ပဲခူးတိုင်း တောင်ငူမြို့နယ် ထုံးဘိုကြီးကျေးရွမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၃ ရက်နဲ့ ယနေ့ ဇွန်လ ၁၄ ရက်မှာ တောင်ငူ-လိပ်သိုလမ်းကြောတစ်လျောက် အင်အားဖြည့် တင်းနေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ ၃၅၀၂ တပ်ရင်း၊ တပ်ခွဲ ၁၊တပ်ခွဲ ၂၊ KNU တပ်မဟာ (၂)လက်အောက်ခံ ကမ်းနီကြား ဒေသကာကွယ်ရေးတပ်ဖွဲ့တို့က ပါဝင်တိုက်ခိုက်နေပြီး မြေပြင်အခြေအနေအရ စစ်ကောင်စီတပ် သားတွေရဲ့ ထိခိုက်မှုကို မသိရသေးဘူးလို့ သိရပါတယ်။

တောင်ငူ-လိပ်သိုလမ်းတစ်လျှောက် စစ်ကောင်စီတပ်ဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ ပြင်းထန်နေတဲ့အတွက် တောင်ငူ-လိပ်သို လမ်းအသုံးပြုမှုအား စောင့်ဆိုင်းထားကြဖို့ အသိပေးတိုက်တွန်းထားပါတယ်။

Video-တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂
0 Shares:
You May Also Like
Read More

ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦးသေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစခန်းကို တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချကာ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF က သတင်း ထုတ်ပြန်ထားပါတယ်။
Read More

လှည်းတန်းစျေးအနီးမှာ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်မြို့ရဲ့ လူစည်းကားရာနေရာဖြစ်တဲ့ လှည်းတန်းစျေးအနီးမှာ အကြမ်းဖက်စစ်တပ်က ပြုလုပ် မယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး Bluetooth ဖြင့် ချိတ်ဆက်ထားတဲ့ Speaker Box အသုံးပြုပြီး ဆန္ဒပြခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါလှုပ်ရှားမှုကို ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း၊ CDM စီစဉ်တင်ဆက်သူ ကိုကျော်သက်လင်းတိုရဲ့ ပြောစကားတွေကို Speaker ဖြင့် ဖွင့်ပြီး ဆန္ဒပြ ခဲ့ပါတယ်။
Read More

Yawland Operation စစ်ဆင်ရေးအတွင်း ဂန့်ဂေါခရိုင် တပ်ရင်း ၃ မှ တပ်စိတ်မှူး ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ စစ်အုပ်စုတပ်စွဲထားတဲ့ ပျူစောထီးရွာတွေနဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ Yawland Operation စစ်ဆင်ရေးအတွင်း ဂန့်ဂေါခရိုင် တပ်ရင်း ၃ က တပ်စိတ်မှူး  မိုးထက်အောင် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းတော်တိုက်ပွဲမှ ထွက်ပြေးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၅၀ ကျော် ဖမ်းမိထား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးနေကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ချမ်းမြသာစည်မြို့နယ်တွင်း လမ်းမတွေအပေါ် လောင်းကစားဝိုင်းများ ပေါ်ပေါ်တင်တင်လုပ်ကိုင်နေ(ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ဥပဒေကင်းမဲ့လာတဲ့ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်အတွင်းမှာ တရားမဝင်လောင်ကစားဝိုင်းတွေ ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြတယ်လို့ ဒေသခံပြည်သူများက ဝေဖန်လျက်ရှိပါတယ်။