စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၆ ရက်က ငွေတွင်းပျူစခန်းကနေ အရာတော်မြို့သို့ ရိက္ခာသယ်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက နှစ်ဖက်ညှပ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၁ နာရီဝန်းကျင်ဖြစ်ပွားခဲ့ပြီး စစ်သားနဲ့ ပျူစောထီးအများအပြား သေဆုံးကာ ငွေတွင်းပျူစခန်းအတွင်း ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ငွေတွင်းပျူစောထီးခေါင်း‌ဆောင်ကျော်ဆွေက အရာတော်မြို့သို့ ရိက္ခာထွက် သယ်နိုင်ရန် စစ်ကောင်စီအရာရှိတွေကို လက်နက်ကြီးပစ်ကူပေးဖို့ အကူအညီတောင်းခံထား ကြောင်း သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင် အမှတ် (၂၁) တပ်ရင်း၊ တိုက်နယ် (၉၊၁၀၊၁၁) နဲ့ နယ်ခံမဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – Ngwe Dwin Revolution Force

0 Shares:
You May Also Like
Read More

မန်တုံမြို့‌ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အမျိုးသား ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ အမျိုးသား ၁ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

အင်အားပြင်းငလျင်လှုပ်ခတ်စဉ် မဟာမုနိဘုရားကြီး CCTV မှတ်တမ်း

မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် မဟာမုနိဘုရားကြီးရဲ့ ငလျင်လှုပ်ခတ်မှုအတွင်း မြင်တွေ့ရတဲ့ CCTV မှတ်တမ်းရုပ်သံဟာ ဒီနေ့ ဧပြီ ၇ ရက်မှာ လူမှုကွန်ရက်သုံးစွဲသူတွေကြား ပျံ့နှံ့လာပါတယ်။
Read More

မန္တလေးမှာ စစ်မှုထမ်း မဲနှိုက်ဖို့ အသံချဲ့စက်ဖြင့် ကြေညာနေ (ရုပ်/သံ)

မန္တလေးမြို့မှာ အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်း မဲနှိုက်ရန် အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်နေတယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူခရိုင်အတွင်း ဝါသဝဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ အကြမ်းဖက်စစ်သားပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင် ကန့်ဘလူခရိုင် -တပ်ရင်း ၄ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း ဝါသဝဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ ၃၆၁ အကြမ်းဖက်စစ်သားပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို ကန့်ဘလူ ခရိုင် တပ်ရင်း ၄ ထုတ်ပြန်ထားပါတယ်။
Read More

ရမည်းသင်းတွင် ကားကို ဆိုင်ကယ်ဝင်တိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် အမျိုးသား ၂ ဦး သေဆုံး (ရုပ်သံ)

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ကားကို ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်ရာက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သထုံမြို့ပေါ်ကို တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးရေး လှည့်လည်လုံခြုံရေးယူ (ရုပ်/သံ)

မွန်ပြည်နယ် သထုံမြို့ပေါ်ကို အောက်တိုဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးနိုင်ရေး လှည့်လည်ပြီး လုံခြုံရေးယူခဲ့တယ်လို့ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။