ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဇွန်လ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ ဝန်ထမ်းတိုင်းကို အရေးယူမယ်ဆိုတာဟာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ကွဲလွဲနေပြီး Non-CDM ဝန်ထမ်းတွေအပေါ် CRPH ရဲ့ သဘောထားဟာ CDM ဝန်ထမ်းတွေအပေါ် အကြမ်းဖက်စစ်ကောင်စီရဲ့ သဘောထားနဲ့ မကွဲပြားဘူးဆိုတာကို မိမိကိုယ်မိမိ မေးခွန်းပြန်ထုတ်သင့်တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဆိုပါတယ်။

CDM လှုပ်ရှားမှုမှာ မပါဝင်သူတွေကို ဥပဒေနဲ့ အရေးယူမယ်ဆိုတာဟာ CDM လှုပ်ရှားမှုဟာ ဥပဒေနဲ့ အာဏာသုံးပြီး လုပ်ယူလို့မရဘူးဆိုတဲ့ အခြေခံသဘောတရားကို နားမလည်ရာရောက်နေသလို CDM ဝန်ထမ်းတွေကိုလည်း ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ယန္တရားအတွင်း ပြည်သူလူထုကို နေ့စဥ်နဲ့အမျှ ဖိနှိပ်ညှင်းပန်းနေတဲ့ စစ်ကောင်စီ ဝန်ထမ်းတွေကို အရေးယူရာမှာလည်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတိုင်းသာ အရေးယူရမှာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဆိုပါတယ်။

တော်လှန်ရေးကို ဆင်နွှဲရာမှာ မိမိအင်အားစုတွေကို စုစည်း၊ ကြားလူကို စည်းရုံးကာ ရန်သူ့လူတွေကို ကိုယ့်ဘက်သား ဖြစ်လာအောင် ကြိုးစား လုပ်ဆောင်ရမယ့် တော်လှန်ရေးအတွက် လိုအပ်တဲ့ နိုင်ငံရေးဗျူဟာကို CRPH ရဲ့ ဥပဒေက ဆန့်ကျင်နေကြောင်း ဝမ်းနည်းဖွယ် မြင်တွေ့ရတယ်လို့လည်း ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Non-CDM ဝန်ထမ်းတွေကို အရေးယူမယ်ဆိုတာဟာ ခံစားချက်ကို အခြေခံပြီး လက်ခုပ်သံ ခြူရမယ့် ကိစ္စ မဟုတ်ဘဲ CRPH ရဲ့ အခုဥပဒေ မပြဌာန်းခင်မှာတောင် တော်လှန်ရေးအင်အားကောင်းတဲ့ ဒေသတွေမှာ Non-CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ခွဲခြားဆက်ဆံမှုနဲ့ ပြစ်ဒဏ်ပေးတာတွေ အများအပြား ရှိနေသလို ဥပဒေထုတ်ပြန်လိုက်တာဟာ နောက်ဆက်တွဲအကျိုးဆက်တွေကို ဖိတ်ခေါ်ရာရောက်နေတယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်း ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်၊ ရဲ ၂ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲကင်းစခန်းကို လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ခြေပြတ်၊ လက်ပြတ်ဒဏ်ရာ ရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - Phoenix D F တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရုရှားကနေ မှာယူထားတဲ့ Su-30SME အမျိုးအစား လေယာဉ် ၆ စင်းလုံး စစ်ကောင်စီထံ ပေးပို့ပြီးပြီ ဟု ဆို

စစ်ကောင်စီက မှာယူထားတဲ့ ဘက်စုံသုံး တိုက်လေယာဉ်  Su-30SME အမျိုးအစား လေယာဉ် ၆ စင်းကို ရုရှားက မြန်မာနိုင်ငံကို ပေးပို့လိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့စစ်လက်နက်သတင်းတွေကို ဖော်ပြနေတဲ့ Army Recognition Group ကရေးသားထားပါတယ်။
Read More

ဘုတလင်မှာ စိုင်ပြင်လေးကျေးရွာကို စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာကို စစ်ကြောင်းထိုးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။
Read More

လွိုင်ကော်-ဆီဆိုင် လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခြင်း မပြုဖို့ KNDF သတိပေးထုတ်ပြန်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ကို ချိတ်ဆက်ထာတဲ့ လမ်းမကြီးမှာ ခရီးသွားပြည်သူတွေ ယာဥ်ကြီး၊ ယာဥ်ငယ်နဲ့ ဖြတ်သန်းသွားလာမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဗျူဟာအမှတ် ၂ က ထုတ်ပြန်ပါတယ်။
Read More

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကြုံးဝါးခဲ့တဲ့အတိုင်း အမ်း (နပခ) ကို တက်ကြိတ်လိုက်တဲ့ ရက္ခိုင့်တပ်တော် AA

AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ကြုံးဝါးပြောဆိုခဲ့တဲ့အတိုင်း ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိသွားပြီဖြစ်ပါတယ်။
Read More

တပခကို တိုက်ခိုက်အပြီး တစ်နေ့တည်းမှာပဲ ကေတုမတီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ထပ်မံပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီရဲ့ အရေးပါတဲ့ လေတပ်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ တောင်ငူလေတပ်စခန်း (ကေတုမတီ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM အဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။