အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စ္စကိုမြို့မှာ ပြုလုပ်တဲ့ ရောင်နီ Live in Francisco ဂီတဖျော်ဖြေပွဲကနေ တော်လှန်ရေးအတွက် ရံပုံငွေ ကန်ဒေါ်လာ ၁၄၅,၀၀၀ ရရှိခဲ့ရာ အကျိုးအမြတ်အားလုံးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဇွန်လ ၁၄ ရက်က ပြုလုပ်ခဲ့တဲ့ အဆိုပါ ဂီတဖျော်ဖြေပွဲမှာတော့ အဆိုတော် လင်းလင်းနဲ့ချစ်သုဝေတို့ ဇနီးမောင်နှံက ဦးဆောင်ဖျော်ဖြေခဲ့ပြီး အဆိုတော် တူးတူးလည်း ပါဝင်အားဖြည့်ခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ဇွန် ၂၈ ရက်မှာလည်း ရောင်နီ Live in Florida ကို Orlando မြို့၊ ဇူလိုင်လ ၁၉ ရက်မှာ ရောင်နီ Live in Texas ကို Bastrop မြို့တွေမှာ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါဖျော်ဖြေပွဲတွေကနေ ရရှိလာမယ့် အကျိုးအမြတ်အားလုံးကို ရောင်နီ U.S Tour ရဲ့ မူလရည်ရွယ်ချက်အတိုင်း တော်လှန်ရေးမိသားစုတွေရဲ့ ပြန်လည်ထူထောင်ရေး၊ ကျဆုံးရဲဘော်တွေရဲ့ ကျန်ရစ်သူမိသားစုတွေ၊ CDM မိသားစုတွေနဲ့  Activists မိသားစုတွေ၊ နိုင်/ကျဉ်းမိသားစုတွေကို အဓိကထား အကူအညီပေးသွားမယ်လို့ သိရပါတယ်။

(ဓာတ်ပုံ ရဲဟိန်း)

0 Shares:
You May Also Like
Read More

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်နေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ IPU ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး နှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee နဲ့ တောင်ကိုးရီးယားသမ္မတနိုင်ငံမှာ မေလ ၁၄ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့ငလျင်အတွက် လာရောက်ကူညီနေသည့် USAID ဝန်ထမ်း သုံးဦး အလုပ်ထုတ်ခံရ

ငလျင်ဒဏ်သင့်  မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ USAID ဝန်ထမ်း ၃ယောက် အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။ 
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် လောင်စာမီးထိုးပေးမည့် ခရီးစဉ်သာဖြစ်ကြောင်း JFM ထုတ်ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုတိုးပွားလာစေဖို့ လောင်စာဖြစ်နိုင်ကြောင်း Justice For Myanmar က ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာစစ်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးနှင့် ဝါဒဖြန့်အကောင့် ၂၇၀ ကျော်ကို Facebook ဖယ်ရှား

မြန်မာစစ်အုပ်စုရဲ့ စီးပွားရေးထောက်တိုင်တွေနဲ့ ဝါဒဖြန့်ချီရေးတွေမှာ အသုံးပြုနေတဲ့ Facebook အကောင့်၊ စာမျက်နှာတွေနဲ့ ဂရု (Group) စုစုပေါင်း ၂၇၀ ကျော်ကို Meta ကုမ္ပဏီက လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar (JFM) ကနေ ဆိုလာပါတယ်။