စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။

မနေ့က ဇွန်လ ၁၄ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်အချိန်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၃လုံး ပစ်ခတ်တိုက်ခိုက်ရာ ၃လုံးစလုံးကို နမခအတွင်းသို့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ထိခိုက်မှုကတော့ စုံစမ်းနေဆဲပါ။ ကျနော်တို့ဘက်ကပစ်ပြီးပြီးချင်း သူတို့ဘက်က တန်ပြန်ညပစ်ခတ်မှုတွေ ဆက်တိုက်ပြန်ပစ်ပါတယ်။ ဒါပေမယ့်ရဲဘော်တွေအားလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ BWM အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တွေက လက်ရုံးတပ်ဖွဲ့တွေကို အဓိက အမိန့်ပေးကွပ်ကဲနေတဲ့ စစ်ဌာနချုပ်ဖြစ်သလို အဲဒီဒေသတွေမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေကို နည်းမျိုးစုံနဲ့ နှိမ်နင်းနေတဲ့ ဌာနချုပ်ဖြစ်တယ်လို့ သိရပါတယ်။

အခုနောက်ပိုင်းမှာလည်း စက်တပ်လေထီးတွေ drone တွေကို နမခ ထဲမှာ အထိုင်ထားပြီး နည်းမျိုးစုံနဲ့ တော်လှန်ရေးအင်အားစုတွေကိုသာမက ပြည်သူလူထုကိုပါ သတ်ဖြတ်နေတာကြောင့် အခုလို စစ်ဆင်ရေးကို ဖော်ဆောင်ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Shadow (မုံရွာ) အဖွဲ့၊ ရွှေတြိဂံမဟာမိတ်တပ်ရင်းနဲ့ Justice Brothers Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးက မြို့နယ် ၇ ခုမှာ ၂ပတ်အတွင်း စစ်မှုထမ်းဥပဒေနဲ့ လူငယ် ၁၂၅ ယောက်ထက်မနည်း ဖမ်းဆီးခံရ

မန္တလေးတိုင်းက မြို့နယ် ၇ ခုမှာ ဒီဇင်ဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ၂ ပတ်တာကာလအတွင်း မြေပြင်သတင်းရင်းမြစ်တွေကို အခြေပြုချက်အရ စစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီးခံထားရသူ လူငယ် ၁၂၅ ယောက်အထိ ရှိတယ်လို့ မန္တလေးသပိတ် အင်အားစုက ထုတ်ပြန်ထားပါတယ်။
Read More

နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးလူထု ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်ထဲ မဝင်လျှင် ထောင်ချခံရမည်ဟု ခြိမ်းခြောက်ခံရတာကြောင့် စစ်မှုထမ်းဆင်း စစ်သားဖြစ်လာသူ လက်နက်မဲ့ အလင်းဝင်လာ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အပတ်စဉ် ၆ စစ်မှုထမ်းဆင်း စစ်သား လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
Read More

၈ လနီးပါးအကြာမှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ အများအပြား သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်က အင်းတော်မြို့သိမ်းတိုက်ပွဲဟာ စစ်ဆင်ရေးစတင်ပြီး ၈ လအကြာမှာတော့ တစ်မြို့လုံးကို တော်လှန်ရေးတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်ရုံးတပ်မှာပါ၀င်ဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ရွေးချယ်နေပြီး တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံဖို့ပြော

စစ်ကောင်စီတပ်ရဲ့ လက်ရုံးတပ်မှာ တာ၀န်ထမ်းဆောင်ဖို့ ဗိုလ်လောင်းရွေးချယ်မှုကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ရွေးချယ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့ က စစ်တက္ကသိုလ်ဗိုလ်လောင်း(D.S.A)အမှတ်စဉ်(၆၇) စစ်လက်ရုံးရွေးချယ်ပွဲနဲ့ နည်းပညာတက္ကသိုလ်ဗိုလ်လောင်းသင်တန်း(D.S.T.A) အမှတ်စဉ်(၂၇) စစ်လက်ရုံးရွေးချယ်ပွဲတို့ကို မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ရွေးချယ်ခဲ့တာပါ။
Read More

၈၆ သိန်းကျော်အထိ အကျမရှိဘဲ တက်နေဆဲ မြန်မာ့ရွှေဈေးကွက်

မြန်မာ့ရွှေဈေးကွက်မှာ အခေါက်ရွေ တစ်ကျပ်သားကို ၈၆ သိန်းကျော်အထိ ကျဈေးမရှိဘဲ ဆက်လက်မြင့်တက်နေတယ်လို့ ရွှေကုန်သည်တွေဆီက သိရပါတယ်။