စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ  စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် လူ ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး မင်းကွန်းရဲစခန်းကနေ  ထွက်ခွာလာတဲ့ အင်အား၂၀၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ မင်းကွန်းရွာကတဆင့် မြောက်ဘက်မှာရှိတဲ့ ကင်းရွာကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်​တွေဟာ ကင်းရွာ ‌ဆုတောင်းပြည့်ဘုန်းကြီး‌ကျောင်းက ကျောင်းထိုင်ဆရာ‌တော် ၁ပါး အပါအဝင် ဆရာတော်ရဲ့ မိခင်ဖြစ်သူနဲ့ ယောက်ဖတို့ကို ပစ်သတ်ခဲ့ကြကြောင်း Wetlet Informational Network က ပြောပါတယ်။

ဒါ့အပြင် ချောင်းမကြီးရွာထဲကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၄၀ အရွယ် အမျိုးသမီး ၁ ယောက် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ကျန်တဲ့ အမျိုးသမီး၂ ယောက်လည်း လက်မောင်း‌မှာ ကိုယ်စီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ အကြမ်းဖက်စစ်ကြောင်းဟာ ကင်းရွာနဲ့ ချောင်းမကြီးရွာထဲက နေအိမ်တွေကိုပါမီးရှို့ဖျက်ဆီးခဲ့တယ်လို့ Wetlet Informational Network က ပြောပါတယ်။

အထက်ပါ စစ်ကိုင်းမြို့နယ်အရှေ့ဘက်ခြမ်းနဲ့ ထိစပ်နေတဲ့ မတ္တရာနယ် ကျွန်းရွာတွေမှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်တပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိနေပါတယ်။

“မင်းဝံတောင်ရိုး မင်းကွန်းရွာမြောက်ဘက်ကိုစစ်ကြောင်းထိုးနေတာ ၂ ရက်လောက် ရှိပါပြီ။ မင်းကွန်းအထိုင်ကနေ အင်အားဖြည့်ပြီး ၂၀၀ လောက်နဲ့ ထိုးလာတာပါ။ မင်းဝံတောင်ရိုးရဲ့အရှေ့ဘက်အတိုင်း မြောက်ဘက်ဆီဆက်ထိုးလာရင် မတ္တရာနယ်ထဲပါတဲ့ အိုင်ဒိုင်ရွာဘက် ရောက်မယ်။ ကြားတာကတော့ ရှိမ်းမကားခွေးခြံထိ တိုးမယ်ကြားတယ်။ အဲ့ဒါကြောင့် မတ္တရာပကဖကလည်း ဒေသခံအဖွဲ့တွေနဲ့ပေါင်းပြီး ခုခံကာကွယ်နေပါတယ်” လို့ Voice Of Mandalay တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါ စကမ အဖွဲ့ဝင် ၁၈ ဦးကို အကြမ်းဖက်သမားများအဖြစ် NUG  ကြေညာ

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ခေါ်ယူပြီး  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ အဖွဲ့ဝင်တွေကို မတရား ဖမ်းဆီးခဲ့သူတွေနဲ့ ကာလုံအဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 
Read More

ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုမှာ လုပ်ဆောင်ခဲ့သူတွေကို ဖမ်းမိပြီ ဟု စစ်ကောင်စီ ပြော

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

ဇူလိုင်လမှ ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် အရပ်သား အမျိုးသမီး ၇၈ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံဝန်း ဇူလိုင်လကစလို့ ရက်ပေါင်း ၅၀ အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သား အမျိုးသမီး ၇၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်က ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၁၇ ဦး သေဆုံးဟုဆို

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁၇ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်းရဲ့ စစ်သင်တန်းအပတ်စဉ် (၂) ရဲဘော်တွေ ညစစ်ဆင်ရေး လေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ (၃) နှစ်ပြည့်အခမ်းအနား

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) တည်ထောင်ခြင်း ( ၃ ) နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)၊ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂ က ရဲဘော်တွေဟာ ရှေ့တန်းစခန်း တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။