အမေရိကန်ရောက် မြန်မာဒုက္ခသည်တွေအပါအဝင် ရွှေ့ပြောင်းနေထိုင်တွေဆီကနေ ငွေကြေးလိမ်လည်မှုနဲ့ မြန်မာဆယ်လီလုပ်ငန်းရှင် လီဗီဆပ်နိုင်ထန်းကို အမေရိကန်ခရိုင်တရားသူကြီးက အမေရိကန်ဒေါ်လာ ၃.၂ သန်းကျော် ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ မြန်မာလုပ်ငန်းရှင် လီဗီဆပ်နိုင်ထန်းဟာ ၂၀၁၈ ခုနှစ်က သူမ ဝယ်ယူခဲ့တဲ့ ရေနံတူးဖော်ဖို့ မြေငှားရမ်းခွင့်စာချုပ်တွေကို အကျိုးအမြတ်မက်လုံးပေးပြီး မတန်တဆစျေးတွေနဲ့ ရောင်းချကာ ဒေါ်လာ သိန်းချီလိမ်လည်ခဲ့တာဖြစ်တယ်လို့ တရားရုံးက ဆိုပါတယ်။

ဓာတ်ပုံ – Levi Sap Nei Thang

လီဗီဆပ်နိုင်ထန်းအနေနဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူ ၁၀ ယောက်ကျော်ကို စီးပွားရေး နစ်နာကြေး ကန်ဒေါ်လာ ၄၅၇,၀၀၀၊ လိမ်လည်မှုပြစ်ဒဏ်အတွက် ဒေါ်လာ ၁.၄ သန်းနဲ့ တရားစွဲဆိုမှုဆိုင်ရာစားရိတ်နဲ့ နစ်နာကြေးအတွက် ဒေါ်လာ ၁.၄ သန်း ပေးဆောင်ဖို့ အမေရိကန်တရားသူကြီးက အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

လီဗီဆပ်နိုင်ထန်းသည် အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ်ကတည်းက ရွှေ့ပြောင်းအခြေချရောက်ရှိနေသူဖြစ်ပြီး အမေရိကန်မြန်မာအသိုင်းအဝိုင်းမှာ ကျော်ကြားကာ ဖက်ရှင်၊ စာအုပ်ထုတ်ဝေရေး၊ ရေမွှေးလုပ်ငန်းတွေနဲ့ အသက်မွေးသူဖြစ်တယ်လို့ သူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ဒီအမှုကို တရားသူကြီး Hernán Vera က ငါးရက်ကြာကြားနာပြီး အမိန့်ချမှတ်ခဲ့တာဖြစ်သလို လီဗီဆပ်နိုင်ထန်း ရဲ့ရှေ့နေတွေကတော့ အမှုနဲ့ပတ်သက်ပြီး တရားရုံးဆုံးဖြတ်ချက်ကို ခုခံချေပ သွားမှာဖြစ်ပြီး လီဗီဆပ်နိုင်ထန်း ကိုယ်တိုင်ကလည်း ဝေဖန်သူတွေကိုလည်း အခုနှစ် ဧပြီလ ၅ ရက်မှာ ပြန်လည် တုံ့ပြန်ထားပါတယ်။

“ကျမကို လိမ်တယ်ဆိုပြီး၊ ကျမနာမည်ရေးတင်ကြတာ၊ တွေ့တဲ့သူတွေက ၊ ကျမကိုရှာတွေ့လို့ ၊ followers တောင် တိုးလာတယ်၊ တိုက်ခိုက်လေလေ အောင်မြင်လေလေဘဲလို့ ပြောထားတယ်လေ မေ့သွားတာလား။ ဆက်တိုက်ခိုက်ပါ ကျမ ကောင်းချီး မင်္ဂလာ ခံစားရတယ် ။ ထရမ့်ကိုဘဲကြည့် တရားစွဲခံရတယ် လုပ်ကြံခံရတယ် ကောင်းချီး မင်္ဂလာ ခံစားရလေလေပဲ” လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ထရမ့်ထောက်ခံသူလို့ ကြွေးကြော်ထားတဲ့ လီဗီဆပ်နိုင်ထန်းက အမိန့်ချမှတ်တဲ့ တရားသူကြီးဟာ သမ္မတဘိုင်ဒန် ခန့်ထားခဲ့သူဖြစ်ပြီး အမိန့်မှာ ကယ်လီဖိုးနီးယားဥပဒေနဲ့ မညီဘဲ တရားရုံးက သက်သေအထောက်အထားတွေကို အွန်လိုင်းပေါ်တင်မယ်လို့လည်း လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

ဘင်္ဂလားဒေ့ရှ်မှာ ARSA ခေါင်းဆောင်အပါ ၁၁ ဦးကို အာဏာပိုင်များ ဖမ်းဆီးရမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အာရကန် ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ် (ARSA) ခေါင်းဆောင် အာတာအူလ္လာဟ်အပါအဝင် ၁၁ ယောက်ကို ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က မတ်လ ၁၇ ရက်မှာ ဖမ်းမိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။ 
Read More

ဖူးခက်မြေပြိုမှုအတွင်း ရုပ်အလောင်း ၁၂ ခုထက်မနည်း ပြန်လည်တွေ့ရှိ၊ အများစုမှာ မြန်မာနိုင်ငံသားများဖြစ်

ရက်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဖူးခက် (Phuket) ခရိုင်အတွင်း ရွာကိုးရွာမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၂၄ ရက်နေ့အထိ ရုပ်အလောင်း ၁၂ ခုထက်မနည်း ရှာဖွေတွေ့ရှိထားတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီဟာ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေဟု ကုလ အထူးကိုယ်စားလှယ် ဆို

မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ပြည်သူတွေ ခိုလှုံရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စခန်းတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဇွန်လ ၂၅ ရက်မှာ ပြောပါတယ်။
Read More

ငွေလိမ်ဂိုဏ်းပြဿနာများအတွက် တရုတ်သမ္မတနှင့် ထိုင်းဝန်ကြးချုပ် တွေ့ဆုံ

ထိုင်းနိုင်ငံရဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တလျှောက် ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းပြဿနာတွေအတွက် ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်ထရာက ဖေဖော်ဝါရီလ ၆ ရက်မှာ တရုတ်သမ္မတရှီကျင့်ပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Read More

တရုတ်ငြိုငြင်မှာစိုးလို့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်ကောင်စီ ပြည်ဝင်ခွင့် မပြု

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် အာဏာသိမ်း စစ်ကောင်စီက ငလျင်အတွက် လာရောက်မယ့် ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပြုတာ ဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

ရှမ်းမြောက်နဲ့ ဆက်စပ်ဒေသတွေက တရုတ်စီမံကိန်း ၁၃ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ အပြည့်အဝထိန်းချုပ်ထား..

ရှမ်းပြည်နယ် မြောက်ပိုင်းအပါအဝင် ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာရှိတဲ့ တရုတ်စီမံကိန်း ၁၃ ခုကို တိုင်းရင်းသား လက်နက်ကိုင် (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDFs) တွေက အပြည့်အဝထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။