မန္တလေးအိုးဘိုထောင်အတွင်းမှာ အကျဉ်းချခံနေရတဲ့ CDM ဆရာမကြီး ဒေါ်မြင့်မြင့်သန်းဟာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

CDM အလယ်တန်းပြ ဆရာမကြီးဒေါ်မြင့်မြင့်သန်းဟာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ပုဒ်မ(၅၂က) နဲ့ ထောင်ဒဏ်( ၅)နှစ် ချမှတ်ခံထားရသူဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်မြင့်မြင့်သန်းဟာ တီဘီရောဂါအခံရှိသူဖြစ်ပြီး ရောဂါပြင်းထန်လာချိန်မှာ ထောင်အာဏာပိုင်တွေဆီ ဆေးကုသခွင့်တောင်းခံခဲ့ပေမယ့် ဆေးကုသခွင့်မပြုတာကြောင့် ပြီးခဲ့တဲ့ မေလ ၅ ရက်မှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဒီနှစ်အတွင်းမှာ လုံလောက်စွာဆေးဝါးကုသခွင့်မရတာကြောင့် သေဆုံးတာ ၁၁ ဦးရှိနေပါပြီ။ ပုံမှန် ကျန်းမာရေးမကောင်းလို့ သေဆုံးတာမျိုးဆိုရင်တော့ ထောင်အာဏာပိုင်တွေက မိသားစုဝင်တွေကို ဆက်သွယ်ပါတယ်” လို့ PPNM မဗ ကိုသိုက်ထွန်းဦးက မောင်းသတင်းဌာနကို ပြောပါတယ်။

ကျောင်းအုပ်ဆရာမကြီးဟာ တီဘီရောဂါအခံကြောင့် ဆေးအပြင်းတွေကို သွင်းနေရပြီး ဆေးပြင်းတွေကြောင့် သွေးကြောပေါက်ချိန်မှာ အချိန်မီ ဆေးဝါးကုသစောင့်ရှောက်မှု မရရှိခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ မြန်မာနိုင်ငံက အခြားအကျဉ်းထောင်တွေမှာလည်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် နိုင်ကျဉ်းအပါအဝင် အကျဉ်းကျခံနေရသူတွေဟာ ရောဂါဖြစ်ပွားတာတွေ၊ ဆေးကုသခွင့် ဆုံးရှုံးပြီး ရောဂါအခံ ပိုမိုဆိုးရွားလာတာတွေအပြင် သေဆုံးသင့်တဲ့ အခြေအနေမဟုတ်ဘဲ အသက်ပေးရတဲ့အထိ ဖြစ်နေတယ်လို့ PPNM က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

မ​ကွေးတိုင်းရှိ ပကဖ ရဲဘော်တွေကို NUG ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူ​တွေ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲ​ရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ မ​ကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံတို့က မ​ကွေးတိုင်းအတွင်းရှိပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို သွားရောက် ​တွေ့ဆုံ အား​ပေးစကား​ပြောကြားခဲ့တယ်လို့ ပကဖအသံက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူ-ရေစကြိုလမ်းပိုင်းအတွင်း စစ်တပ်ခြေလျင်တပ်ရင်းဆီ ပို့ဆောင်မည့် ရိက္ခာသယ်ကား ၁စီးကို ဖမ်းဆီးရမိ

"ဒီနေ့ ၉နာရီလောက်မှာ ရေစကြို- ပခုက္ကူလမ်းပိုင်းပေါ် ကျနော်တို့ ရှောင်တခင် တက်စစ်တယ်ပေါ့။ အဲ့မှာ ဒီကားကိုတွေ့တယ်။ စစ်ကြည့်တော့ စာရွက်စာတမ်းတွေနဲ့ ခလရ-၂၅၆ ကိုပို့မယ့် ရိက္ခာကားဖြစ်နေလို့ သိမ်းဆည်းခဲ့ပါတယ်။ ယာဥ်မောင်းက အရပ်သားပါ။ စစ်ကောင်စီက လက်နက်ပြခြိမ်းခြောက်ပြီး ချောဆွဲတာလား၊ နဂိုအလိုတူအလိုပါလားဆိုတာကိုတော့ ဆက်ပြီးစုံစမ်းရပါဦးမယ်။ ဒါကြောင့်မို့ ထိန်းသိမ်းထားပါသေးတယ်။ သတင်းဆက်ထုတ်ပြန်ပါမယ်။" လို့ ရေစကြိုမြို့နယ်- ပကဖ သတင်းတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

မြိုင်မှာ မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန် စစ်တပ် ဗုံးကြဲလို့ လူ ၂၀ ကျော် သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာပွဲကျင်းပနေတဲ့ ဆုံကုန်းကျေးရွာဘုန်းကြီးကျောင်းအပါအဝင် ပတ်ဝန်းကျင်အနှံ့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ လူအယောက်၂၀ ထက်မနည်းထိခိုက်​သေဆုံးခဲ့ကြောင်း မြိုင်ပကဖ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသုတက မောင်းကို ပြောပါတယ်။
Read More

TNLA စိုးမိုးနယ်မြေများတွင် ဧပြီ တစ်လတာအတွင်း စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ်သား (၁)ဦး သေဆုံးပြီး ကလေးငယ်အပါ (၄)ဦး ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ မြို့နယ်တွေမှာ ဧပြီလတစ်လအတွင်း မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။