စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့၊ ည ၁၀ နာရီ ၁၀ မိနစ်အချိန်မှာ နမခ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃လုံးစလုံးကို နမခအတွင်းသို့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်မှာ နမခအတွင်းက စစ်ဆင်ရေးရုံးနဲ့ လေ့ကျင့်ရေးရုံးရှိရာ အဆောက်အဦးကို ထိမှန်ခဲ့ပြီး ဆီဂိုထောင်နဲ့ အရန်စက်ပစ္စည်း ဂိုထောင်တွေ မီးလောင်ခဲ့တဲ့အပြင် အရာရှိနေအိမ်ကိုလည်း ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

“အရာရှိ ၂ ဦးနဲ့ အခြားအဆင့် စစ်သည် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားသည်။ အရာရှိ ၃ ဦးနဲ့ အခြားအဆင့်စစ်သည် ၇ ဦး ဒဏ်ရာရပြီး တပ်တွင်းဆေးခန်းတွင် ကုသမှုခံယူနေကြောင်း စုံစမ်းသိရှိရသည်” လို့ BWM က သတင်းထုတ်ပြန်ထားပါတယ်။

မုံရွာ နမခကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်ခဲ့စဉ်

BWM အနေနဲ့ အခုထိခိုက်မှု အခြေအနေတွေဟာ လက်လှမ်းမှီသလောက် စုံစမ်းထောက်လှမ်းပြီးရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တွေက လက်ရုံးတပ်ဖွဲ့တွေကို အဓိက အမိန့်ပေးကွပ်ကဲနေတဲ့ စစ်ဌာနချုပ်ဖြစ်သလို အဲဒီဒေသတွေမှာရှိတဲ့ တော်လှန် ရေး အင်အားစုတွေကို နည်းမျိုးစုံနဲ့ နှိမ်နင်းနေတဲ့ ဌာနချုပ်ဖြစ်တယ်လို့ သိရပါတယ်။

အခုနောက်ပိုင်း စက်တပ်လေထီးတွေ၊ ဒရုန်းတွေကိုလည်း နမခ ထဲမှာ အထိုင်ထားပြီး နည်းမျိုးစုံနဲ့ တော်လှန်ရေးအင်အားစုတွေကို သာမက ပြည်သူလူထုကိုပါ သတ်ဖြတ်နေတာကြောင့် အခုလို စစ်ဆင်ရေး ဖော်ဆောင်ရတာဖြစ်တယ်လို့ BWM က ဆိုထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့အတူ Shadow (မုံရွာ) အဖွဲ့၊ ရွှေတြိဂံမဟာမိတ်တပ်ရင်းနဲ့ Justice Brothers Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်တပ်နှင့် လက်တွဲညီသူကိုသာ မဲထည့်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မရှက်မရွံ့ မဲဆွယ်

ဒီမိုကရေစီစနစ် ပျက်စီးအောင် လက်နက်နဲ့ အာဏာသိမ်းလိုက်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ရွေးကောက်ပွဲက အလွန်အရေးကြီးတဲ့အတွက် စစ်အုပ်စုနဲ့ လက်တွဲညီသူကိုသာ မဲထည့်ဖို့ မရှက်မရွံ့ ပြောကြားလိုက်ပါတယ်။
Read More

မော်လမြိုင်ကျွန်း နုံကျွန်ရွာ အုပ်ချုပ်ရေးမှူးအဖွဲ့က စစ်မှုထမ်းဖို့ ဒေသခံ ၁၀ ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးသွား

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ နုံကျွန်ကျေးရွာမှာ နိုဝင်ဘာလ ဒုတိယအပတ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအဖွဲ့က စစ်မှုထမ်းအပတ်စဥ် ၈ အတွက် စာရင်းပါတယ်ဆိုပြီး ဒေသခံအမျိုးသား ၁၀ ယောက်ကို အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မြဝတီမြို့အနီး စစ်ကောင်စီက လေယာဉ်နဲ့ လာချပေးတဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတချို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းဆည်းရရှိထား

ကရင်ပြည်နယ်၊ မြဝတီမြို့က ကုန်သွယ်ရေးဇုန်အတွင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ စစ်သားတွေချပေးနေတယ်လို့ ဒေသခံရဲ့အဆိုကို ကိုးကားပြီး မောင်းမီဒီယာမှာ မနေ့က ကနဦးသတင်းဖော်ပြခဲ့ပါတယ်။
Read More

ပြည်သူကြောင့် တော်လှန်ရေးအောင်မြင်နေတာဖြစ်ပြီး ပြည်သူတွေ ဒုက္ခကို ကြံ့ကြံ့ခိုင် ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပြော

နွေဦးတော်လှန်ရေး အောင်မြင်နေတာဟာ ပြည်သူကြောင့် ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒုက္ခကို ကြံ့ကြံ့ခိုင်ကာ ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။
Read More

ဟင်္သာတမြို့ အခြေစိုက် ခလရ ၁၈ အနီး ပစ်ထားတာ ကြာပြီဖြစ်တဲ့ လေယာဉ််ကွင်းကို စစ်ကောင်စီ အလျင်စလို ပြုပြင်နေ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၈ ခြေလျင်တပ်ရင်း (ခလရ ၁၈) အနီးက လေယာဉ်ကွင်းကို စစ်တပ်က အလျင်စလို ပြုပြင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကို KIA သိမ်းပိုက်၊ စုစုပေါင်း တပ်ရင်း ၃ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။