အီရန်စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များနဲ့ နျူကလီးယား သိပ္ပံပညာရှင်များ သေဆုံးခဲ့သည့် ယမန်နေ့ အစ္စရေး၏ တိုက်ခိုက်ခဲ့မှုအပြီး ဒီနေ့မနက်အစောပိုင်းမှာ အီရန်က အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် အီရန်နဲ့အစ္စရေးအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ မြင့်တက်လာခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။

အစ္စရေးရှိအကြီးဆုံးမြို့နှစ်မြို့ဖြစ်တဲ့ မြို့တော် တဲလ်အဗစ်နဲ့ ဂျေရုစလင်တို့ကို အီရန်က အသံထက်မြန်တဲ့ ဒုံးကျည်တွေ ဒါဇင်နဲ့ချီ အသုံးပြုတိုက်ခိုက်ခဲ့ပြီး အစ္စရေးစစ်တပ်က အများစုကို ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒုံးကျည်ကျရောက်ပေါက်ကွဲရာနေရာတွေ ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက်ကူညီတာတွေ လုပ်ဆောင်နေပြီး အယောက် ၄၀ ခန့် ထိခိုက်ဒဏ်ရာရကာ နှစ်​ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးကလည်း အီရန်ကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အီရန်မြို့တော် တီဟီရန်မှာ ပေါက်ကွဲသံအများအပြားကြားရတယ်လို့ သတင်းများကဆိုပါတယ်။ အီရန်ခေါင်းဆောင်ပိုင်းတွေ နေထိုင်ရာနေရာနဲ့ နီးတဲ့ မက်ရာဘက်လေဆိပ်ကိုလည်း ဒုံးကျည် နှစ်စင်းထိမှန်ခဲ့ပြီး အဆိုပါလေဆိပ်မှာ တိုက်လေယာဉ်တွေနဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ ထားရှိရာ လေတပ်အခြေစိုက်စခန်းရှိတယ်လို့ သိရပါတယ်။

မနေ့မနက်အစောပိုင်းက အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် အီရန်စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်အချို့နဲ့ နျူကလီးယားသိပ္ပံပညာရှင်အချို့ သေဆုံးခဲ့ပြီးနောက် အီရန်က လက်တုံ့ပြန်တဲ့အနေနဲ့ အခုလိုပြန်လည် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်စစ်တပ်ကလည်း အစ္စရေးဘက် ဦးတည်လာတဲ့ အီရန်ဒုံးကျည်တွေကို ကူပစ်ချပေးခဲ့သလို ပဲ့ထိန်းဒုံးကျည်တွေကို ခုခံကာကွယ်နိုင်တဲ့ အမေရိကန် ဖျက်သင်္ဘော USS Thomas Hudner ကို မြေထဲ ပင်လယ်အနောက်ဘက်ကနေ အရှေ့ဘက်ကို စေလွှတ်ခဲ့ကာ အာရေဗျပင်လယ်အတွင်းမှာ အမေရိကန်ရဲ့ လေယာဥ်တင်သင်္ဘော USS Carl Vinson ရှိနေတယ်လို့လည်းသိရပါတယ်။
0 Shares:
You May Also Like
Read More

အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်းထုတ်ထားသည့် မင်းအောင်လှိုင် ရုရှားသွားမည်

အာဂျင်တီးနား တရာရုံးကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားရောက်မယ်လို့  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

လူ့အခွင့်အရေးကာကွယ်မှု တရားဝင်ယန္တရားအသစ်တစ်ရပ် ဖော်ဆောင်ဖို့ အာဆီယံ ပြင်ဆင်နေ

အရှေ့တောင်အာရှဒေသအတွင်း လူ့အခွင့်အရေးကာကွယ်မှုဆိုင်ရာ ချဉ်းကပ်ပုံတွေကို ပြန်လည်ပြင်ဆင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအစိုးရများကြား ကော်မရှင် (AICHR) အနေနဲ့ စတင်ဆောင်ရွက်နေကြောင်း Malaysiakini သတင်းက ဇူလိုင်လ ၁၈ ရက်မှာ ဖော်ပြပါတယ်။
Read More

ဆယ်စုနှစ်များစွာ စစ်ရာဇဝတ်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ စစ်ကောင်စီကို အမြန်ဆုံး အရေးယူပေးဖို့ ကုလစင်မြင့်မှာ တောင်းဆို

စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို  ဥပဒေရှေ့မှောက်မှာ တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ဖို့ အရေကြီးအဆိုကို သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလစင်မြင့်မှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

နီပေါဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှုအတွင်း လူ ၁၉ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရ၊ အစိုးရဆန့်ကျင် ဆန္ဒပြမှု ပိုမိုကျယ်ပြန့်လာ

နီပေါမှာ လူမှုကွန်ရက်ပိတ်ပင်မှုကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်ပြိုခွဲမှုတွေကြောင့် လူ ၁၉ ယောက် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
Read More

တရုတ်သမ္မတ ရှီ နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ အကြမ်းဖက် မင်းအောင်လှိုင်၏ ရာဇဝတ်မိတ်ဖက်များ ဖြစ်သည်ဟု JFM ထုတ်ပြန်

မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒြာမိုဒီတို့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အားပေးကူညီမှုတွေ တိုးမြှင့်ပေးအပ်နေပြီး သူတို့ဟာ အကြမ်းဖက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရာဇဝတ်မိတ်ဖက်တွေဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ထားပါတယ်။
Read More

နယ်စပ်တိုက်ပွဲများကြောင့် ပြည်သူထိခိုက်နစ်နာမှုမျိုး မရှိစေအောင် အထူးသတိထားရန် ထိုင်းနှင့် စစ်ကော်မရှင် သဘောတူ

ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်နစ်နာတာမျိုး မဖြစ်အောင် အထူးသတိထား ဆောင်ရွက်ဖို့ အကြမ်းဖက်စစ်ကော်မမရှင်နဲ့ သဘောတူညီမှုရခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တချို့နဲ့ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး Mr.Sihasak Phuangketkeow တို့ မနေ့က ဒီဇင်ဘာ ၇ ရက် နေပြည်တော်မှာ တွေ့ဆုံချိန် အခုလို သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။