ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်းကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ရာ ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၆ ရက် ဒီနေ့မနက်ပိုင်းမှာ ဖယ်ခုံမြို့ အနောက်ဘက်ရှိ လအိကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က အသေခံဒရုန်းတွေနဲ့ တိုက်ပွဲမဖြစ်ပွားဘဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် တိုက်ခိုက်မှုကြောင့် စာသင်နေတဲ့ မူလတန်းအရွယ် ကလေးငယ် ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်း ပရဝုဏ်အချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေ နေထိုင်ရာနေရာတွေကိုပါ နေ့စဉ်နဲ့အမျှ လေကြောင်း၊ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

သင်တန်းသား၊ သင်တန်းသူ ၈၂၂ ဦး တက်ရောက်ခဲ့သည့် TNLA ၏ အပတ်စဉ် (၆၇) စစ်ရေးသင်တန်း၏ သင်တန်းဆင်းပွဲ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ အပတ်စဉ် (၆၇) စစ်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်က ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်း တပ်မ ၃၃က စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၁၂ယောက်သေ၊ အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ တပ်မ ၃၃က ထွက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းအပါအဝင် မိုင်းရှင်းစစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၂ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ငဖဲမြို့နယ်မှာ ကားလမ်း လုံခြုံရေး လုပ်ဆောင်ရန်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၉ ဦး သေပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ကားလမ်း လုံခြုံရေး လုပ်ဆောင်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲကို တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ကျေးရွာမှာ စစ်ကြောင်းထိုးခြင်းမရှိ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။
Read More

KTV သွားသည့် ရဲ ၃ ဦး လိုရာခရီးမရောက်ဘဲ ဖမ်းဆီးခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ KTV လာတဲ့ ရဲ ၃ယောက်ကို လက်ပစ်ဗုံးတွေနဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း Yesagyo Revolution Group (YRG) တာဝန်ခံက မောင်းကို ပြောပါတယ်။