ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်ရှိ အမည်မသိအမျိုးသား ၃ ယောက်ကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) တပ်ဖွဲ့က ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို တောင်ယာကုန်းရေလှောင်ကန်နဲ့ တောင်ယာကုန်းအောက်ရှိ အောင်သာယာနဲ့ သာယာကုန်းမရောက်ခင်ကြားမှာ ဇွန်လ ၁၃ ရက် မနေ့က ညနေပိုင်းမှာ တွေ့ရှိရပြီး အပိုင်းပိုင်းလှီးဖြတ်ကာ သတ်သွားတယ်လို့ ဆိုပါတယ်။

“အသတ်ခံရတဲ့အမျိုးသားတွေ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးပါဘူး။ အကျီအဖြူ နဲ့ ရေလှောင်ကန်ထဲမှာပစ်ထည့်ထားတာ တောင်ယာကုန်းမှာ ၊ ကျန်တဲ့ ၂ လောင်းက ဒီအပိုင်းပိုင်းခုတ်ထစ်သွားတဲ့ဟာရယ် ၊ မျက်လုံးဖောက်ထုတ်သွားတဲ့ဟာရယ်က တောင်ယာကုန်းရဲ့အောက် ၊ အောင်သာယာ နဲ့ သာယာကုန်းမရောက်ခင် ကြားလေးမှာ သတ်သွားတာ” လို့ ဖားကန့်ဒေသခံ တစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီတပ် ၊ SNA နဲ့ ပြည်သူ့စစ်တွေဟာ မေလ ၁၂ က မှော်စီစာ တောင်ပေါ်ကျောင်းမှာ အချို့အထိုင်ချထားပြီး ကျန်တဲ့တချို့ကတော့ အောင်သာယာ-သာယာကုန်း-‌တောင်ယာကုန်း-အမှိုက်ပုံကနေ ဖားကန့်မှော်ဝမ်းကို ဖြတ်ဝင်ဖို့ ကြိုးစားခဲ့ရာ KIA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် ‌ရှေ့မတိုးနိုင်ဘဲ တောင်ယာကုန်းမှာ ညအိပ်စခန်းချခဲ့ရတယ်လို့ သိရပါတယ်။

အဲ့နေ့ညနေမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံတပ်တွေဟာ တောင်ယာကုန်းမှာ စစ်ရှောင်ဖို့အချိန်မမှီလိုက်တဲ့ ပြည်သူတွေနဲ့ လမ်းသွားလမ်းလာတွေအပြင် တခြားမသင်္ကာသူတွေပါ အကုန်လုံးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာတော့ ဖမ်းဆီးထားတဲ့အထဲက အချို့ကို ပြန်လွှတ်ပေးခဲ့ပြီး အမှိုက်ပုံဘက်ကတစ်ဆင့် ဖားကန့် မှော်ဝမ်း စာသင်ကျောင်း-မနောကုန်း-ကျောက်လှိုင်ဂူ ဘုန်းကြီးကျောင်းထဲမှာ အထိုင်ချခဲ့တယ်လို့ သိရပါတယ်။

” ဒီနေရာမှာ ပြောစရာရှိတာက ဖားကန့်ကို မိန်းလမ်းမကြီးကနေသွားလို့ရပေမယ့် မှော်စီစာကနေ ဖားကန့်ကိုဝင်ဖို့ အမှိုက်ပုံလမ်းလည်း ရှိပါတယ်၊ ကုမ္ပဏီလုပ်ကွက်တွေ ရွာတွေကနေ ဖြတ်သွားရတာပါ။ စကစ စစ်ကြောင်း ညအိပ် ထွက်သွားတဲ့ တောင်ယာကုန်းမှာ အစောနက အမျိုးသားသုံးဦးကို တွေ့ရတာ ဖြစ်ပါတယ်” လို့ ဖားကန့်ဒေသခံက ဆက်ပြောပါတယ်။

ဇွန်လ ၁၃ ရက် မနေ့က ညပိုင်းမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေဟာ မှော်ဝမ်းကျောက်လှိုင်ဂူထဲကို ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး စစ်ကောင်စီရဲ့ ဖားကန့်ဗျူဟာကုန်းကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဖားကန့်နယ်ခံတွေကတော့ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရင် ခေတ္တ ရှောင်တိမ်းပြီး စစ်ကြောင်းထွက်ခွာသွားရင်တော့ ရွာတွေထဲ ပြန်လည်ဝင်ရောက်နေထိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလည်း အိမ်ခြေယာမဲ့အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဖားကန့်မြို့နယ်ရှိ၊ မှော်စီစာလမ်းဆုံထောင့်မှာ အမည်မသိအဖွဲ့တစ်ခုက လာရောက်စွန့်ပစ်သွားပါသေးတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က တပ်သား ၁ ယောက် လက်နက်နဲ့အတူ ထားဝယ်ခရိုင်တပ်ရင်း(၂) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သား တစ်ယောက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) က ထုတ်ပြန်ထားပါတယ်။
Read More

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း (၄) နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

96 Soldiers-PDF တပ်ဖွဲ့တည်ထောင်ခြင်း(၄)နှစ်ပြည့် နဲ့ စစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ရာ ဒေသမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ 96 Soldiers-PDF - အညာတပ်ခွဲက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သရက်တွင် စစ်ကားများ တိုက်ခိုက်ခံရပြီးနောက် အနီးနား ကျေးရွာများကို စစ်အုပ်စု ရမ်းသမ်းပစ်ခတ်နေ

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်ဖောကားတွေ ပြောက်ကျားတိုက်ခိုက်ခံရပြီးနောက် အထိနာနေတဲ့ စစ်အုပ်စုက လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေရာ ကျေးရွာ ၄ရွာက အရပ်သား ၂ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ United States Of Burma Army-USBA တာဝန်ရှိသူ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

US ရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ် နေအိမ်ရှေ့တွင် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနဲ့ တရုတ်သံအမတ်ကြီးနေအိမ်ရှေ့မှာ အ​မေရိကန်ရောက် မြန်မာပြည်သူတွေက မြန်မာပြည် တစ်ကျော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။
Read More

မိုးညိုမှာ စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီးနေ၊ လူငယ် ၃၀ နီးပါး ဖမ်းခံထားရ

ပဲခူးတိုင်း၊ မိုးညိုမြို့မှာ စစ်ကောင်စီက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး လူငယ် ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။