သာယာဝတီအကျဥ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားဦးကျော်စိုး(ခ) ဦးဇော်နှစ် ကျဆုံးခဲ့မှုနဲ့အတူ အကျဥ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်မှုကြောင့် ၅ လအတွင်း နိုင်ငံရေးအကျဥ်းသား ၁၀ ယောက်အထိ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ခံကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းကာလအစ နိုဝင်ဘာလ ၁၀ ရက်၊ ၂၀၂၁ ခုနှစ်က လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မရဲစခန်းမှာ ပုဒ်မ ၅၀ (ဈ) နဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတဲ့ ဦးကျော်စိုး (ခ) ဦးဇော်နှစ်ဟာ ၂၀၂၅၊ မေလ ၂၃ ရက်နေ့မှာ ကျဆုံးခဲ့တာလို့ သိရတာပါ။

ဦးကျော်စိုး(ခ)ဦးဇော်နှစ်ဟာ သာယာဝတီအကျဉ်းထောင်တွင်းကျခံနေစဥ် နှလုံးရောဂါနဲ့သွေးတိုးရောဂါတွေ ခံစားခဲ့ရပြီး ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလုံလောက်လောက် မရရှိတာကြောင့် အခုလို ဆုံးပါးသွားခဲ့တာလို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

နိုင်ငံ‌ရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းကျခံနေရသူတွေအဖို့ ရောဂါတွေဖြစ်ပွားရာမှာ ဆေးကုသခွင့် မရရှိတာကြောင့် ရောဂါအခံတနေ့တခြား ပိုမိုဆိုးရွားလာကြသလို သေဆုံးသင့်တဲ့ အခြေနေမဟုတ်ပဲ အသက်ပေးရတဲ့အခြေအနေတွေအထိ ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

“ဆေးဝါးကုသခွင့် လုံလုံလောက်လောက် မရတဲ့ပြဿနာက  ထောင်အာဏာပိုင်တွေကို အထက်က ကန့်သတ်ထားတာလည်းရှိသလို အာဏာပိုင်တွေကိုယ်တိုင်က ပြင်ပဆေးရုံတွေကို တင်ခွင့်မပေးတာ၊ ထောင်ဆရာဝန်တွေကိုယ်တိုင်က တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မလုပ်ပေးနိုင်တဲ့အခြေအနေမျိုးတွေကြောင့် အခုလို သေဆုံးမှုတွေဖြစ်နေတာပါ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦးကမောင်းကိုပြောပါတယ်။

ဆေးကုသခွင့် လုံလုံလောက်လောက် မရရှိမှုကြောင့် သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းကျသူစာရင်းထဲ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက်လည်း ပါဝင်ပြီး အိုးဘို၊ သာယာဝတီ၊ ဒိုက်ဦး၊ မြောင်းမြနဲ့ ကသာအကျဥ်းထောင်တွေကဖြစ်ကြောင်း၊ ဒီကျဆုံးစာရင်းဟာ ဇန်နဝါရီလ ၁ ရက်နေ့က စလို့ ဇွန်လ ၁ ရက်နေ့အထိ ကောက်ယူထားတာဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်မှာ သင်္ကန်းဝတ် စစ်တပ်ထောက်လှမ်းရေးကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ သင်္ကန်းဝတ်နဲ့ စစ်ကောင်စီအတွက် ထောက်လှမ်းသတင်းပို့နေသူကို ဖမ်းဆီးရမိခဲ့မယ့် ထွက်ပြေးတာကြောင့် ရှင်းလင်းပစ်ခတ်လိုက်ရတယ်လို့ BTZM GBK PDF ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့မှာ အရပ်ဘက်သုံးကားနဲ့ တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်ရာ ၄ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ Shwe Nyar Myae PDF က ထုတ်ပြန်ထားပါတယ်။
Read More

NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေ ၀င်ရောက်ပူးပေါင်းပေးဖို့ NUG တောင်းဆို

NUG လက်အောက်ကမဟုတ်ဘဲ စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုများ၀င်ရောက်ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့အမျိုသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

96 Soldiers – PDF အညာဒေသက တပ်ခွဲမှူး ရဲဘော် ၁ ယောက် စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့

96 Soldiers - PDF အညာဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ခွဲမှူး ရဲဘော် ဝေဖြိုးအောင်(ခေါ်) တစ်ဆယ်ဟာ မတ်လ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ဆင်ရေးတစ်နေရာမှာ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မော်လမြိုင်၊ ဈေးကြိုပွဲရုံကနေ ကုန်ကား ၂ စီးစာ ကုန်ပစ္စည်းတွေ စစ်ကောင်စီ သိမ်းဆည်းသွား

မွန်ပြည်နယ်၊ မောင်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ရတနာထွန်းပွဲရုံကို စစ်ကောင်စီက ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ကုန်ကား ၂ စီးစာ ပမာဏရှိတဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။