ချင်းပြည်နယ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက စီစဉ်ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အမှတ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက တာဝန်ရှိသူတွေ၊ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က တပ်မှူးတွေ၊ မဟာမိတ်တပ်မှူးတွေနဲ့ တိုက်နယ်/ကျေးရွာ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သင်တန်းကာလအတွင်း လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးခဲ့တဲ့ ပြည်တွင်းပြည်ပက ပြည်သူလူထုနဲ့ အာရက္ခတပ်တော်ကို အထူးကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ချင်းညီနောင် Standard Army အတွက် ချင်းညီနောင် ၆ ဖွဲ့က သင်တန်းဆင်းတပ်သားသစ် ၂၀၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

Video – PDF-Zoland Supporter Group-D.C Area

0 Shares:
You May Also Like
Read More

ပလိုင်းပျူစောထီးစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၅ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းပျူစောထီးစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၈ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေခဲ့တယ်လို့ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ မြောက်ကုန်းရပ်ရှိ မြို့နယ်ဆောက်လုပ်ရေးဝန်းနှင့် ခရိုင်ဆောက်လုပ်ရေးဧည့်ရိပ်သာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် မြောက်ကုန်းရပ်ရှိ ဆောက်လုပ်ရေးဝန်းနဲ့ ခရိုင်ဆောက် လုပ်‌ရေးဧည့်ရိပ်သာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၂ ခုမှ သမဂ္ဂကျောင်းသား၊ကျောင်းသူများ ပါဝင်ဖျော်ဖြေခဲ့သည့် ”အတာစိုးမယ့် တမာမိုးသံချပ်” (ရုပ်/သံ)

မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တက္ကသိုလ် ၁၂ ခုက သမဂ္ဂကျောင်းသား၊ ကျောင်းသူတွေ ပါဝင်ဖျော်ဖြေခဲ့တဲ့ ''အတာစိုးမယ့် တမာမိုးသံချပ်'' ကို အခုလိုပဲ နားဆင်ရမှာဖြစ်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အတွက် မိုးညှင်း K-PDF ရဲဘော်များ၏ ဆု‌တောင်းစကား (ရုပ်/သံ)

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မိုးညှင်းK-PDF ရဲဘော်တွေက မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။
Read More

တော်လှန်ရေးတပ်တွေ ထုတ်လုပ်ထားတဲ့ လက်နက်ကြီးနဲ့ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း မေလ ၅ ရက်နဲ့ ၆ ရက်က စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို Hell Cannon လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Southern YSO PDF အဖွဲ့ထံက သိရပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒီဇင်ဘာ ၂၂ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။