တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မြန်မာ့လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ဆန္ဒပြချီတက်ပွဲကို ဇွန်လ ၁၅ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီက ဦးစီးပြုလုပ်တဲ့ ဆန္ဒပြချီတက်ပွဲကို အဖွဲ့အစည်းအသီးသီးက လူအင်အား ၃၀၀ ခန့် လာရောက်ခဲ့ပြီး ဆိုးလ်မြို့လယ်ရှိ ဘိုရှင်းဂတ်ပန်းခြံကနေ မြောင်ဒုံဘူတာအထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ကာ တော်လှန်ရေးသတင်းစကားနဲ့ ဒေါ်အောင်ဆန်းစုကြည် ၈၀ ပြည့်နှစ် မွေးနေ့အတွက် ဆုတောင်းစကား ပြောကြားခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်တဲ့ နိုင်ငံသားများသို့ မေတ္တာရပ်ခံစာကို NLD-OC ကိုရီးယားဌာနခွဲက ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြချီတက်ပွဲတလျှောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းရဲ့ မွေးနေ့ ဆုတောင်းစကား အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်သံမှတ်တမ်းတွေနဲ့ ဂုဏ်ပြုတေးသီချင်းတွေကို ကိုရီးယား-အင်္ဂလိပ်-မြန်မာ ၃ ဘာသာနဲ့ ထုတ်လွှင့်ပြသခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲပါဝင်သူတွေဟာ လူထုခေါင်းဆောင်မွေးနေ့ ပြည်တွင်းလှုံ့ဆော်မှုကို အားပေးတဲ့အနေနဲ့ အပြာရောင်ဝတ်ဆင်ပြီး နှင်းဆီပန်းတွေလည်း ကိုင်ဆောင်ထားခဲ့သလို မြန်မာ့နွေဦးတော်လှန်ရေး ကိုရီးယားဘာသာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူထုခေါင်းဆောင်ရဲ့ အသက် ၈၀ ပြည့်နှစ်မွေးနေ့ အထိမ်းအမှတ် လူထု ဆန္ဒပြ ချီတက်ပွဲမှာ “ခွန်အားဖြည့်မိငယ်”၊ “ကြယ်” သီချင်းတွေကို ဂုဏ်ပြုသီဆိုခဲ့ပြီး “သွေးသစ္စာ”သီချင်း သံပြိုင်သီဆိုခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Phay Sist Naing)

0 Shares:
You May Also Like
Read More

“နင့်ကို ငါတို့ မကြိုဆိုဘူး … လူသတ်ကောင် မင်းအောင်လှိုင်” ဆိုင်းဘုတ်ကိုင်စွဲကာ ထိုင်းတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ထိုင်းနိုင်ငံကို (BIMSTEC) အစည်းအဝေး တက်ဖို့ ရောက်ရှိနေတဲ့ မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဦးဆောင်ပြီး ဘန်ကောက်မြို့ Bangkok Art and Culture Centre ရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီတွင် မြန်မာနိုင်ငံသားကို ထိုင်းအမျိုးသားမှ ထိုးကြိတ်ခဲ့မှု နစ်နာကြေး ရရှိအောင် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

လူမှုကွန်ရက်မှာ လတ်တလော ပျံ့နှံ့နေတဲ့ ထိုင်းနိုင်ငံ၊ ပထုန်ဌာနီရှိ ပထုံဆေးရုံအနီး မြန်မာနိုင်ငံသားကို ထိုင်းအမျိုးသားက ထိုးကြိတ်ခဲ့မှုအတွက် ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဘေးနဲ့ ရင်ဆိုင်နေရချိန် ပြည်သူကိုအကြမ်းဖက်တိုက်ခိုကိနေလို့ ပြတ်သားစွာ အရေးယူပေးဖို့ ကုလကို တောင်းဆို

သဘာဝဘေးနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ပြတ်သားစွာအရေးယူပေးဖို့ ကုလရဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်တောင်းဆိုလိုက်ပါတယ်။
Read More

ထရမ့်ကြားဝင်မှုအပြီး အပစ်ရပ်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယား ကနဦးသဘောတူခဲ့ပေမယ့် နှစ်ဖက် ဆက်လက် တိုက်ခိုက်နေ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ခဲ့ပြီးနောက် နှစ်ဖက်နိုင်ငံတွေက အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် ဇူလိုင်လ ၂၇ ရက်၊ ပဋိပက္ခ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Read More

ပေါက်ကိုယ်တော်နှင့် နှုတ်ခမ်းမွှေး တွေ့ဆုံမှု ထိုင်းရောက် တော်လှန်ပြည်သူများ သတိထားစရာဖြစ်လာ

ပေါက်ကိုယ်တော်လို့ လူသိကြတဲ့ စစ်တပ်လက်အောက်ခံ သင်္ကန်းဝတ် ပျူခေါင်းဆောင်ဟာ ထိုင်းနိုင်ငံကို သွား‌ရောက်ပြီး ထိုင်းမျိုးချစ် နှုတ်ခမ်းမွှေးလို့ ခေါ်ကြတဲ့ ဆုန်ချိုင်နီ (ယမ်) ဟုမ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သူ့ရဲ့ တစ်တော့မှာ အသိပေးဖော်ပြထားပါတယ်။
Read More

NUG အပါအ၀င် AA နဲ့ KIA တို့ပါ၀င်တဲ့ တော်လှန်ရေးအင်အားစုတွေကို ဒေလီ ဆွေးနွေးပွဲအတွက် တရား၀င် ဖိတ်ကြား

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပမယ့် ICWA ပွဲကိုတက်ရောက်ဖို့ မြန်မာနိုင်ငံက တော်လှန်ရေးအင်အားစု တွေကိုအိန္ဒိယက တရား၀င်ဖိတ်ကြားလိုက်ပါတယ်။ ဒါဟာ အနောက်နိုင်ငံများက အရေးယူပိတ်ဆို့နေတဲ့ စစ်ကောင်စီကို ဖယ်ရှားကာအိန္ဒိယအစိုးက တော်လှန်ရေးအင်အားစုတွေကို ထူးခြားတဲ့ ဖိတ်ခေါ်ချက်တစ်ရပ်ပဲဖြစ်ပါတယ်။