မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ (၁၄) ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်နဲ့ လက်အောက်ခံ ခမရ ၃ တပ်စခန်းတို့က မနက်ပိုင်းမှာ လက်နက်ကြီး ၁၂၀ မမ (၈)လုံး ဇီးကုန်းရွာထဲကို ပစ်ခတ်ခဲ့ရာ လက်နက်ကြီး (၂)လုံး ကျရောက်ပေါက်ကွဲပြီး (၅၃)နှစ်အရွယ် အမျိုးသမီး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကာ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ ညနေပိုင်းမှာလည်း စစ်ကောင်စီရဲ့ ခမရ-၃ တပ်စခန်းက ၁၂၀ မမ လက်နက်ကြီး (၂)လုံး အလူးကြီးရွာထဲကို ပစ်ခတ်ခဲ့ရာ (၁) လုံး ကျရောက်ပေါက်ကွဲပြီး ရွာနေ (၃၀)နှစ်အရွယ် အမျိုးသမီး လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ KNU က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ကျိုက်ထိုမြို့ အခြေစိုက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ၄၄ နဲ့ လက်အောက်ခံ တပ်ရင်းစခန်းတွေက ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုရှိရာ နေရာတွေကို မကြာခဏ လက်နက်ကြီး ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်မှုတွေ ရှိနေသလို အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်​နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကျောက်မဲ နောင်ပိန်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၀ ဦးထက် မနည်းသေဆုံး၊ သေဆုံးဦးရေ ထပ်တိုးနိုင်ခြေ ရှိ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ပုလဲတိုက်ပွဲအတွင်း စစ်ကောင်စီက အပြင်းအထန် လေကြောင်းဗုံးကြဲနေလို့ တော်လှန်ရေးတပ်တွေ ယာယီဆုတ်ခွါပေးထားရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ကာ မြို့ကိုထိန်းချုပ်ဖို့ ကြိုးစားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ယာယီပြန်လည်ဆုတ်ခွါပေးထားရတယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းငလျင်ကြောင့် နေပြည်တော် စစ်ရုံးချုပ် ၅၀ ရာခိုင်နှုန်း ပျက်စီးဟု ဆို

စစ်ကိုင်းကို အခြေပြုလှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က စစ်ရုံးချုပ် အဆောက်အဦးတွေ ၅၀ ရာခိုင်နှုန်း ပျက်စီးကုန်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရှေ့နေ ဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဆုကို NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားရယူပေးခဲ့

စစ်ကောင်စီရဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ရရှိခဲ့တဲ့ နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လက်ခံ ရယူပေးခဲ့ပါတယ်။
Read More

ကျောက်ဖြူမြို့နယ်တွင်း တိုက်ပွဲများတွင်  စစ်ကောင်စီတပ်ရင်းလိုက် AA ထံ လက်နက်ချအလင်းဝင်မှုများ ရှိနေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အာရက္ခတပ်တော် AA ဆီ တပ်ရင်းလိုက် လက်နက်ချအလင်းဝင်တာတွေ ရှိနေတယ်လို့ AA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရှမ်းပြည်တပ်မတော်တည်ထောင်ခြင်း (၆၁) နှစ်ပြည့် အခမ်းအနား SSPP/SSA ဌာနချုပ်တွင် ကျင်းပပြုလုပ်

ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို ဧပြီလ (၂၄) ရက် ဒီနေ့ မနက်ပိုင်းမှာ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။