ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၁၀ ယောက် သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မင်းတပ်မြို့နယ်အတွင်း အခုနှစ် ဇန်နဝါရီလကနေ ဇွန်လ (၁၁) ရက်အထိ လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၄၁ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သားပြည်သူ ၁၀ ယောက် သေဆုံးခဲ့ရပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘာသာရေးနဲ့ အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေ အပါအဝင် ပုဂ္ဂလိက အဆောက်အဦးတွေ စုစုပေါင်း (၁၀၀) ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အတုအယောင် ရွေးကောက်ပွဲ ဖန်တီးခြင်းသည် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ပြော

ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်တာဟာ ဒီမိုကရေစီကျင့်စဥ်ကို ချိုးဖောက်ပြီး ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတာဖြစ်တယ်လို့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် - ၁၃/၂၀၂၅" မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

သူပုန်ဖြူ” ကဗျာစာအုပ်များလက်ဆောင်ပေးသည့် AA ကို ယောတပ်တော် ကျေးဇူးတင်

"သူပုန်ဖြူ" ကဗျာစာအုပ်တွေကို မရောင်းချမီကတည်းက တိုက်ပွဲတွေအတွင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် လက်ဆောင်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ အခုလို လုပ်ဆောင်တာဟာ "သူပုန်ဖြူ Team" က ကြိုတင်စီစဉ်ထားတာဖြစ်ပြီး လက်ဆောင် ပေးရတာဟာလည်း ကဗျာစာအုပ်မှာ ရေးသားထားတဲ့ စာသားတွေနဲ့ စကားလုံးတွေဟာ ရဲဘော်တွေကို စိတ်ဓာတ်ခွန်အား ရရှိအောင် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီ အရေးပေါ်ကြေညာ

အပျက်အစီးများပြီး လူအသေအပျောက်များနိုင်တဲ့ ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီက အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။
Read More

လက်ကျန် စစ်တပ်စခန်း ၃ ခု ကို KIA သိမ်းပိုက်နိုင်ခဲ့လို့ မံစီမှာ စစ်ကောင်စီ ကင်းစင်ပြီ၊ ဗန်းမော်မြို့ကို KIA ဆက်လက်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၈ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

မဟာမိတ်‌တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသော 96 Soldiers တပ်သားတစ်ဦးကျဆုံး

မဟာမိတ်‌တော်လှန်ရေးတပ်ဖွဲ့များနဲ့အတူ တိုက်ပွဲဝင်နေတဲ့ 96 Soldiers- PDF တပ်ဖွဲ့ဝင်တစ်ယောက် စစ်အုပ်စုနဲ့ ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးသွားတယ်လို့ အထက်ပါတပ်ဖွဲ့ဆီက သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ရဲဘော်အောင်အောင်ဟာ မဟာမိတ်တပ်များနဲ့အတူတိုက်ပွဲဝင်နေစဥ်မှာ မြင့်မြတ်စွာကျဆုံးခဲ့တဲ့အတွက် 96 Soldiers – PDF က အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေး လုပ်ဆောင်ပေးနေသည့် ထွေအုပ်ရုံးများခပ်စိပ်စိပ်တိုက်ခိုက်ခံလာရ…

" ရွေးကောက်ပွဲဖြစ်မြောက်ဖို့ လုပ်နေတဲ့ နေရာတွေ အခုလထဲမှာ တိုက်ခိုက်ခံရတာတွေ ပိုဖြစ်လာတာ တွေ့ရပါတယ်။ နောက်ပြီး UG တွေရဲ့ မစ်ရှင်ထုတ်ပြန်ချက်တွေမှာလည်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ကြိုးပမ်းနေသူတွေကို ဆက်တိုက် တိုက်ခိုက်သွားမယ်လို့ ပြောထားကြတယ်” လို့ Rangoon Scout Network တာဝန်ရှိသူကမောင်းကိုပြောပါတယ်။