ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာမှာ အကြမ်းဖက်စစ်အုပ်စုက လူနေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တဲ့အပြင် အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၁၄ရက် မနက် ၆နာရီလောက်က ပေါက်ခေါင်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရုပ်ဆိုင်ရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ရွာအရှေ့ဘက်နဲ့ အနောက်ဘက်မှာရှိတဲ့ လူနေအိမ် ၂၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာသားတစ်ယောက်ကို သတ်ကာ အယောက် ၂၀ ခန့်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

“အဖမ်းခံရတဲ့ ရွာသားတွေက အရင်တုန်းက စစ်ကြောင်းထိုးတဲ့အချိန် ဘာမှမလုပ်ဘူးဆိုပြီးတော့ နေလိုက်တာ။. အဲ့မှာ ဒီတစ်ခေါက် ခေါ်သွားတယ်။ လက်ရှိ ရွာသားတစ်ယောက်ကိုတော့ သတ်ပြီး မီးရှို့ခဲ့တယ်လို့ သိရတယ်” လို့ ပေါင်းတည် နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ အဲဒီနေ့ မနက် ၉နာရီကျော်လောက်မှာတော့ ဖမ်းဆီးထားတဲ့ ရွာသားတွေနဲ့အတူ ပေါက်ခေါင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ ရုပ်ဆိုင်ရွာထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တွေကို မီးရှို့သွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဇွန်လ အစပိုင်းလောက်ကစပြီး ပေါင်းတည်နဲ့ ပေါက်ခေါင်းအစပ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့လည်း သိရပါတယ်။

ရုပ်ဆိုင်ရွာ မီးရှို့ဖျက်ဆီးခံရစဉ်
0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းကို လျှပ်တပြက် စီးနင်းတိုက်ခိုက်မှု ရဲ ၆ ဦး သေ၊ ရဲနှင့် ရဲမိသားစုဝင်အချို့ ဖမ်းမိကာ သေနတ်များ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက် ထုတ်ပြန်

"ဒီလိုပွဲတွေက မွန်လူငယ်တွေ ကြားထဲမှာ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တခြားဒေသနဲ့စာရင် မွန်တွေက ဘာမှမလုပ်ဘူးဆိုပြီး ဖြစ်တယ်ပေါ့နော်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ တော်လှန်ရေးအစပိုင်းမှာ မွန်လူငယ်တွေကို ဦးဆောင်မှုပိုင်း ကောင်းကောင်းမပေးနိုင်ခဲ့တာပါ။ ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားကြတယ်ပေါ့နော်။ တချို့ကလည်း နိုင်ငံခြားထွက်သွားတယ်။ အခုတော်လှန်ရေးမှာ ပညာတတ်လူငယ်တွေ လိုအပ်လာတော့ သူတို့အနေတဲ့ ဒီကိုလာဖို့က ခက်သွားပြီ။ အဲဒီတော့ ဒီလိုလူငယ်တွေ တော်လှန်ရေးမှာ ပြန်ပြီး ပါ၀င်နိုင်ဖို့က ဒီလိုဆွေးနွေးပွဲတွေကနေပဲ ဆွဲခေါ်ရမှာဖြစ်တယ်။ နောက်ထပ်လည်း ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်သွားဖို့ရှိပါတယ်။"
Read More

စစ်ကိုင်း တပ်မ ၃၃က စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၁၂ယောက်သေ၊ အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ တပ်မ ၃၃က ထွက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းအပါအဝင် မိုင်းရှင်းစစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၂ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ညိုစစ်ကြောင်းက စစ်ကြောင်းရှိ ရဲဘော်တွေကို ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ စစ်သုံး ဖိနပ် တပ်ဆင် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ညိုစစ်ကြောင်းက စစ်ကြောင်းရှိ ရဲဘော်တွေရဲ့ စစ်၀တ်တန်ဆာအခြေခံဖြစ်တဲ့ စစ်ဖိနပ်တွေကို ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုကြောင့် တပ်ဆင်နိုင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်နှင့် လက်တွဲညီသူကိုသာ မဲထည့်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မရှက်မရွံ့ မဲဆွယ်

ဒီမိုကရေစီစနစ် ပျက်စီးအောင် လက်နက်နဲ့ အာဏာသိမ်းလိုက်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ရွေးကောက်ပွဲက အလွန်အရေးကြီးတဲ့အတွက် စစ်အုပ်စုနဲ့ လက်တွဲညီသူကိုသာ မဲထည့်ဖို့ မရှက်မရွံ့ ပြောကြားလိုက်ပါတယ်။
Read More

ရေဘေးသင့်ဒေသတွေမှာ ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ဆယ်ရေးနဲ့ လှူဒါန်းမှုတွေလုပ်နေ

ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နေတဲ့ ကျေးရွာတွေကို ဧရာဝတီတပ်ရင်း၃ စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေက ရေဘေးကယ်ဆယ်ရေးအပြင် စားနပ်ရိက္ခာ လှူဒါန်းမှုတွေကိုပါ ပြုလုပ်နေကြကြောင်း သိရပါတယ်။ ရေဘေးသင့်ပြီး စားရေးသောက်ရေးအခက်အခဲ ဖြစ်နေကြရတဲ့ ပြည်သူတွေကို အဝတ်အထည်၊ သောက်ရေသန့်နဲ့ စားစရာတွေကိုပါ လှူဒါန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။