မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ (၁၄) ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်နဲ့ လက်အောက်ခံ ခမရ ၃ တပ်စခန်းတို့က မနက်ပိုင်းမှာ လက်နက်ကြီး ၁၂၀ မမ (၈)လုံး ဇီးကုန်းရွာထဲကို ပစ်ခတ်ခဲ့ရာ လက်နက်ကြီး (၂)လုံး ကျရောက်ပေါက်ကွဲပြီး (၅၃)နှစ်အရွယ် အမျိုးသမီး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာလည်း စစ်ကောင်စီရဲ့ ခမရ-၃ တပ်စခန်းက ၁၂၀ မမ လက်နက်ကြီး (၂)လုံး အလူးကြီးရွာထဲကို ပစ်ခတ်ခဲ့ရာ (၁) လုံး ကျရောက်ပေါက်ကွဲပြီး ရွာနေ (၃၀)နှစ်အရွယ် အမျိုးသမီး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ KNU က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ကျိုက်ထိုမြို့ အခြေစိုက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၄၄ နဲ့ လက်အောက်ခံ တပ်ရင်းစခန်းတွေက ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုရှိရာ နေရာတွေကို မကြာခဏ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုတွေ ရှိနေသလို အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်​နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

လောင်းလုံးတွင် ၁၇ရက်ကြာ တပ်စွဲနေတဲ့ စစ်တပ်စစ်ကြောင်း ပြန်ဆုတ်လာစဥ် တော်လှန်ရေးတပ်များ တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညိုကျွန်းကျေးရွာအတွင်း မွှေနှောက်ဖျက်ဆီးပြီး ၁၇ ရက်ကြာတပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ဆုတ်ခွာလာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

Sky Villa ကွန်ဒို အပျက်အစီးများအကြား ကလေး ၁ ဦးအပါ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ

တစ်နိုင်ငံလုံး အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ စစ်ကိုင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုကနေ ဧပြီလ ၂၄ ရက် ဒီနေ့မှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၊ ချောင်းဦးမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနှင့် ဗုံးသီးကြဲချတိုက်ခိုက်နေ

စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ချောင်းဦး ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိမိက နိုင်ငံကို တိုးတက်အောင်လုပ်နေပြီး တိုင်းရင်းသားခေါင်းဆောင်တွေက တိုင်းပြည်ကို ပြိုကွဲအောင်လုပ်နေတယ်လို့ နှစ်သစ်အစမှာ မင်းအောင်လှိုင် ပြော

တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဖက်ဒရယ်နဲ့ တိုင်းရင်းသားအခွင့်အရေးလို့ပြောနေပေမယ့် လက်တွေ့မှာ နိုင်ငံကို ပြိုကွဲအောင်လုပ်ဆောင်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မသန်စွမ်းဖြစ်ရတဲ့ အရပ်သားပြည်သူအရေအတွက် နေ့စဉ်တိုးလာနေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက မသန်စွမ်းသူတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို အဓိကခံစားနေရကြောင်း  ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ 
Read More

မင်းတပ်မြို့နယ် ကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ စစ်ရှောင်ကလေးငယ် ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သာပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။