃၂) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဇွန်လ(၉) ရက်နေ့ကလည်း နတ်သံကွင်းရှိ စစ်ကောင်စီ တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ ရေလဲဗမာကျေးရွာအတွင်း (၂) လုံး၊ ရေလဲကရင်ကျေးရွာကို (၁) လုံး ပစ်ခတ်ခဲ့ရာ ရေလဲကရင်ကျေးရွာက (၂၄) နှစ်အရွယ် အမျိုးသား လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

တနင်္သာရီတိုင်းထဲမှာ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့၊အောက်တိုဘာလအတွင်း တိုက်ပွဲတွေပိုမို ပြင်းထန်လာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေ အသိပေး

တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်နေတဲ့ တနင်္သာရီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ FE5 Tanintharyi က အသိပေးထုတ်ပြန်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ပြည်သူတွေကို MDY-PDF က ဆန်အိတ် ၅၀၀ နဲ့ ငွေကျပ်သိန်း ၁၅၀ မတည်လှူဒါန်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ကျေးရွာတွေကို ဆန်အိတ်အပိုင်း (၅၀၀) နဲ့ ငွေသား ကျပ်သိန်း(၁၅၀) မတည် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

PDF နှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်များကို ကျေးဇူးတင်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော၊ PDF ၏ အောင်ပွဲသည် ပြည်သူ့အောင်ပွဲ၊ တော်လှန်ရေးအောင်ပွဲ ဖြစ်သည်ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်ပြီဖြစ်ကာ ၄နှစ်အတွင်းမှာ စစ်တပ်ကို ဖိအားပေး တိုက်ပွဲဝင်နိုင်ခဲ့ပြီး အောင်မြင်မှု များစွာရရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၄ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ပြောပါတယ်။
Read More

မန္တလေး PDF စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ်ဖွဲ့စည်းပြီး ၂၀၂၅ မှစ၍ စစ်ဆင်ရေးအရှိန်အဟုန် တိုးမြှင့်သွားမည်

မန္တလေး PDF အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းထဲမှာ တပ်မဟာအသစ်တစ်ခုဖွဲ့စည်းပြီး စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ နပခ က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း ၁၂ ယောက်ကို ဖမ်းဆီး ထိန်းသိမ်း ဆေးကုပေးနေ

ရခိုင်ပြည်နယ်၊ အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း  ၁၂ ယောက်ကို စနစ်တကျ ဖမ်းဆီးထိန်းသိမ်းထားသလို ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးနေတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) က ထုတ်ပြန်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနှင့် သွေဖီသည့်လုပ်ရပ်များ မလုပ်ခဲ့သလို NUG လည်း လုပ်ဆောင်မှာမဟုတ်ဘူးလို့ ကတိပြုကြောင်း ယာယီသမ္မတ ပြောကြား

"ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံမှုကနေ လွတ်မြောက်ဖို့အတွက်၊ သားဖြစ်သူ "Kim" ကိုယ်တိုင်၊ ပြည်သူနဲ့အတူ လူထုလှုပ်ရှားမှုမှာ ဖိဖိစီးစီးပါဝင်နေတာကို တွေ့ရလို့လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ "Kim" ဟာ သူ့မိခင် အသက် (၈၀) ပြည့်အချိန်အထိ၊ အကျဉ်းကျခံနေရလိမ့်မယ်လို့ မျှော်လင့်ထားမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံရေးလောကဓံတွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ မိခင်ဖြစ်သူအတွက် သားဖြစ်သူ "Kim" ဟာ လေးစား ဂုဏ်ယူနေမှာ အသေအချာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သားဖြစ်သူ "ကင်ရဲ့ မိခင်" ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုမိခင် တစ်ယောက်ဖြစ်တယ်လို့လည်း ကျွန်တော်တို့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ " လို့ ယာယီသမ္မတက ဆိုပါတယ်။