မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီရွာက ပျူစောထီးတစ်ယောက် မျှော်စင်မှာ ကင်းစောင့်နေချိန် စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ဗစ်တာ‌ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ဇွန်လ ၇ရက်ကစလို့ ကန်နီပျူရွာနားတဝိုက်ကို စောင့်ကြည့်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ၁၀ ရက်နေ့မှာတော့ ရွာစာသင်ကျောင်းဝန်းထဲမှာ ဆောက်လုပ်ထားတဲ့ မျှော်စင်ပေါ်မှာ ကင်းစောင့်နေတဲ့ ပျူစောထီး တစ်ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပျူစောထီးဟာ စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီးနောက် မျှော်စင်ပေါ်က ပြုတ်ကျပြီး ၁၃ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗစ်တာက မောင်းကို ပြောပါတယ်။

“၁၀ရက်နေ့က ပစ်တဲ့ကျည် ထိမှန်လို့လား အမြင့်စင်ပေါ်က ပြုတ်ကျလို့လားတော့ အတည်ပြုလို့မရဘူး။ နောက်သုံးရက်နေမှ သေတာလို့ သိရတယ်။ ကျနော်တို့ စနိုက်ပါနဲ့ သွားပစ်တာက ပထမဆုံးအကြိမ်ပါ” လို့ ဆိုပါတယ်။

အဆိုပါ ကျေးရွာနားတဝိုက်မှာ ပျူစောထီးတွေ ကင်းချထားသလို မိုင်းတွေလည်း ထောင်ထားတဲ့အတွက် သွားရောက်ပစ်ခတ်ချိန်မှာ အခက်အခဲတွေ ရှိခဲ့တယ်လို့ ကိုဗစ်တာက ဆက်ပြောပါတယ်။

“အခက်အခဲကတော့ ရွာပတ်ပတ်လည်မှာ အမြင့်စင်ကင်းတွေပေါတော့ ဂရုစိုက်ရတယ်။ အောက်မှာလည်း မိုင်းပေါတော့ အခက်အခဲတော့ ရှိတာပေါ့။ အကိုတို့ ပစ်တဲ့အနီး မီတာ ၁၀၀ လောက်အထိ ကင်းပုန်းလာယူပြီး သူတို့ချောင်းတာ တွေ့ရတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုပြီးတဲ့နောက် ကန်နီပျူရွာထဲကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း (၂) တပ်ခွဲ (၂)၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ (၂) ၊ Sniperတပ်ဖွဲ့ ၊ အညာမြေပြောက်ကျားတပ်ဖွဲ့ မြိုင် ပကဖ၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ မြိုင် ပကဖ နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ရေစကြိုစစ်အုပ်စုများ လက်နက်ကြီးပစ်ခတ်မှုနှင့် လူဖမ်းဆီးမှု ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်ချုပ်ရေးအရေးပေါ် မြို့နယ်အဖြစ် ထုတ်ပြန်ခံရပြီးချိန်ကစလို့ အရပ်သားဖမ်းဆီးမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ တကျော့ပြန် ဆိုးဝါးလာကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

ဖားကန့်ကို အဓိကသွားလာသည့် လမ်းမကြီး ၂ခုကို စစ်ကောင်စီ ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ ဒေသခံများ အခက်တွေ့နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အဓိကသွားလာတဲ့ လမ်းမကြီး ၂ခုကို စစ်ကောင်စီက ပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာကာ ဒေသခံတွေ အခက်တွေ့နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်မြေမြှုပ်မိုင်းကို အရပ်သား ၂ ယောက်က ဖြုတ်ယူရာမှာ ပေါက်ကွဲပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်မြေမြှုပ်မိုင်းကို အရပ်သား အမျိုးသား (၂) ယောက်က ဖြုတ်ယူရာမှာ ပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ နိုင်ကျဉ်းကို ဒကစမှူးနဲ့ အပေါင်းအပါတွေ အမှုဆင်ငွေညှစ်ပြီး မတရားဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို ဒကစမှူး အောင်နိုင်ဦး ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတရားငွေညှစ်တောင်းခံရင်း ဖမ်းဆီးချုပ်နှောင်တာတွေလုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။