မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ရက်နေ့ကစလို့ တောင်တွင်းကြီးတပ်ကနေ နတ်မောက်မြို့နယ်၊ လက်ခုပ်ပင်ကျေးရွာအုပ်စု၊ လျော်တောင်ကျေးရွာကို ရောက်ရှိလာတဲ့ အင်အား ၃၀ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ အရပ်သားပိုင် ကြက်နဲ့ဝက်တွေကို ရိက္ခာအဖြစ် သတ်ဖြတ်စားသောက်ရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အထက်ပါစစ်ကြောင်း ဝင်ရောက်လာချိန်မှာ လက်နက်ငယ်တွေ ခြောက်လှန့်ပစ်ခတ်တာကြောင့် ကျေးရွာနေအရပ်သားတွေလည်း ရွာလုံးကျွတ်နီးပါး စစ်ဘေးတိမ်းရှောင်နေခဲ့ရကြောင်း ဗိုလ်ငါးခူက ပြောပါတယ်။

ဇွန်လ ၉ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေတဲ့ လျော်တောင်ဘုန်းကြီးကျောင်းဝန်းအတွင်းကို တော်လှန်ရေးတပ်တွေက ၄၀မမ ဗုံးပစ်လောင်ချာနဲ့ ၄ချက် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနောက်မှာ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်တုံ့ပြန်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့ဒီစစ်‌ကြောင်းကကောင်တွေ ရွာထဲက ကြက်တွေ ဝက်တွေကို ပစ်စားပါတယ်။ နောက်ပြီး အိမ်တွေမီးရှို့ဖို့ဆိုပြီး ကျန်တဲ့အိမ်တွေကနေ ဒီဇယ်တွေလိုက်တောင်းပါတယ်။ ၉ရက်နေ့ကျတော့ လျော်တောင် ဘုန်းကြီးကျောင်းထဲ သူတို့တပ်စွဲနေတဲ့အချိန် ကျနော်တို့ သရက်ခရိုင် အမှတ်(၃) ငါးပြေမတပ်ရင်းနဲ့ မဟာမိတ်အင်အားစုတွေက ၄၀မမနဲ့ သွားပစ်ပါတယ်။ အဲ့လိုနဲ့ တိုက်ပွဲက သူပစ် ကိုယ်ပစ်နဲ့ မျက်နှာချင်းဆိုင်မပစ်ရသေးဘူး။ လက်ခုပ်ပင်ကနေ အင်အား ၅၀လောက်နဲ့ တပ်ကူတွေထပ်ရောက်လာလို့ ကျနော်တို့လည်း ရွာနာမှာစိုးတာရယ် သူတို့ဘက်က ၁၆နှစ်အရွယ် ကျောင်းသား၁ယောက်ကိုပါ ဖမ်းထားတာမို့ ဒီအတိုင်းပြန်ဆုတ်ခဲ့လိုက်ရပါတယ်” လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီက ဓားစာခံလုပ်ဖမ်းဆီးထားတဲ့ ကျောင်းသားကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျေးရွာတွေထဲ ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် (၁) လုံး၊ အိမ်မွေးဝက် (၁)ကောင်နဲ့ အရပ်သား (၆) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် (၁) လုံး၊ ဝက် (၁)ကောင်နဲ့ အရပ်သား (၆) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မိတ္ထီလာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်က အစိုးရသူနာပြု သင်တန်းကျောင်းမှာ ကျောင်းသူတစ်ယောက် မီးလောင် သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်လို့ ပြည်သူတွေ အသုံးမပြုဖို့ သတိပေး

ကလေး၀-မော်လိုက် လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် အဆိုပါလမ်းပိုင်းကို အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်မြို့တွင် စစ်ကော်မရှင် လက်အောက်ခံ အချင်းချင်း ပေါ်တာမှားဆွဲမှု ဖြစ်ပွား

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်အချင်းချင်း ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အချင်းများကာ ရိုက်နှက်ဖမ်းဆီးမှုတွေအထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ 
Read More

မြန်မာနိုင်ငံရှိ နိုင်ငံသားတိုင်း လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီ ဟု TNLA ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် အခြေမတည်နိုင်မှုနဲ့ ဌာနေ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရမှုတို့ရဲ့ အဓိက တရားခံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

PLA တပ်ဖွဲ့ရဲ့ စစ်ရေးပြလေ့ကျင့်မှု (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲ့ အ နောက်မြောက်စစ်ဒေသ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်း စစ်ရေးပြလေ့ကျင့်မှု နဲ့ ၃ မိုင် မနားတမ်း ချီတက်ခြင်း ကိုပြုလုပ်ခဲ့ကြောင်း PLA ကထုတ်ပြန်ပါတယ်။