မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ဇီးတောရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ We Love Myaing အဖွဲ့ထံက သိရပါတယ်။

ဇွန်လ ၁၆ရက် နေ့လယ် ၁နာရီကျော်လောက်မှာ မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဇီးတောရွာ ဘုန်းကြီးကျောင်းထဲကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် အမျိုးသမီး ၁ယောက်သေဆုံးကာ အမျိုးသား ၃ယောက်၊ အမျိုးသမီး ၇ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလေးတချို့လည်း သတိလစ်မေ့မျောခဲ့တယ်လို့ ဆိုပါတယ်။

“အဲ့နားက ရှုပ်တော့ ရှုပ်တယ်ဗျ။ ပျူရွာတွေကများတယ်။ သူတို့အချင်းချင်းတွေပဲ စစ်ရှောင်လို့ပြောတာမဟုတ်ဘဲနဲ့ တစ်ခြားဟာပြောပြီး ကြဲခိုင်းသလား ဘယ်လိုလို့တောင်မသိဘူး။ အဲဒီကျောင်းမှာ စစ်ရှောင်နေတဲ့လူတွေက ကပစ ၂၄ကိုသွားတဲ့ စစ်ကြောင်းကတည်းကဆိုတော့ ၂ ပတ်လောက်ရှိပြီ။ စစ်ရှောင်အမျိုးသမီးတစ်ယောက်တော့ သေသွားတယ်” လို့ We Love Myaing တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇီးတောရွာဘုန်းကြီးကျောင်းအတွင်းရှိ ဘုရားတစ်ဆူလည်း ပြိုကျပျက်စီးခဲ့ပါသေးတယ်။

ဇွန်လ ၁၅ရက် နေ့လယ်ပိုင်းကလည်း မြိုင်မြို့အနောက်မြောက်ဘက် သန်းနုတောရွာ စာသင်ကျောင်းအနီးကို စစ်ကောင်စီ စက်တပ်လေထီး ၂ စီး နဲ့ လာရောက်ပစ်ခတ်ခဲ့လို့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ မြိုင်မြို့နယ်ထဲက ကျေးရွာတွေကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့သည့် ဇီးတောရွာဘုန်းကြီးကျောင်း မြင်ကွင်း (ဓာတ်ပုံ We Love Myaing)

0 Shares:
You May Also Like
Read More

နုတ်ထွက်သွားသည့် တပ်ရင်းများရှိသလို ဝင်ရောက်လိုသည့် တပ်ရင်းများစွာလည်း ရှိနေကြောင်း NUG ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ကွပ်ကဲမှု (Chain of Command) COC အောက်ကနေ နုတ်ထွက်သွားတဲ့ တပ်ရင်းတွေသလို ဝင်ရောက်လိုတဲ့တပ်ရင်းများစွာ ရှိနေကြောင်းကို NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ မတ်လ ၄ ရက်မှာ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (၅/၂၀၂၅) အစီအစဉ်မှာ ပြောခဲ့ပါတယ်။ 
Read More

ကပစ ၂၁ ကို ရှော့တိုက်ဒုံး ပစ်ခတ်မှု စစ်တပ်အရာရှိ ၂ ဦးနှင့် စစ်သား ၇ ဦး သေဆုံး၊ ထပ်ဆင့်ပေါက်ကွဲမှုတွေဖြစ်ပြီး ထိခိုက်မှုများနိုင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူးမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ အမှတ်-၂၁) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က အရာရှိ ၂ ယောက်နဲ့ စစ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က နောက်ဆက်တွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ချောက်မြို့ပေါ်ရှိ မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့ပေါ် အမှတ် ၁၅ နယ်မြေ စံပြမြို့သစ်ရပ်ကွက်က ​မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers – PDF (အညာဒေသ) တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံး…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers - PDF (အညာဒေသ)တပ်ဖွဲ့က ရဲဘော် ၁ ယောက်ဟာ စစ်ကူနဲ့ ရိက္ခာဖြတ်တောက်ရေးစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမ်း-ပဒါန်းလမ်း နတ်ရေကန်နားမှာ ထိတွေ့တိုက်ပွဲ စလာတဲ့ AA နဲ့ စစ်ကောင်စီ 

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်စခန်းနားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲ စတင်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။