ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ် နဲ့ ဝင်းကံရွာကြားရှိ အမှတ် ၅၉၈ တပ်ရင်းနားမှာ ဘန်ကာတွေတည်ဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခဲ့ရတဲ့အတွက် စစ်သား ၂ဦး သေဆုံးသွားတယ်လို့ Bago District People’s Defense Organization – ပဲခူးခရိုင် ပကဖ ဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဘန်ကာဆောက်လုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန်လ ၁၀ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကာ၊ ၄င်းတို့ကို စစ်တောင်းမြစ် အနောက်ဖက်ကမ်းရွာတွေဘက်ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ပစ်ပြီးချိန်မှာ လက်နက်ငယ်တွေနဲ့ ရုတ်တစ်ရက် ပြန်ပစ်တဲ့အတွက် … သူတို့ထိခိုက်မှုရှိပါတယ်။ ကျန်တာကတော့ လုံခြုံရေးအခြေအနေမို့ ပြောလို့မရသေးပါဘူး”လို့ Bago District People’s Defense Organization – ပဲခူးခရိုင် သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို KNLA နဲ့ ပူးပေါင်းအဖွဲ့ ပဲခူးခရိုင် ပကဖ၊ ဒိုက်ဦးပကဖ၊ ကဝ ပကဖ၊ UDF တပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကလည်း ၅၉၈ တပ်ရင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ပုလောမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်တော်စောင့်ကို ပစ်ခတ်ရှင်းလင်းရာ ရိုင်ဖယ်သေနတ်အပြင် ကစားစရာ သေနတ်နှင့် ကစားစရာ လက်ပစ်ဗုံး သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သက်တော်စောင့်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းရာ ထိုသူတွေထံက သေနတ်အစစ်တွေ အပါအဝင် ကလေးကစားစရာ သေနတ်နဲ့ လက်ပစ်ဗုံးတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း ပကဖ က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့မှုတွေ ပြုလုပ်

ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေ ပကဖ၊ ပအဖနဲ့အဖွဲ့တွေက ရေဘေးဒဏ်သင့် ဒေသခံပြည်သူတွေကို ရိက္ခာနဲ့ ငွေကြေးတွေ ထောက်ပံ့ခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

ဝက်လက်နယ် အရှေ့တောင်ခြမ်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲ၍ လသားအရွယ် ကလေးတစ်ဦးအပါ လေး​ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်အရှေ့တောင်ခြမ်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ လသားအရွယ်ကလေးတစ်‌ ယောက်အပါအဝင် လေးယောက် သေဆုံးသွားတယ်လို့ ဝက်လက်နယ်ခံ ကိုဖေဖော်ဝါရီဝမ်းက ပြောပါတယ်။
Read More

ရေနံချောင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ၁၀ ယော​က်သေ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ပြီး အရပ်သားပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေ လုယက်သယ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ဆင်ရေး အရှိန်မြှင့်ရန် ပဲခူးတိုင်းစစ်ဌာနထံ လက်နက်တပ်ဆင်ပေးအပ်

စစ်ဆင်ရေးတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အတွက် ပဲခူးတိုင်းစစ်ဌာနထံ လက်နက်တပ်ဆင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အမှတ် - ၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပဲခူးတိုင်းစစ်ဌာနထံ လက်နက်လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုးပြီး အကြမ်းဖက်စစ်တပ် ကျူးလွန်နေဟု ဆို

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ပါက ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုးမြှင့် ကျူးလွန်ခဲ့တယ်လို့ Myanmar Defense & Security Institute - MDSI က ထုတ်ပြန်ပါတယ်။