အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရံပုံငွေ ကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့ရာ အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဇွန်လ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ အဆိုပါ ဂီတဖျော်ဖြေပွဲမှာတော့ အဆိုတော် လင်းလင်းနဲ့ချစ်သုဝေတို့ ဇနီးမောင်နှံက ဦးဆောင်ဖျော်ဖြေခဲ့ပြီး အဆိုတော် တူးတူးလည်း ပါဝင်အားဖြည့်ခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ဇွန် ၂၈ ရက်မှာလည်း ရောင်နီ Live in Florida ကို Orlando မြို့၊ ဇူလိုင်လ ၁၉ ရက်မှာ ရောင်နီ Live in Texas ကို Bastrop မြို့တွေမှာ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါဖျော်ဖြေပွဲတွေကနေ ရရှိလာမယ့် အကျိုးအမြတ်အားလုံးကို ရောင်နီ U.S Tour ရဲ့ မူလရည်ရွယ်ချက်အတိုင်း တော်လှန်ရေးမိသားစုတွေရဲ့ ပြန်လည်ထူထောင်ရေး၊ ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူမိသားစုတွေ၊ CDM မိသားစုတွေနဲ့  Activists မိသားစုတွေ၊ နိုင်/ကျဉ်းမိသားစုတွေကို အဓိကထား အကူအညီပေးသွားမယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ရဲဟိန်း)

0 Shares:
You May Also Like
Read More

စစ်အုပ်စုက စစ်ကော်မရှင်ဟု အမည်ပြောင်းကာ တာဝန်ခံမှု ရှောင်လွှဲဖို့ ပြင်ဆင်နေတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ်ကြောင်း The Sentry နှင့် Justice For Myanmar ပူးတွဲထုတ်ပြန်

The Sentry နဲ့ Justice For Myanmar တို့ ပူးတွဲထုတ်ပြန်တဲ့ စာတမ်းအရ မြန်မာစစ်အုပ်စုဟာ သူတို့အပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့နဲ့ နိုင်ငံရေးအရ တရားဝင်မှု အတုအယောင်ရရှိဖို့အတွက် အဖွဲ့အစည်းအမည်တွေကို ပြောင်းလဲခြင်းနဲ့ အမေရိကန်ပြည်ထောင်စုမှာ လော်ဘီတွေ ငှားရမ်းတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမား ၁၈ ဉီး အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှု ကူညီဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မြောက်ဦးဆေးရုံ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး စစ်တပ်က လူသားချင်းစာနာမှုအပေါ် အလေးမထားကြောင်း ပြသခြင်းဟု APHR ပြောကြား

မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်ပြီး စစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းမှ မလေးရှားသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် အထောက်အထားမဲ့ မြန်မာ ၁၀ ဦးကို မလေးရှားစစ်တပ်ဖမ်းဆီး

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ Golok မြစ်ကို ဖြတ်ဖို့ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ယောက်ကို မလေးရှားစစ်တပ် (TDM) က ဖမ်းဆီးထားတယ်လို့ Malay Mail သတင်းက ဖော်ပြထားပါတယ်။
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။
Read More

အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း ထုတ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြား

မြန်မာပြည်သူတွေအ‌ပေါ် စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေပြီး တဖက်မှာလည်း အတုအယောင် ရွေးကောက်ပွဲကို စီစဥ်ကာ ထွက်ပေါက်ရှာနေတဲ့ အာဏာသိမ်းစစ်ကော်မရှင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။