မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သန်းနုတောရွာကို စစ်အုပ်စုက စက်တပ်လေထီး နဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိသလို နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ We Love Myaing က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၅ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ပခုက္ကူတပ်မ ၁၀၁ ကနေ တက်လာတဲ့ စက်တပ်လေထီး ၂ စီးဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ သန်းနုတောရွာထဲကို ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၄ ယောက်ထိမှန်သွားပြီး အဲဒီထဲက အမျိုးသမီး ၂ ယောက်က စိုးရိမ်ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် နေအိမ် ၂ လုံး ၊ စပါးကျီ ၁လုံးနဲ့ နွား ၂ ကောင် ထိမှန်သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

အဆိုပါ စက်တပ်လေထီးဟာ သန်းနုတောရွာ စာသင်ကျောင်းကို အဓိကထား ပစ်ခတ်ခဲ့ပေမယ့် စာသင်ကျောင်းကိုမထိဘဲ စာသင်ကျောင်းနားတစ်ဝိုက်မှာရှိတဲ့ နေအိမ်တွေပေါ်သာ ကျရောက်သွားတဲ့အတွက် ဒေသခံပြည်သူတွေ ထိမှန်ဒဏ်ရာရရှိသွားတာပဲ ဖြစ်ပါတယ်။

“စာသင်ကျောင်းကို အဓိကလာကြဲတာ ကျောင်းပေါ်မကျဘူး။ ကျောင်းနားကအိမ်တွေကျတာ။ အဲဒါကြောင့် အဲ့အိမ်ကလူတွေ၊ တိရစ္ဆာန်တွေ၊ နွားတွေပဲထိတယ်၊ တစ်ခုခုတော့ သတင်းပေါက်ကြားလို့ဖြစ်မှာပေါ့။ သတင်းပေးတဲ့သူကလည်း တိတိကျကျ မဟုတ်ဘဲနဲ့ သတင်းတစ်ခုခုရလို့ ပေးတယ်လို့ပဲ ယူဆတယ်” လို့ We Love Myaing တာဝန်ရှိသူတစ်ယောက်က မောင်းကိုပြောပါတယ်။

အခုလို စစ်ကောင်စီတပ်သားတွေ စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်တာဟာ မြိုင်နယ်က ကျေးရွာတစ်ရွာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ သင်တန်းရှိတဲ့အတွက် လာရောက်ပစ်ခတ်တာဖြစ်နိုင်တယ်လို့ မြိုင်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

“ဘာထိတွေ့မှုမှတော့ မရှိဘူး။ ကျနော်တို့ ဒီဘက်မှာ တော်လှန်ရေးပတ်သက်တဲ့ သင်တန်းတစ်ခုရှိတယ်လို့ သတင်းကြားတာပဲ၊ အဲဒါကိုလာပစ်တာနေမှာ ရွာအနေနဲ့ဆို သန်းနုတောရွာက အခုလို စက်တပ်လေထီးနဲ့ လာပစ်တာ အခုမှ တစ်ကြိမ်ပဲရှိသေးတယ်၊ သေဆုံးတော့မရှိဘူး၊ ထိခိုက်ပဲရှိပါတယ်” လို့ မြိုင်နယ်ခံတစ်ယောက်က ပြောပါတယ်။

လက်ရှိမှာတော့ သန်းနုတောရွာ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်တာမျိုးမရှိဘဲ ကျေးရွာတွေထဲမှာသာ နေထိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကလည်း မြိုင်မြို့နယ် တောင်ပိုင်း အိုရင်းရွာကို မိတ္ထီလာလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီး လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက် ထိမှန်ဒဏ်ရာရပြီး နေအိမ် ၃ လုံး ထိမှန်ပျက်စီးသွားပါသေးတယ်။

စက်တပ်လေထီးဖြင့် ပစ်ခံရသည့် သန်းနုတောရွာ မြင်ကွင်း (ဓာတ်ပုံ We Love Myaing)

0 Shares:
You May Also Like
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ မှ တပ်ခွဲမှူး တော်လှန်ရေးရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၃) တပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို PLA ဆေးတပ်ဖွဲ့ ဆေးဝါးကုသမှုပေးပြီး စားနပ်ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်ကနေ စတင်ပြီး ဆေးကုသမှုပေးကာ စားနပ်ရိက္ခာ ထောက်ပံ့တာတွေ ပြုလုပ်နေတယ်လို့ PLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်ကြောင်းများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထောင်နှင့်ချီ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေ အပြိုင်ဝင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်ရှိနေတာကြောင့် မြို့နယ်အရှေ့နဲ့အနောက်ခြမ်းက အရပ်သားတွေ ထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်လာမည်ဟု သတင်းများထွက်ပေါ်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်ဆင်းမယ်လို့ ဆိုကာ တပ်လှန့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမှ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်၏ ဈာပန

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ဖွဲ့၊ အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် စတီဖင်ပေါလ်ရယ်ရဲ့ စျာပနကို မနေ့က ဇွန်လ ၁၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ DMO Local PDF က ထုတ်ပြန်ပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ အစည်းဝေးပြုလုပ်နေတဲ့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့ (ဋ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ သန်ခေါင်စာရင်းကောက်ဖို့အစည်းဝေးပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံအဖွဲ့ကို YUPA မြို့ပြ ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံးပစ်ခတ်ပြီး သတိပေးခဲ့တယ်လို့ မြို့ပြ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီက သိရပါတယ်။