အစ္စရေးရဲ့ Rising Lion စစ်ဆင်ရေးနာမည်နဲ့ လုပ်‌ဆောင်ပြီးနောက်မှာ အီရန်က လက်တုံ့ပြန်မှု အဖြစ် ပဲ့ထိန်းဒုံးနဲ့ ဒရုန်းတွေသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းက အစ္စရေးက အီရန်နိုင်ငံရဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ပြီးနောက်မှာ ယခုလို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အစ္စရေးမြို့တော် Tel Aviv ရဲ့ ကောင်းကင်ထက်မှာ အီရန်ရဲ့ ဒုံးပျံတွေကို ကြားဖြတ်ပစ်ချဖို့ Iron Dome တွေအများအပြား ပစ်ခတ်နေတာကို ဗီဒီယိုဖိုင်အတွင်း တွေ့မြင်ရပြီး မဟန့်တားနိုင်တော့နဲ့ ဒုံးပျံတွေဟာ မြို့တော်အတွင်း ကျရောက်ပေါက်ကွဲနေတာကိုလည်း တွေ့မြင်ရပါတယ်။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို လက်နက်ချဖို့ စည်းရုံးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူ ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၂၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ချဖို့ သွားရောက်စည်းရုံးစဉ် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၄ တပ်ရင်းထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ ရိက္ခာအတွက် စိုက်ပျိုးထားတဲ့ ပဲခင်းတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီပျူစခန်းက စစ်ကောင်စီတပ်သားတွေ ရိက္ခာအတွက် စိုက်ပျိုးထားတဲ့ ပဲခင်းတွေကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ် ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို (ရုပ်/သံ)

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်နိုင်ငံက ဖိတ်ခေါ်မှုအပေါ် ပြန်လည်သုံးသပ်ပယ်ဖျက်ပေးသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

ယင်းမာပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ကင်းပုန်းကို တိုက်ခိုက်မှု ၂ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း အောက်တိုဘာ ၁၄ ရက်က အကြမ်းဖက်စစ်တပ် ကင်းပုန်းကို တိုက်ခိုက်မှုအတွင်း စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Chindwin Toe Na Yar PDF အဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်မှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ကော်မတီဝင်တွေက ပြည်သူ့အာဏာ (People's Power) အမှတ်အသားပါ စာရွက်တွေ ကြဲချပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို မနေ့က အောက်တိုဘာ ၃၁ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ တပခ ဝန်းထဲ ထိရောက်ပေါက်ကွဲခဲ့တယ်လို့  Brave Warriors For Myanmar (BWM) က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။