ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာ အထိုင်ချတပ်စွဲထားတဲ့ အင်အား (၃၀)ကျော်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်းရာ စစ်သား အလောင်း ၈ လောင်း မျက်မြင်တွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးကွန်မန်ဒိုတပ်ရင်း (P29914) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်က အုန်းပင်စုကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို စီးနင်းတိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး အုန်းပင်စုကျေးရွာကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အလောင်း (၈)လောင်းကို မျက်မြင်တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိနိုင်သလို တိုက်ပွဲဖြစ်ပွားချိန်မှာ နတ်သံကွင်းမြို့နဲ့ ကျောက်ကြီးမြို့ ရှိ စစ်ကောင်စီစခန်းတွေက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

အုန်းပင်စုရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက G3 ကျည် ၅၈၀ တောင့်၊ ၄၀ မမ ၁၀ လုံး၊ RPG ဗို့ယမ်း ၁၁ ခု၊ RPG ဗုံးသီး ၉ လုံး၊ MA ခွင်းဗုံး ၇ လုံး၊ RPG 7 ၁ လက်၊  MA11 ၁ လက်၊ လက်ပစ်ဗုံး ၅ လုံး၊ ၁၄ မိုင်း ၇ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး၊ MA ကျည်ဘောက် ၃ ဘောက်၊ မိုင်းရှာစက် ၁ လုံး စတဲ့ စစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲကို အထူးကွန်မန်ဒိုတပ်ရင်း(P29914)၊ KNLA တပ်ရင်း၈၊ တပ်ရင်း ၉ ၊ အာဠာဝကစစ်ကြောင်း ၊ ၃၇၀၂ တပ်ရင်း ၊ ရန်ကုန် ပကဖ နဲ့ ဧရာဝတီ ပကဖ တို့ပူးပေါင်းပါဝင်ခိုက်ခဲ့ပြီး အထူးကွန်မန်ဒိုတပ်ရင်းမှ ရဲဘော် (၁) ယောက်နဲ့ ပူးပေါင်းအဖွဲ့က (၃) ယောက် စုစုပေါင်း (၄) ယောက် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်သူနှင့် ဖမ်းမိသူ စစ်ကော်မရှင်တပ်သား ၂၂၀၀ ကျော် ရှိ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလကုန် စတုတ္ထပတ်အထိ စစ်ကော်မရှင်တပ်ကနေ အလင်းဝင်ပူးပေါင်းသူနဲ့ လက်နက်ချ စစ်သုံ့ပန်းအရေအတွက် ၂၂၄၆ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ထံက သိရပါတယ်။
Read More

စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ ဦး အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို AA ထပ်မံလွှတ်ပေး

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲက ဒုတိယရဲမှူးကြီး ၁ ယောက်အပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ယောက်ကို ထပ်မံလွှတ်ပေးခဲ့တယ်လို့ AA ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
Read More

ရွေးကောက်ပွဲအတွက် လုံးပမ်းနေသည့် ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း၊ တော်လှန်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့

"သူ့အိမ်က နေပြည်တော် တောင်တွင်းကြီး ရထားလမ်းပိုင်း၊ အိုးပေါက်ဘူတာနဲ့ မျက်နှာချင်းဆိုင်မှာရှိတာပါ။ ကားနဲ့ဆို တောင်တွင်းကြီး-ဆပ်သွား လမ်းမကြီးဘေးပေါ့။ အိုးပေါက်ရွာက လူငယ်တွေ၊ လူလတ်ပိုင်းတွေကို ပြည်သူ့စစ်ထဲ အတင်းခြိမ်းခြောက်ပြီး သွင်းထားတယ်။ အဲ့ဒါကြောင့် သူ့အိမ်ကိုရှင်းတော့ ပြည်သူ့စစ်အင်္ကျီတွေ အများကြီးတွေ့ခဲ့ပါတယ်။ အနီးနားက ရွာတွေကိုလည်း ရွေးကောက်ပွဲ လုပ်ဖို့နဲ့ ပြည်သူ့စစ်ဖွဲ့ လက်နက်တင်ပေးဖို့ လုံးပန်းနေတာပါ။" လို့ ပုဏ္ဏဝတီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရသူ လူငယ် ၂ ဦး ဟုမ္မလင်းမြို့နယ် (ပကဖ) ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကို စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် ရိက္ခာရှာထွက်သည့် စစ်အုပ်စုများကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ပျူစောထီး ၁ ဦးအရှင်ဖမ်းဆီးခံရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပြည်သူထောက်ခံမှု အားကောင်းတဲ့ နိုင်ငံရေးပါတီတွေကို ယှဉ်ပြိုင်ခွင့်မပေးတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာလွှဲပေးမယ်လို့ မင်းအောင်လှိုင် ပြော

ပြည်သူတွေ ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခွင့်မပေးထားတဲ့ စစ်ကောင်စီက လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်လို့ အဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။