အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ်(၆) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၀) ရက်က (ACDF) နောက်တန်း‌လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို အရှိုချင်းကာကွယ်ရေးတပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ACDF တပ်မှူးတွေနဲ့ ဖိတ်ကြားထားတဲ့ မဟာမိတ်တပ်တွေက ကိုယ်စားလှယ်တွေ တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဟာ ရက္ခိုင့်တပ်တော် AA ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ NUG လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေစတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမှာ လမ်းပိုင်းခြေကုပ်ယူဖို့ ကြိုးစားနေသည့် စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ နေရာတင် ၃ ယောက် သေပြီး အများအပြားထိခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ်မှာ အရပ်သားကားတွေကို ချောဆွဲလာတဲ့ စစ်အုပ်စုတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ လိုအပ်တဲ့ UID ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားဟုဆို

နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရာမှာ လိုအပ်တဲ့  UID (Unique ID) ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ရှမ်းတောင်နှင့် ကရင်နီအစပ်မှာ ဖြစ်ပွားခဲ့သည့် ၂လကြာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ၄၀ ကျော် သေဆုံး…

ရှမ်းနဲ့ ကရင်နီအစပ် ဆီဆိုင်မြို့က ရွှေတဂူစခန်းကုန်းသိမ်းပွဲအပါအဝင် ၂ လတာအတွင်းလုပ်ဆောင်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးနဲ့ ​ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့ဝင် အယောက် ၄၀ ကျော် ထိခိုက်သေဆုံးပြီး လက်နက်အလက် ၃၀ ကျော်နဲ့ စစ်သုံ့ပန်းတွေလည်း ဖမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

နယ်မြေရှင်းလင်းရင်း တွင်းထဲ စွန့်ပစ်ထားခဲ့သည့် စစ်သားအလောင်း ၃ လောင်း တွေ့ရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် စွန့်ပစ်ထားခဲ့တဲ့ အကြမ်းဖက်စစ်သား အလောင်း ၃ ‌လောင်း တွေ့ရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ်ထဲက စစ်တပ်ဂိတ်စခန်းတွေနဲ့ ခမရ ၄၀၇ တပ်ရင်းကို ဒရုန်းနဲ့ ၂ ရက်တာ ဗုံးကြဲမှု စစ်တပ်ဘက်က ၁၀ ယောက် သေ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို ဒရုန်းနဲ့ ၂ ရက်တာ ဗုံးကြဲတိုက်ခိုက်မှုမှာ အရာရှိအပါအဝင် စစ်ကောင်စီတပ်သား ၁၀ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေါနတပ်ရင်း၊ တပ်ခွဲ - ၆ (ဝေဟင်တပ်ဖွဲ့)က သတင်းထုတ်ပြန်ပါတယ်။
Read More

ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ကလေးခရိုင်အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) ၏ ဒုတပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၁၅ ဦး ကျဆုံးခဲ့

ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေအတွင်း ကလေးခရိုင် အမှတ် (၉) တပ်ရင်း၊ မင်းကင်း PDF တပ်ရင်း (၃) က ဒုတပ်ရင်းမှူး ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁၄ယောက် အသီးသီး ကျဆုံးထားကြောင်း အဆိုပါတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။