စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်ရင်းက ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းသား ကလေးငယ်၁ယောက် ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ဇေယျာသွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်ဗျတ္တက မောင်းကို ပြောပါတယ်။

ဇွန်လ ၁၆ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ ရွှေဘိုအခြေစိုက် ခလရ ၄၂ တပ်ရင်းထဲကနေ ပစ်ခတ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်တွေဟာ ရွှေဘိုနယ်အနောက်ခြမ်းမှာရှိတဲ့ တည်ပင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေထဲက တစ်လုံးဟာ တည်ပင်ရွာဘုန်းကြီးကျောင်းရှေ့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၅နှစ် အရွယ် ဘုန်းကြီးကျောင်းသား ကလေးငယ်၁ယောက်ရဲ့လက်ကို လက်နက်ကြီးစထိမှန်ခဲ့တယ်လို့ ဗိုလ်ဗျတ္တက ပြောပါတယ်။

“ဒီနေ့ ၃နာရီ ၁၁မိနစ်လောက်မှာပစ်တာပါ။ ဟောင်ဝစ်ဇာ ၂လုံးပေါ့။ ၁လုံးက ရွာအနောက်ကျတယ်။ ကျန်၁လုံးကျ ရွာလယ်ဘုန်းကြီးကျောင်းရဲ့ တိုက်ရှေ့တည့်တည့်ကျတယ်ပေါ့။ လှိုင်းမင်းဦး ဆိုတဲ့ ဘုန်းကြီးကျောင်းသားလေး လက်ကိုမှန်သွားပါတယ်။ ဒါပေမယ့် ကျနော်တို့အဖွဲ့က ဆေးခန်းကို အချိန်မှီ ပို့ပေးနိုင်ခဲ့လို့ မစိုးရိမ်ရတော့ပါဘူး” လို့ ဇေယျာသွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်ဗျတ္တက မောင်းကိုပြောပါတယ်။

စစ်ကောင်စီအနေနဲ့ တိုက်ပွဲအခြေအနေလုံးဝမရှိတဲ့ တည်ပင်ရွာကို အကြောင်းမဲ့သက်သက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်းသိရပါတယ်။

ဒါ့အပြင်လက်ရှိအခြေအနေအရ မင်းကွန်းဒေသကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းမြို့မြောက်ခြမ်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

အထက်ပါစစ်ကြောင်းဖြတ်သန်းနိုင်တဲ့ ရွှေဘိုမြို့အနောက်ခြမ်းက မင်းကုန်း၊ အိုးဘို၊ ချီပါ၊ မဲတော့ရွာတွေဟာလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့လောက်ကတည်းက ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဗိုလ်ဗျတ္တက ပြောခဲ့ပါတယ်။

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ကလေးငယ်နှင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အအုံများ (ဓာတ်ပုံ ဇေယျာသွေး ပကဖ)

0 Shares:
You May Also Like
Read More

ထိုင်းကို အလုပ်လုပ်ဖို့သွားရင်း ဖမ်းခံရပြီး စစ်မှုထမ်းရသူ ၂ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၂၈၀) က စစ်သား ၂ယောက် KNLA တပ်မဟာ (၄) တပ်ရင်း (၁၁) ထံ အလင်းဝင်လာခဲ့တယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးထံက သိရပါတယ်။
Read More

ရဲစခန်းမှ ထွက်လာသည့် စစ်တပ်စစ်ကြောင်း ကြားဖြတ်ခံရပြီး ၄ ဦး သေ၊ ၂ ဦး ဒဏ်ရာရ၊ စစ်တပ်က အရပ်သားအချို့အား ဓားစာခံအဖြစ် ဖမ်းဆီးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် အရပ်သားတချို့ ဓားစာခံလုပ်ဖမ်းဆီးခံရကြောင်း Special Task Force (Ngazun) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

နတ်တလင်းတွင် စစ်အုပ်စု ဂိတ်စခန်း တိုက်ခိုက်ခံရကာ အကြမ်းဖက်စစ်သား ၂ ဦး သေပြီး ကျန်သူများ ထွက်ပြေး၊ ပေါင်းတည်တွင်လည်း စစ်အုပ်စု ဆိုင်ကယ်တန်း မိုင်းဆွဲခံရပြီး ၁ ဦး သေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်အုပ်စု ဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပေါင်းတည်မြို့နယ်က အကြမ်းဖက်ဆိုင်ကယ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုတွေမှာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း PDF ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းကို ပြောပါတယ်။
Read More

တောင်သာမြို့နယ် သူကြီးအိမ်တွင် တပ်စွဲထားသည့် စစ်အုပ်စုအား PDF ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၅ ဦး ဒဏ်ရာပြင်းထန်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်အုပ်စု ခြေကုပ်ယူတပ်စွဲထားတဲ့ တမိုက်သားကျေးရွာ သူကြီးအိမ် တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ စစ်အုပ်စုက အရပ်သားလူငယ် ၁၁ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း -၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အင်းတော်တွင် စစ်ကော်မရှင်တပ် ချန်ခဲ့သည့် ဗုံးသီးပေါက်ကွဲပြီး ဒေသခံ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကော်မရှင်တပ် ချန်ခဲ့တဲ့ ဗုံးသီး ပေါက်ကွဲပြီး ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မင်းကွန်းရဲစခန်းကို ရာထူးတိုး ပြောင်းလာသည့် ၂ ပွင့် ရဲအရာရှိ ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ ၂ ပွင့်နဲ့ ရဲအရာရှိ ၁ ယောက် မင်းကွန်းရွာအတွင်း ပစ်သတ်ခံရကာ နေရာတင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရပါတယ်။