ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်မှာ ဒေသခံ အမျိုးသားတစ်ယောက် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံရဲ့ ပြောကြားချက်ကို ကိုးကားပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်းက မနေ့က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက် မနက်ပိုင်းမှာ နမ့်ခမ်းမြို့နယ်၊ ကောင်ဝိုင်းကျေးရွာက အသက် ၃၈ နှစ် အရွယ်ရှိတဲ့ အမျိုးသား ၁ ယောက် စစ်ကောင်စီရဲ့ လက်ကျန်မိုင်းနင်းမိခဲ့တယ်လို့ သိရပါတယ်။

“စယ်လန့်ရွာဘက်မှာ မီးသွေးသွားဖုတ်တာပေါ့နော်။ သူမီးသွေးတွင်း သွားပိတ်တဲ့အချိန်က မှိုတွေ့လို့ မှိုကောက်တဲ့အချိန်မှာပဲ နင်းမိတာ။ အဲ့ရွာကလူတွေက သူ့မိန်းမကို ပြန်သွားခေါ်ပြီး နမ့်ခမ်းဆေးရုံမှာ ပို့ပေးလိုက်တာ” လို့ ဒေသခံအမျိုးသားတစ်ယောက်က ပြောကြောင်း တအာင်းအမျိုးသမီးအဖွဲ့စည်းက ဖော်ပြထားပါတယ်။

အဆိုပါ မိုင်းကြောင့် ဒေသခံအမျိုးသားရဲ့ ညာဖက်ခြေထောက်ပြတ်တောက်ခဲ့ပြီး ခန္ဓာကိုယ်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ဆေးကုသမှုခံယူနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်ကလည်း မူဆယ်မြို့နယ်၊ တုန်ခံကျေးရွာမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက် နွားထွက်ကျောင်းနေချိန် မြေမြှုပ်မိုင်းကို ဖိမိကာ ပွဲ‌ချင်းပြီး သေဆုံးခဲ့ပါသေးတယ်။

(ဓာတ်ပုံ ဒေသခံ)
0 Shares:
You May Also Like
Read More

ပဲခူးတိုင်းအရှေ့ပိုင်းမှ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့ပေးနေ

မြန်မာနိုင်ငံတစ်ဝှမ်း မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့ရတဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကာ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

PDF စစ်ဆင်ရေးနယ်မြေ (၂) က အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ (၂) မှာ အခြေခံစစ်သင်တန်း အပတ်စဉ်  (၁/၂၀၂၅)  သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီနေ့ ညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇီးဖြူကုန်း ပျူစခန်းကို ၄ ရက် ဆက်တိုက် ဗုံးကြဲမှု စစ်ကောင်စီအရာရှိနဲ့ ပျူခေါင်းဆောင်အပါ ၁၀ ယောက် အပြင်းအထန် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA က ဒရုန်းနဲ့ ၄ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန်လီကျေးရွာတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် (၁) လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။ 
Read More

BGF ခေါင်းဆောင် စောချစ်သူအပါ ၃ ယောက်ကို လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းက ရပ်ဆိုင်း

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။