စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းကို စစ်ကူပို့ခံရတဲ့ စစ်ကောင်စီတပ်သားသစ်တစ်ယောက် လက်နက်နဲ့တကွ တော်လှန်ရေးတပ်ဖွဲ့ထံ ဇွန်လ ၇ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းဆီက သိရပါတယ်။

အဆိုပါ တပ်သားသစ် ကိုထက်လင်းအောင် (ခ) ကိုကျော်ကိုဟာ မုံရွာမြို့ နမခကနေ အင်မထီးပျူရွာကိုရဟတ်ယာဉ်နဲ့ ပို့ဆောင်ခံရပြီး အဲဒီကနေတဆင့် ကန့်ဒေါင့်စခန်းသို့ စစ်ကူပို့ဆောင်ခံရတာပဲ ဖြစ်ပါတယ်။ အဲဒီနောက် သူဟာ ကန့်ဒေါင့်စခန်းကိုသွားစဉ် လမ်းတစ်ဝက်မှာ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းကနေ ထွက်ပြေးလာတာပါ။ ထွက်ပြေးဖို့ နောက်မှာ တမင်နေခဲ့တယ်လို့ ပြောပါတယ်၊ထွက်ပြေးပြီး ရဲဘော်တစ်ယောက်နဲ့တွေ့ပြီး အလင်း၀င်တာပါ။ ကျနော်တို့ဆီ မနက်ခင်းလောက် ရောက်ပါတယ်” လို့ ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ် ။

သူနဲ့ အတူ MA.1 တလက် ၊ ကျည် ၄၅တောင့် ၊ ဗုံးသီး ၁လုံး၊ ၁၄ မိုင်း၁လုံးယူဆောင်ခဲ့တဲ့အတွက် ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းက ဂုဏ်ပြုငွေချီးမြှင့်သွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ် ။

“သူနယ်ကို မပြန်တော့ဘူး။ ပြန်အဖမ်းခံရမှာကြောင့်ပါတဲ့ ဒီမှာပဲ နေချင်တယ်ပြောပါတယ်။ ဆုချီးမြှင့်ဖို့ အစီအစဥ်တော့ရှိပါတယ်။ မပေးရသေးပါဘူး” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

ကိုထက်လင်းအောင် (ခ) ကိုကျော်ကိုဟာ ဧရာ၀တီတိုင်း ပန်းတနော်မြို့နယ်ကဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလပိုင်းလောက်မှာ အမှတ် ( ၅ ) ခြေမြန်တပ်သားသစ်အဖြစ် ခေါ်ဆောင်ခံရကာ ရေနီမြို့ နဲ့ တောင်ငူမြို့တို့မှာ စစ်သင်တန်း (၅) လတက်ခဲ့ရပြီး စစ်မြေပြင်မှာ ၂လ တာ၀န်ထမ်းဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ ဇွန်လ ၉ ရက်နေ့ကလည်း ကန့်ဒေါင့်စခန်းကို စစ်ကူပို့တဲ့စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ဒုတပ်ကြပ်တစ်ယောက် လမ်းမှားပြီး ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်းထံ ရောက်ရှိသွားတဲ့အတွက် လက်နက်နဲ့တကွ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

လေးကေ့ကော်ဒေသတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ထံမှ ခဲယမ်းများစွာ သိမ်းဆည်းရရှိ၊ “ပစ္စည်းကမှာထားတာကြာပြီ၊ အခုမှလာပို့တာ၊ လက်ခံရရှိကြောင်း ငါ လက်မှတ်ထိုးပေးလိုက်မယ်နော်၊ တပ်မ (၂၂) တပ်မမှူးကို”

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီးက တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ထံကနေ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းကို ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

အနောက်မန်ကျည်းကန် ပျူရွာကို တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်၊ စခန်းဘန်ကာ ၃ လုံးအထိ ရရှိပြီးမှ အကြမ်းဖက်စစ်ကူများကြောင့် ပြန်ဆုတ်ခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကအနောက်မန်ကျည်းကန် ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စခန်းရလုဆဲဆဲအချိန် အကြမ်းဖက်စစ်ကူအင်အားတွေ တက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း အညာ​မြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
Read More

အစိုးရတွေ အကျိုးအမြတ်ရပြီး ဒေသခံပြည်သူတွေ နစ်နာစေမယ့် သံလွင်မြစ်ပေါ် ဟတ်ကြီးရေကာတာကို ကရင်ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နဲ့ ဖားအံခရိုင် နယ်ခြား သံလွင်မြစ်နဲ့ သောင်ရင်းမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံမှာ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်း ထိန်းသိမ်းရေးနဲ့ ရေကာတာဆန့်ကျင်ရေးနေ့ အခမ်းအနားနဲ့အတူ သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဒေသခံပြည်သူတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်ရာဒေသတွေက အမျိုးသမီးတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ကွင်းဆင်း အသိပညာပေး

TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တစ်လတာအတွင်း ကျေးရွာပေါင်း ၃၀ကျော်မှာ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းအသိပညာပေးမှုတွေပြုလုပ်ခဲ့ကြောင်း TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ကာဘိုးပျူစောထီးစခန်းကို တပ်ပြန်ခေါက်သည့်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်သားနှင့် ပျူ ၁၁ ဦး သေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်ဖို့ ပြန်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၁ ယောက် ပွဲချင်းပြီးသေဆုံးကာ ဆုတ်ခွာသွားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။