ချင်းပြည်နယ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက စီစဉ်ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အမှတ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက တာဝန်ရှိသူတွေ၊ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က တပ်မှူးတွေ၊ မဟာမိတ်တပ်မှူးတွေနဲ့ တိုက်နယ်/ကျေးရွာ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သင်တန်းကာလအတွင်း လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးခဲ့တဲ့ ပြည်တွင်းပြည်ပက ပြည်သူလူထုနဲ့ အာရက္ခတပ်တော်ကို အထူးကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင် Standard Army အတွက် ချင်းညီနောင် ၆ ဖွဲ့က သင်တန်းဆင်းတပ်သားသစ် ၂၀၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

Video – PDF-Zoland Supporter Group-D.C Area

0 Shares:
You May Also Like
Read More

SSNDF / KNDF B-103 မှ သင်တန်းသား ရဲဘော်သစ်များ ဖိတ်ခေါ် (ရုပ်/သံ)

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ဖို့အတွက် SSNDF/ KNDF B-103 ကနေ သင်တန်းသားရဲဘော် သစ်တွေ ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။
Read More

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ ရဲ့ လက်ရှိအခြေအနေ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ တော်လှန်ရေးရဲဘော် ၁ ယောက် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDFကို လွှင့်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF Kanpetlet က ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒီပဲယင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ လမ်းဆုံတောင်ဘက်ရှိ ပြည်သူနေအိမ် ၅ လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီခွဲအချိန်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဖြူရောင်ပကဖ (ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က ဗီဒီယိုဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ကျောက်ကာကနေ အရာတော်ဆီ စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကျောက်ကာကနေ အရာတော်ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Eagle PDF ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး နှိုးဆော်စာများ ဒရုန်းနဲ့ ကြဲချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်ကို အတုအ‌ယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး နှိုးဆော်စာများ ဒရုန်းနဲ့ ကြဲချခဲ့တယ်လို့ ပကဖ၊ ရွှေဘိုမြို့နယ်၊ NUGမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရွှေဘိုမြို့ပေါ်ကို "အတုအယောင်ရွေးကောက်ပွဲ ရဲရဲဝံ့ဝံ့ ဆန့်ကျင်ကြ"၊ "စစ်အာဏာရှင်ရဲ့ ထွက်ပေါက် မြှောက်မပေးနဲ့"၊ "မသမာတဲ့မဲရုံလမ်း ဖြတ်သန်းလို့တောင်မသွားနဲ့"၊ "သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့"၊ "ထွက်ပေါက်မဟုတ်ဘူး ထောင်ချောက်ကြီး" စတဲ့ စာသားပါ စာရွက်တွေကို ဒရုန်းနဲ့ ကြဲချပြီး အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေး နှိုးဆော်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။