စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းပျူကျေးရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၁၈-တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၈ ရက် မနက်ပိုင်းက ဆည်ပင်ကျွန်းပျူကျေးရွာကို တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်ခဲ့ပြီး ၄၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ပျူစောထီးအထိုင်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး ၁ ယောက်သေပြီး ၁၈ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပျူ‌စခန်းအတွင်းကနေ G3 နှစ်လက်၊ ကာဘိုင် ၆ လက်၊ ၁၂ ဗို့ ၂ လက်နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ ၊ ၁၈ ၊ ၁၅ ၊ ၂၆ ၊ ၉၇၀၆ ၊ ၁၇၀၁ စတဲ့ တပ်ရင်းတွေနဲ့ နယ်မြေ (ပကဖ) အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပြည်သူ့ဘက်တော်သား

0 Shares:
You May Also Like
Read More

ချောက်မြို့နယ် ထိန်ကန်ရွာကို စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့နယ် ထိန်ကန်ရွာကို စစ်ကောင်စီတပ်သားတွေ အကြောင်းမဲ့ဝင်‌ရောက်မီး ရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားကာ စစ်သားအများအပြားသေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာကြီးရဲကင်းစခန်းကနေ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း  စစ်သားအများအပြားသေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့သလို ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ယောက်သေ၊ စစ်သုံ့ပန်း ၁ ‌ယောက် ဖမ်းမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက မြို့ကုန်း‌ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မန္တလေး PDF တို့ ဒီဇင်ဘာ ၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့ နမ့်မှော်ရွာမှာ နွံကန်ပေါက်ကျပြီး လူနေအိမ်များ နစ်မြုပ် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ နမ့်မှော်ရွာအနီးမှာ မတ်လ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက နွံကန်ပေါက်မှု ဖြစ်ပွားပြီး ကျေးရွာအတွင်း စီးဝင်ကာ လူနေအိမ်တွေ နစ်မြုပ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်တံခါးမြို့နယ် ရှေ့တန်းစစ်မြေပြင်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးထိမှန် ကျဆုံးခဲ့သည့် ရဲဘော် ဝေကြီး စျာပန (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရတဲ့ ရဲဘော် ဝေကြီးရဲ့  နာရေးစျာပနကျင်းပပြုလုပ်ခဲ့တယ်လို့ Spring Warriors Column က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိနေ တယ်လို့ Black Panther Column - တပ်ခွဲ ၂ မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။