မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာရွာက ပျူစောထီး ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသားစုကိုခေါ်ပြီး အလင်းဝင်ခဲ့တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။

အောင်သာရွာထဲက ပျူစောထီးတချို့ဟာ ကမ္မဘက်ကို ရိက္ခာယာဉ်တန်းရောက်ရှိနေချိန် ရှေ့ပြေးလိုက်ရတာကြောင့် ရွာထဲမှာ ပျူစောထီးအင်အားနည်းနေချိန် အဆိုပါ တပ်ဖွဲ့ဝင် ၂ ယောက်ဟာ လက်နက်နဲ့ ကျည်တွေ ယူဆောင်လာပြီး မိသားစုတွေကိုခေါ်ကာ ဇွန်လ ၁၂ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“စုစုပေါင်း ၁၂ ယောက်ဗျ၊ သူ့ရွာသား ၂ ယောက်က အရပ်သား၊ သူတို့က အင်အားနည်းနေချိန်ကို အခွင့်ကောင်းယူပြီး ထွက်လာတာလို့ပြောပါတယ်။ ကမ္မဘက်ခြမ်းမှာ ရိက္ခာယာဉ်တန်းတွေရောက်နေတော့ ပျူတွေ၊ ပသစတွေ တော်တော်များများက အဲ့ဘက်ကိုရောက်နေတာ။ ရွာထဲမှာ ပျူအင်အားအတော်နည်းနေတာဗျ။ သူကလည်း အဲဒါကို အပိုင်အသုံးချသွားတာဗျ” လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုရှိန်းက မောင်းသတင်းဌာနကို ပြောပါတယ်။

သူတို့နဲ့ အတူ G3 တစ်လက် ၊ ကျည်ဘောက် ၈ ဘောက် ၊ ကျည် ၃၅၆ တောင့် ၊ အီကွေ့မန့် ၁ စုံ ၊ အီနာဂါဗုံးသီး ၁ လုံးတို့ကိုလည်း ယူဆောင်လာခဲ့တဲ့အတွက် ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ် ။

အလင်းဝင်ရောက်ဖို့အတွက် မိသားစုဝင်တွေနဲ့ တိုင်ပင်ထားသလို ဧရာဒေါင်းတပ်ဖွဲ့ နဲ့လည်းချိတ်ဆက်ထားပေမယ့် လက်နက်ခဲယမ်းမရရှိသေးတဲ့အတွက် အချိန်တစ်ခုစောင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မလုပ်ချင်တော့သလို ရွာထဲက ပျူစောထီးတွေရဲ့ နှိပ်စက်မှုတွေကို မခံနိုင်တော့တဲ့အတွက် အလင်းဝင်ရောက်ရခြင်းဖြစ်တယ်လို့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရှိန်းက ဆက်ပြောပါတယ်။

“သူတို့ မိသားစုတွေက အရင်ကတည်းကအလင်းဝင်ဖို့ တိုင်ပင်ပြီးသားဗျ၊ သူတို့ ပျူစောထီးစခန်းမှာလည်း ကြီးနိုင်ငယ်ညှင်းတွေ လုပ်လွန်းတာကြောင့်ရယ် အပြစ်မရှိတဲ့ ပြည်သူလူထုကို သေနတ်ပြောင်းမလှည့်ချင်တာရယ်ကြောင့်အလင်းဝင်ခဲ့တာ” လို့ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါအလင်းဝင်လာသူ ၂ ယောက်ဟာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်သားတွေကို ပြန်လည်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း အောင်သာရွာက ပျူစောထီးတစ်ယောက် ဧရာဒေါင်းတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

တပ်မှ ထွက်ပြေးကာ ရွာထဲ သေနတ်ဖောက် ခြိမ်းခြောက် အရက်တောင်းသောက်သည့် ဒုတပ်ကြပ် ၂ ဦးကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက် အမတ ၃၆၈ တပ်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ် ဒုတပ်ကြပ် ၂ ယောက်ကို ဒေသခံ ကာကွယ်ရေးတပ်တွေက ဖမ်းမိထားတယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီး တိုက်နယ်ဆေးရုံကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၍ ဆရာဝန်တစ်ဦးအပါ သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံကို စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်လို့ ဆရာဝန်တစ်ယောက်အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းတပ်မြို့ကို စစ်ကောင်စီတပ် ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းဘူး (စကု) မြို့နယ်အတွင်း ပြည်သူများကို သတ်ဖြတ်နေသည့် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၄ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူး (စကု)မြို့နယ်၊ စကုမြို့အနောက်ပိုင်း ခံကုန်းရွာကနေ ရွှေစက်တော်ဘုရားဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ယောက် သေပြီး တပ်ကြပ်ကြီးအပါအဝင် အများအပြား ဒဏ်ရာရသွားကြောင်း သိရပါတယ်။
Read More

အင်းတော်တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် မြို့နယ် ပကဖ ဖမ်းဆီးခံရသည့် ဒေသခံ စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို့ ဆို

စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ်ရှိ ရွာသာယာကျေးရွာက ပကဖ တပ်ဖွဲ့ဟာ ဒေသခံတစ်ယောက် ဆိုင်ကယ်ခိုးမှု သံသယရှိသူအဖြစ် ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို ဒေသခံတွေဆီက သိရပါတယ်။
Read More

ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) မှ ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်၏ ရက်လည် ဆွမ်းကပ်တရားနာပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် (၁၉) က ကျဆုံးရဲဘော် YZ (ခ) နေတိုးအောင်ကို ရည်စူးပြီး ရက်လည် ဆွမ်းကပ်တရားနာပွဲ ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။