စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်း ပျူစောထီးကျေးရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းက ဇွန်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဆည်ပင်ကျွန်းကျေးရွာ ဇွန်လ ၉ ရက် မနက် ၅ နာရီခွဲ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၄၅ မိနစ်ခန့်အကြာမှာ ပျူစောထီးအထိုင်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ပျူစောထီးတပ်သား ၁ ယောက် သေဆုံးသွားပြီး ၁၈ ယောက်ကို အရှင်ဖမ်းဆီးရခဲ့သလို လက်နက်ခဲယမ်းမျိုးစုံကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
” ဖမ်းဆီးရမိတဲ့ ပျူစောထီးတွေကို ထိပ်တုံးခတ် ချုပ်နှောင် ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်၊ သူတို့ကို ဥပဒေအရ ဆက်လက် အရေးယူသွားမှာပါ ” လို့ ‌ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ နေမျိုး(ပဲခူး)က မောင်းသတင်းဌာနကို ပြောပါတယ်။

ပုံစာ – အရှင်ဖမ်းဆီးရမိထားတဲ့ ဆည်ပင်ကျွန်းရွာရှိ ပျုစောထီးများ…

သေဆုံးသွားတဲ့ ပျူစောထီးဟာ ဆည်ပင်ကျွန်းရွာရဲ့ ပျုခေါင်းဆောင် ဟန်ဇာလင်းဖြစ်ပြီး ပျုစောထီးတပ်ဖွဲ့ဆီကနေ G3 နှစ်လက်၊ ကာဘိုင် ၆ လက်၊ ၁၂ ဗို့ ၂ လက်နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပျူစောထီးတွေဟာ တစ်ရွာတည်းနေ အမျိုးသမီးငယ်တွေကို အလိုမတူပဲမုဒိန်းကျင့်တာ၊ လူသတ်တာနဲ့ အခြားကျေးရွာက ပြည်သူတွေကိုလည်း ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး အဲ့ဒီညပိုင်းမှာတော့ စစ်အုပ်စုက Y 12 လေယာဉ်နဲ့ ဗုံးသီး ၁၉ လုံးကြဲချတိုက်ခိုက်ခဲ့ပေမယ့်လည်း တော်လှန်ရေးတပ်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ ၊ ၁၈ ၊ ၁၅ ၊ ၂၆ ၊ ၉၇၀၆ ၊ ၁၇၀၁ စတဲ့ တပ်ရင်းတွေနဲ့ နယ်မြေ ( ပကဖ )အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံထင်ပြီး ပေါ်တာဆွဲသည့် စစ်ကောင်စီ အရာခံဗိုလ်နှင့် တပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ (၆) ကနေ အုတ်ဖိုတာဆုံဘက်ကိုသွားရင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံထင်ပြီး ပေါ်တာဆွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ် ။
Read More

အလုပ်သမားရှားပါးမှုပြဿနာ ရှိလာတာကြောင့် ဘ၀လုံခြုံမှုရှိသည့် ပြည်တွင်းမှာ အလုပ်လုပ်ကြရန် မင်းအောင်လှိုင် ပြော

မြန်မာနိုင်ငံအတွင်း အလုပ်သမားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်သူတွေအနေနဲ့ ဘ၀လုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း ကျားဖျန့်လုပ်ငန်းမှာ စေခိုင်းဖို့ လူကုန်ကူးခံရသူတွေဟာ ထိုင်းနိုင်ငံကနေ ဝင်ရောက်လာတာလို့ စစ်ကောင်စီပြောခွင့်ရ ပြော…

မြန်မာနိုင်ငံမှာ အကြီးစားလူကုန်ကူးမှုနဲ့အတူ နိုင်ငံတကာရဲ့ အာရုံစိုက်မှု ခံလာရတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ ခိုင်းစေဖို့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံကတစ်ဆင့် ခေါ်ဆောင်နေတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး သတင်းစာတွေကတစ်ဆင့် ပြောပါတယ်။
Read More

ကမ္မမြို့ကို စစ်တပ်က အလုံးအရင်းနဲ့ စစ်ကြောင်းဝင်နေလို့ ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့မှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စလင်းရဲစခန်းမှ ကင်းပတ်ထွက်လာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ဦး ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့မ ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း ထံက သိရပါတယ်။ ဒီဇင်ဘာ ၆ ရက် မနေ့ နေ့လယ် ၂နာရီခွဲကျော်လောက်မှာ စလင်းရဲစခန်းက အင်အား ၂၀ ဝန်းကျင်ရှိ စစ်အုပ်စုဟာ စလင်းမြို့အထွက် စိမ်းစိုဂိတ် ကင်းစခန်းကို ဆိုင်ကယ် ၄စီး၊ ကား ၁စီးနဲ့ ကင်းပတ်ထွက်လာချိန် စိမ်းစိုဂိတ်နဲ့ စလင်းမြို့မရဲစခန်းကြား၊ မီးရထားလမ်းပိုင်းအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

AA ရဲ့ ထိုးစစ်တွေကြောင့် ဂွမြို့နယ်ထဲက စစ်ကောင်စီ အမြောက်တပ် နောက်ဆုတ်ထွက်ပြေး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ဇီးကုန်းရွာထဲမှာ အထိုင်ချပြီး အနီးတဝိုက် ကျေးရွာတွေကို ပစ်ခတ်နေတဲ့ စစ်ကောင်စီ အမြောက်တပ်က အကြမ်းဖက်စစ်သားတွေဟာ ရခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် နောက်ဆုတ်ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။