မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ပြုလုပ်တဲ့ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ(၁၁)ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက တာဝန်ရှိသူတွေ၊ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က တပ်မှူးတွေ၊ မဟာမိတ်တပ်မှူးတွေနဲ့ တိုက်နယ်/ ကျေးရွာတွေ ကိုယ်စားလှယ်တွေ တက်ရောက် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းကာလအတွင်း လိုအပ်တာတွေ ကူညီပံ့ပိုးပေးတဲ့ ပြည်တွင်းပြည်ပရှိ မရာပြည်သူလူထုနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အပေါ် အထူးကျေးဇူးတင် ရှိကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

လိုင်လင်းပီမြို့ကို ထိန်းချုပ်ထားပြီး မရာလူမျိုးကို ကိုယ်စားပြု ဖွဲ့စည့်းထားတဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က ချင်းညီနောင်အဖွဲ့ဝင်တွေနဲ့အတူ ပလက်ဝ၊ ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ဖလမ်း စတဲ့မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ကို စစ်တပ် ပေါင် ၅၀၀ ဗုံး ကြဲချလို့ ပြည်သူ (၈) ဦး သေဆုံး၊ (၇) ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၈) ယောက် သေဆုံးပြီး (၇) ယောက် ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၄ လကျော်ကြာ ဖြစ်ပွားနေသည့် သိန်းခွန်ကျေးရွာတိုက်ပွဲမှ စစ်သား ၂ ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှ်ိ ၄ လကျော်ကြာ ဖြစ်ပွားနေတဲ့ သိန်ခွန်းကျေးရွာ တိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်ရင်း ၁၁ လက်အောက်ခံ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရသည့် စစ်သား ၄ ဦး ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅၈) တပ်ရင်းက စစ်ကောင်စီတပ်သား ၄ ယောက်ဟာ ခဲယမ်းတွေနဲ့တကွ အလင်းဝင်လာတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော် (၄) နှစ်ပြည့်နှင့် စစ်သင်တန်းဆင်း အခမ်းအနား

ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားနဲ့ အပတ်စဥ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၂ ရက်က ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြစ်ခြေမြို့ အကြမ်းဖက်ရဲစခန်းက ရဲတပ်သား ၁ ယောက် မြစ်ခြေ – ကျွန်းချောင်း ပကဖ ဆီ လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ အကြမ်းဖက်ရဲစခန်းက ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းနဲ့အတူ မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ခဲ့လာခဲ့တယ်လို့ MC – KC DF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။