ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဇွန်လ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဇွန်လ ၁၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့ ဝန်ထမ်းတိုင်းကို အရေးယူမယ်ဆိုတာဟာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ကွဲလွဲနေပြီး Non-CDM ဝန်ထမ်းတွေအပေါ် CRPH ရဲ့ သဘောထားဟာ CDM ဝန်ထမ်းတွေအပေါ် အကြမ်းဖက်စစ်ကောင်စီရဲ့ သဘောထားနဲ့ မကွဲပြားဘူးဆိုတာကို မိမိကိုယ်မိမိ မေးခွန်းပြန်ထုတ်သင့်တယ်လို့ ဗကသများ အဖွဲ့ချုပ်က ဆိုပါတယ်။

CDM လှုပ်ရှားမှုမှာ မပါဝင်သူတွေကို ဥပဒေနဲ့ အရေးယူမယ်ဆိုတာဟာ CDM လှုပ်ရှားမှုဟာ ဥပဒေနဲ့ အာဏာသုံးပြီး လုပ်ယူလို့မရဘူးဆိုတဲ့ အခြေခံသဘောတရားကို နားမလည်ရာရောက်နေသလို CDM ဝန်ထမ်းတွေကိုလည်း ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ယန္တရားအတွင်း ပြည်သူလူထုကို နေ့စဥ်နဲ့အမျှ ဖိနှိပ်ညှင်းပန်းနေတဲ့ စစ်ကောင်စီ ဝန်ထမ်းတွေကို အရေးယူရာမှာလည်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတိုင်းသာ အရေးယူရမှာဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဆိုပါတယ်။

တော်လှန်ရေးကို ဆင်နွှဲရာမှာ မိမိအင်အားစုတွေကို စုစည်း၊ ကြားလူကို စည်းရုံးကာ ရန်သူ့လူတွေကို ကိုယ့်ဘက်သား ဖြစ်လာအောင် ကြိုးစား လုပ်ဆောင်ရမယ့် တော်လှန်ရေးအတွက် လိုအပ်တဲ့ နိုင်ငံရေးဗျူဟာကို CRPH ရဲ့ ဥပဒေက ဆန့်ကျင်နေကြောင်း ဝမ်းနည်းဖွယ် မြင်တွေ့ရတယ်လို့လည်း ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Non-CDM ဝန်ထမ်းတွေကို အရေးယူမယ်ဆိုတာဟာ ခံစားချက်ကို အခြေခံပြီး လက်ခုပ်သံ ခြူရမယ့် ကိစ္စ မဟုတ်ဘဲ CRPH ရဲ့ အခုဥပဒေ မပြဌာန်းခင်မှာတောင် တော်လှန်ရေးအင်အားကောင်းတဲ့ ဒေသတွေမှာ Non-CDM ဝန်ထမ်းတွေနဲ့ ကျောင်းသားကျောင်းသူတွေကို ခွဲခြားဆက်ဆံမှုနဲ့ ပြစ်ဒဏ်ပေးတာတွေ အများအပြား ရှိနေသလို ဥပဒေထုတ်ပြန်လိုက်တာဟာ နောက်ဆက်တွဲအကျိုးဆက်တွေကို ဖိတ်ခေါ်ရာရောက်နေတယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေကို KNDF တပ်ရင်း ၅ က ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေအတွက် Karenni Nationalities Defense Force B - 05 (ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၅) က ရဲဘော်တွေက Lose and Hope အဖွဲ့သားတွေနဲ့အတူ သွားရောက် ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

ကြို့ပင်ကောက်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ပြီး ရွာသားတွေကိုပါ PDF တွေ ကယ်တင်ထား…

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မိုးကုတ်နှင့် သပိတ်ကျင်းကို စစ်ကြောင်းထိုးသည့် အထိုင်စခန်းတစ်ခုဖြစ်သော တကက ၁၃ သင်တန်းကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ဦး သေပြီး သင်တန်းဆောင်များ မီး​လောင်ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံနေတဲ့ မဟာမိတ်အင်အားစုတွေအတွက် အားဖြည့်ကူညီလုပ်ဆောင်ပေးတာဖြစ်တယ်လို့ လုပ်ဆောင်ခဲ့တဲ့အဖွဲ့တွေက ပြောပါတယ်။
Read More

ရေတာရှည်မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ကလေးငယ် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာ ၃ ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၁ ယောက် အပါအဝင် အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီးခဲ့ကြောင်း Yedashe Township Information ထံက သိရပါတယ်။
Read More

ရွှေကျင်မြို့နယ်ရှိ စစ်အုပ်စု ပြန်လည်တည်ဆောက်နေသည့် ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြိီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၂ ဦး ပြင်းထန်ဒဏ်ရာရ…

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြိီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် ပြင်းထန်ဒဏ်ရာရတယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က ရွှေကျင်မြို့နယ် တပ်ရင်းပြန်လည်တည်ဆောက်နေတဲ့ စစ်ကော်မရှင်ရဲ့ ခမရ ၅၉၈ တပ်ရင်းကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားပြီး KNLA ဆီ အလင်းဝင်သွားတဲ့ စစ်သား ၂ ဦးကို ပြန်ရှာရန် လာသည့် အကြမ်းဖက်စစ်တပ် ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို ပြန်ရှာဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်းဝ ကျေးရွာနေ ဒေသခံ အမျိုးသားကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။