ပဲခူးတိုင်း ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာဆောက်နေတဲ့ စစ်ကောင် စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပကဖ မှ သတင်းထုတ် ပြန်ထားပါတယ်။

ရွှေကျင်မြို့နယ် ကွင်းဆိပ်နဲ့ ဝင်းကံရွာကြားရှိ ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာ ဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားပြီး ၂ ယောက် ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNLA နှင့်ပူးပေါင်းအဖွဲ့ ပဲခူးခရိုင် ပကဖ၊ကဝ ပကဖ၊ UDF တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ခမရ ၅၉၈ တပ်ရင်းကို မေလ ၈ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့ပါ တယ်။

Video-ပဲခူးခရိုင် ပကဖ

0 Shares:
You May Also Like
Read More

ဘင်္ဂလားဒေ့ရှ်မှာ လှုပ်ခတ်ခဲ့တဲ့ ၅.၅ မဂ္ဂနီကျုဒ်အဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၃၀၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

နိုဝင်ဘာ ၂၁ ရက် မနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၅.၅ မဂ္ဂနီကျုဒ်အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AP News သတင်းဌာနက ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ (Dhaka) နဲ့ သိပ်မဝေးဘူးတဲ့၂၅ ကီလိုမီတာ (၁၅ မိုင်ဝန်းကျင်) လောက်ပဲ ဝေးတဲ့နေရာမှာ ဗဟိုပြုပြီး လှုပ်သွားတာကြောင့် အဆောက်အအုံတချို့ ယိမ်းယိုင်၊ ပြိုကျ တာတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မိုင်းငေါ့မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းမှ ပေါင် ၂၅၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးက ပြန်လာတဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းရဲဘော်တွေကို အောင်သပြေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ချင်းပြည်နယ်မှာ မင်းတပ်မြို့သိမ်းစစ်ဆင်ရေး ဆင်နွှဲပြီး ပြန်လာတဲ့ မုံရွာခရိုင်အမှတ် ၃ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းနဲ့ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ ဒီနေ့ နေ့လည်ပိုင်းမှာ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် မှတ်တမ်းရုပ်သံ လောင်းလုံးပကဖ ထုတ်ပြန် (ရုပ်/သံ) 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း ဇွန်လတစ်လတာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို လောင်းလုံးပကဖ က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ချင်းညီနောင်အဖွဲ့ဝင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၄) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

ချင်းပြည်နယ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက စီစဉ်ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အမှတ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖီဖော်မြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ် အထူးဒေသ ၁ မြန်မာ-တရုတ်နယ်စပ် ဖီမော်မြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂ ရက် မနေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။