စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ကနေ ပြောင်းရွှေ့‌လာတဲ့အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ဆီးကြိုရိုက်နှက်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် နိုင်ငံရေးအကျဥ်းသားအယောက် ၅၀ ထက်မနည်းထိခိုက်ဒဏ်ရာ​ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။

အခုလိုမျိုး အကြမ်းဖက်ရိုက်နှက်ခံရသူတွေထဲမှာ ထောင်ဒဏ် ၇၄ နှစ်ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ကော်မတီခေါင်းဆောင် ကိုဝေမိုးနိုင်လည်း ပါဝင်ခဲ့ပြီး လက်ရှိမှာ အကျဥ်းထောင်ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် မနက်အစောပိုင်းကစလို့ မုံရွာအကျဥ်းထောင်မှာ အကျဥ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အခြားရာဇဝတ်အကျဉ်းသား ၂၀၀နီးပါးကို ကုန်တင်ကား ၆ စီးနဲ့ တင်ဆောင်ရင်း မန္တလေးအိုးဘိုအကျဥ်းထောင်ဆီ ပြောင်းရွှေ့ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

PPNM ကတော့ ထောင်အာဏာပိုင်တွေဟာ ကုန်တင်ကား(၅)စီးပေါ်မှာ ခန့်မှန်း အမျိုးသား ၁၅၀ ကို တင်ဆောင်ရင်း ကျန် ၁ စီး​ပေါ်မှာတော့ အမျိုးသမီးအယောက် ၅၀ နီးပါးကို ခေါ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

အိုးဘိုထောင်ဗူးဝဆီ ရောက်ရှိလာချိန်မှာတော့ ပြောင်းရွှေ့လာတဲ့ အကျဥ်းသားတွေကို အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြောင်းပြချက်မရှိဘဲ ရာဘာတုတ်၊ သစ်သားတုတ်တွေနဲ့ ဝိုင်းဝန်းဆီးကြိုရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ ထက်မနည်းဟာ ဦးခေါင်း၊ လက်နဲ့ နောက်ကျောတွေမှာ ထိရှနဲ့ ပေါက်ပြဲ ဒဏ်ရာတွေကိုယ်စီ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အခုလိုရိုက်နှက်ခံရတဲ့ဖြစ်​စဥ်ဟာ အကျဥ်းသားတွေရဲ့အသက်ရှင်သန်ပိုင်ခွင့်တွေအပေါ် ခြိမ်းခြောက်ခံရတာလို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“မနေ့က ၁၁ နာရီနဲ့ ၁၂ကြားမှာ အိုးဘိုထောင်ကို ကားတွေနဲ့ရောက်တယ်ပေါ့။ ရောက်တာနဲ့ဘာအကြောင်းပြချက်ကိုမှမပေးပဲ ရိုက်တာပါ။ တစ်ချို့ကလည်း ရိုက်လို့ကောင်းအောင်အကြောင်းပြချက်ပေးတယ်။ ထောင်ပြောင်းတဲ့လမ်းခရီးမှာ လုံခြုံရေးထိခိုက်အောင်သတင်းတွေထွက်စေလို့ဆိုတဲ့အကြောင်းပြချက်တွေပေးပြီးရိုက်တာပေါ့။ တစ်ချို့ကိုလည်း​ထောင်ပြောင်းတဲ့အခါ ဦးချိုးတာပေါ့။ ဦးဆောင်သူလို့ ယူဆရတဲ့သူတွေ ငြိမ်သွားအောင်ဆိုပြီး လုပ်တဲ့သဘောပါ။” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ အိုးဘိုအကျဉ်းထောင်ကနေ မြင်းခြံနဲ့ မ‌ကွေးအကျဉ်းထောင်တွေဆီ အကျဥ်းသားပြောင်းရွှေ့ဖို့တွေ ဆက်လက်လုပ်ဆောင်ဖို့ရှိနေသေးတဲ့အတွက် အရပ်သားတွေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဝိုင်းဝန်းအသံထုတ်ပြီး လိုအပ်တဲ့ဆောင်ရွက်မှုတွေ ပြုလုပ်ပေးကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က တိုက်တွန်းထားပါတယ်။

ပုံစာ – မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ မန္တ​လေးအိုးဘိုထောင်ရှေ့မြင်ကွင်း (ပုံဟောင်း)
0 Shares:
You May Also Like
Read More

NUG ဆက်သွယ်ရေး၀န်ကြီးဌာနနဲ့ Federal Wings လမ်းခွဲ

Federal Wings နဲ့ NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ခမရ ၅၉၀ ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို PDF ရင်း၂ ရင်းနှင့် KNLA ဝင်ရောက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားနှင့် စစ်သားအလောင်း ၄ လောင်း ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၀ တပ်ရင်း ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီအလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) - P23702 ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မတ္တရာတွင် စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်အုပ်စု မုဒိန်းကျင့်စွန့်ပစ်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မုဒိန်းကျင့်စွန့်ပစ်ထားခဲ့ကြောင်း Voice Of Mandalay တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျုရွာ ကင်းစခန်းကို အလစ်ဝင်တိုက်၊ ပျူခေါင်းဆောင်အပါ ၂ ဦး သေပြီး ၆ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အုန်းတောပျူရွာ ကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်…

စစ်အာဏာသိမ်းမှု (၄) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်တပ်လက်အောက်ခံ Army Rum အရက်စက်ရုံကို ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အနောက်ပိုင်းခရိုင် (ရန်ကုန်တိုင်း) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမှာ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းဆင်း စစ်သားကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း…

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းဆင်း စစ်သားသစ် ၁ ယောက်ကို ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်ပါတယ်။